[[Zawgyi/Unicode]]
ျမန္မာျပည္သူေတြကိုဆန႔္က်င္တိုက္ခိုက္ေနတဲ့ ျမန္မာစစ္ေကာင္စီအတြက္ လက္နက္ခဲယမ္းေတြကို ႐ုရွားကျဖည့္တင္းေပးေနတဲ့အေပၚ အေမရိကန္အစိုးရအေနနဲ႔လြန္စြာမွ စိုးရိမ္ပူပန္မိသလို ႐ုရွားနဲ႔ျမန္မာစစ္ေကာင္စီၾကား ပူးေပါင္းေဆာင္႐ြက္မႈေတြကို ကန႔္သတ္ထိန္းခ်ဳပ္ႏိုင္ဖို႔ အေမရိကန္အစိုးရအေနနဲ႔ နည္းလမ္းရွာေဖြေနေၾကာင္း အေမရိကန္ အႀကီးတန္းသံတမန္တေယာက္က ေျပာလိုက္ပါတယ္။
“ ႐ုရွားနဲ႔ျမန္မာႏွစ္ႏိုင္ငံပူးေပါင္းေဆာင္႐ြက္ေနမႈကိုကန႔္သတ္ထိန္းခ်ဳပ္ႏိုင္ေအာင္ ႀကိဳးပမ္းေနပါတယ္။ လြန္ခဲ့တဲ့ႏွစ္ေတြအတြင္း ယူကရိန္းကိုက်ဴးေက်ာ္ခဲ့တဲ့႐ုရွားဟာ မဟာမိတ္ႏိုင္ငံေတြ ေလ်ာ့နည္းသည္ထက္ ေလ်ာ့နည္းလာေနခ်ိန္မွာ ျမန္မာအာဏာသိမ္းစစ္ေကာင္စီဟာ ႐ုရွားအတြက္အားထားရတဲ့ မဟာမိတ္ျဖစ္လာပါတယ္။ ဒီကိစၥကို ပစ္တင္ရႈတ္ခ်သလို ျမန္မာျပည္သူေတြကိုဆန႔္က်င္ဖိႏွိပ္တဲ့လက္ႏွက္ေတြ၊ ခဲယမ္းေတြေထာက္ပံ့ေနတဲ့ေပၚမွာလည္း စိုးရိမ္မိပါတယ္။” လို႔ အေမရိကန္ႏိုင္ငံျခားေရးဝန္ႀကီးဌာန အတိုင္ပင္ခံ Derek Chollet က ဗုဒၶဟူးေန႔မွာျပဳလုပ္ခဲ့တဲ့ ျမန္မာစစ္အာဏာသိမ္း ၂ ႏွစ္ျပည့္သတင္း စာရွင္းလင္းပြဲမွာေျပာၾကားသြားတာပါ။
လြန္ခဲ့တဲ့ ၂ ႏွစ္အတြင္း အထူးျဖင့္ၿပီးခဲ့တဲ့ႏွစ္အတြင္း ျမန္မာစစ္ေကာင္စီနဲ႔႐ုရွားတို႔ပူးေပါင္းေဆာင္႐ြက္မႈ ေတြျမင့္တက္ လာတာကိုေတြ႕ျမင္ခဲ့ရၿပီး ႐ုရွားဟာ ျမန္မာစစ္ေကာင္စီအတြက္အဓိကအားထားရတဲ့ လက္ႏွက္ခဲယမ္းေထာက္ပံ့သူျဖစ္လာတဲ့အတြက္ အေမရိကန္အေနနဲ႔စိုးရိမ္ပူပန္မႈေတြပိုမ်ားလာခဲ့ပါတယ္လို႔လည္း အတိုင္ပင္ခံ Chollet ကေျပာ ဆိုခဲ့ပါတယ္။
အေမရိကန္အစိုးရနဲ႔မဟာမိတ္ေတြဟာ ျမန္မာစစ္ေကာင္စီရဲ႕ဝင္ေငြနဲ႔ လက္နက္ရရွိမယ့္လမ္းေၾကာင္းေတြကို ဆက္လက္ပိတ္ဆို႔ အေရးယူသြားမွာျဖစ္တယ္လို႔ အေမရိကန္ႏိုင္ငံျခားေရးဌာနအတိုင္ပင္ခံ Derek Chollet ကေျပာဆိုခဲ့ပါတယ္။
============
[[Unicode]]
စစ်ကောင်စီကို ရုရှားလက်နက်ထောက်ပံ့မှုတွေ ဖြတ်တောက်ဖို့ အမေရိကန်နည်းလမ်းရှာ
မြန်မာပြည်သူတွေကိုဆန့်ကျင်တိုက်ခိုက်နေတဲ့ မြန်မာစစ်ကောင်စီအတွက် လက်နက်ခဲယမ်းတွေကို ရုရှားကဖြည့်တင်းပေးနေတဲ့အပေါ် အမေရိကန်အစိုးရအနေနဲ့လွန်စွာမှ စိုးရိမ်ပူပန်မိသလို ရုရှားနဲ့မြန်မာစစ်ကောင်စီကြား ပူးပေါင်းဆောင်ရွက်မှုတွေကို ကန့်သတ်ထိန်းချုပ်နိုင်ဖို့ အမေရိကန်အစိုးရအနေနဲ့ နည်းလမ်းရှာဖွေနေကြောင်း အမေရိကန် အကြီးတန်းသံတမန်တယောက်က ပြောလိုက်ပါတယ်။
“ ရုရှားနဲ့မြန်မာနှစ်နိုင်ငံပူးပေါင်းဆောင်ရွက်နေမှုကိုကန့်သတ်ထိန်းချုပ်နိုင်အောင် ကြိုးပမ်းနေပါတယ်။ လွန်ခဲ့တဲ့နှစ်တွေအတွင်း ယူကရိန်းကိုကျူးကျော်ခဲ့တဲ့ရုရှားဟာ မဟာမိတ်နိုင်ငံတွေ လျော့နည်းသည်ထက် လျော့နည်းလာနေချိန်မှာ မြန်မာအာဏာသိမ်းစစ်ကောင်စီဟာ ရုရှားအတွက်အားထားရတဲ့ မဟာမိတ်ဖြစ်လာပါတယ်။ ဒီကိစ္စကို ပစ်တင်ရှုတ်ချသလို မြန်မာပြည်သူတွေကိုဆန့်ကျင်ဖိနှိပ်တဲ့လက်နှက်တွေ၊ ခဲယမ်းတွေထောက်ပံ့နေတဲ့ပေါ်မှာလည်း စိုးရိမ်မိပါတယ်။” လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန အတိုင်ပင်ခံ Derek Chollet က ဗုဒ္ဓဟူးနေ့မှာပြုလုပ်ခဲ့တဲ့ မြန်မာစစ်အာဏာသိမ်း ၂ နှစ်ပြည့်သတင်း စာရှင်းလင်းပွဲမှာပြောကြားသွားတာပါ။
လွန်ခဲ့တဲ့ ၂ နှစ်အတွင်း အထူးဖြင့်ပြီးခဲ့တဲ့နှစ်အတွင်း မြန်မာစစ်ကောင်စီနဲ့ရုရှားတို့ပူးပေါင်းဆောင်ရွက်မှု တွေမြင့်တက် လာတာကိုတွေ့မြင်ခဲ့ရပြီး ရုရှားဟာ မြန်မာစစ်ကောင်စီအတွက်အဓိကအားထားရတဲ့ လက်နှက်ခဲယမ်းထောက်ပံ့သူဖြစ်လာတဲ့အတွက် အမေရိကန်အနေနဲ့စိုးရိမ်ပူပန်မှုတွေပိုများလာခဲ့ပါတယ်လို့လည်း အတိုင်ပင်ခံ Chollet ကပြော ဆိုခဲ့ပါတယ်။
အမေရိကန်အစိုးရနဲ့မဟာမိတ်တွေဟာ မြန်မာစစ်ကောင်စီရဲ့ဝင်ငွေနဲ့ လက်နက်ရရှိမယ့်လမ်းကြောင်းတွေကို ဆက်လက်ပိတ်ဆို့ အရေးယူသွားမှာဖြစ်တယ်လို့ အမေရိကန်နိုင်ငံခြားရေးဌာနအတိုင်ပင်ခံ Derek Chollet ကပြောဆိုခဲ့ပါတယ်။