သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်တွေ မွတ်ဆလင်ဒုက္ခသည်စခန်းမှာ အမျိုးသမီးတွေ အဓမ္မပြုကျင့်ခံရကြောင်းတိုင်ကြား


ရခိုင်ပြည်နယ် စစ်တွေမြို့ ဘောဒုဖဒုက္ခသည်စခန်းမှ မူဆလင်ဒုက္ခသည်များကို တွေ့ရစဉ်။ (ယခင်မှတ်တမ်းဓာတ်ပုံ)
ရခိုင်ပြည်နယ် စစ်တွေမြို့ ဘောဒုဖဒုက္ခသည်စခန်းမှ မူဆလင်ဒုက္ခသည်များကို တွေ့ရစဉ်။ (ယခင်မှတ်တမ်းဓာတ်ပုံ)

{{Zawgyi/Unicode}}

ရခိုင်ပြည်နယ် စစ်တွေမြို့နယ်မှာရှိတဲ့ ဖွဲ့ရာကုန်း မွတ်ဆလင်ဒုက္ခသည်စခန်းက အမျိုးသမီး ၄၀ ကျော်ကို စခန်းတာဝန်ခံတဦးက အဓမ္မပြုကျင့်ခဲ့တယ်ဆိုပြီးတော့ အဓမ္မပြုကျင့်ခံရတဲ့ အမျိုးသမီးတွေက စွပ်စွဲတိုင်တန်းထားပါတယ်။ လက်ရှိမှာတော့ စွပ်စွဲခံရသူကို အာဏာပိုင်တွေက ဖမ်းဆီးစစ်ဆေးနေပြီး တရားစွဲဆိုဖို့ပြင်ဆင်နေတယ်လို့ ရခိုင်အမျိုးသမီးကွန်ယက်ဥက္ကဋ္ဌဒေါ်ညိုအေးကပြောပါတယ်။ ဒီအကြောင်း သတင်းပေးပို့ချက်ကို ဒေါ်ခင်မျိုးသက်က တင်ပြပေးထားပါတယ်။

ရခိုင်ပြည်နယ် စစ်တွေမြို့နယ် ဖွဲ့ရာကုန်း မွတ်ဆလင်ဒုက္ခသည်စခန်းမှာနေထိုင်တဲ့ အမျိုးသမီး ၄၀ ကျော်လောက်ကို စခန်းတာဝန်ခံ ဦးအုစ်ဖာန်ဂေါ်နီက အဓမ္မပြုကျင့် ခဲ့တယ်လို့ ကျူးလွန်ခံရသူတွေက လာရောက်တိုင်ကြားထားတယ်လို့ ရခိုင်ပြည်နယ် အမျိုးသမီးကွန်ယက်ဥက္ကဋ္ဌ ဒေါ်ညိုအေးကပြောပါတယ်။

“ သူတို့ရဲ့ နှုတ်ကပြောတာကတော့ ကျမတို့ကို ၄၀ ကျော် ၄၅ ယောက်လောက် ဆိုပြီးတော့ ပြောတယ်။ တခြား လုံးဝမပြောရဲသေးတဲ့အမျိုးသမီးတွေလည်း ရှိသေးတယ်ဆိုတဲ့ အကြောင်း ပြောတယ်။ အင်မတန်ကြောက်စရာကောင်းတာ တခုကတော့ အဲဒီ Rape လုပ်ခံရတဲ့ အမျိုးသမီးတွေက စိတ်ဒဏ်ရာတွေရပြီးတော့ တချို့ ဆို လုံးဝရူးသွားတယ်။”

ဖွဲ့ရာကုန်းဒုက္ခသည်စခန်းဆိုတာ ပြီးခဲ့တဲ့ ၂၀၁၂ တုန်းကဖြစ်ပွားခဲ့ဲတဲ့ ပဋိပက္ခာတွေကြောင့် စစ်တွေမြို့ပေါ်ကနေ ထွက်ပြေးသွားကြတာတဲ့ မွတ်လဆင်ဒုက္ခသည်တွေနေထိုင်တဲ့ ဒုက္ခသည်စခန်းတခုဖြစ်ပါတယ်။

အဲဒီဒုက္ခသည်စခန်းက အမျိုးသမီးတချို့ဟာ ပြီးခဲ့တဲ့ ၂၀၁၂ ခုနှစ်နောက်ပိုင်းကတည်းကစပြီး စခန်းတာဝန်ခံ ဦးအုစ်ဖာန်ဂေါ်နီဆိုသူရဲ့ အဓမ္မပြုကျင့်တာခံခဲ့ရတာဖြစ်တယ်လို့ ကျူးလွန်ခံရသူတွေက ပြောပါတယ်။ ကျူးလွန်ခံရတဲ့ အသက် ၃၀ အရွယ် အမျိုးသမီးတဦးက စခန်းတာဝန်ခံ ဦးအုစ်ဖာန်ဂေါ်နီကို ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် သြဂုတ်လတုန်းက တရားစွဲဆိုခဲ့ဖူးပေမယ့် အမှုရင်ဆိုင်နေတုန်းမှာပဲ တရားလိုဘက်က အမှုပြန်ရုပ်သိမ်းခဲ့ပါတယ်။

လက်ရှိမှာတော့ ကျုးလွန်ခံရသူတွေထဲက အမျိုးသမီး ၉ ဦးရဲ့ တိုင်တန်းမှုကြောင့် စခန်းတာဝန်ခံ ဦးအုစ်ဖာန်ဂေါ်နီကိုရဲတပ်ဖွဲ့ကဖမ်းဆီးထားပြီး သူနဲ့အတူ ကြံရာပါတွေကို တရားစွဲဆိုနိုင်ဖို့ ပြင်ဆင်နေကြတယ်လို့ အမျိုးသမီးတွေကို လိုက်ပါကူညီပေးနေတဲ့ ဒေါ်ညိုအေးကပြောပါတယ်။

“စခန်းတာဝန်ခံ ဦးအုစ်ဖာန်ဂေါ်နီကိုတော့ ဖမ်းထားတယ်။ ဒါပေမယ့် သူရဲ့အကိုအရင်းဖြစ်တဲ့ မောင်မောင်သန်းနဲ့ စခမ်းတာဝန်ခံနှစ်ယောက်ရှိသေးတယ်။ သူတို့ ကလည်း အမျိုးသမီးတွေကို ဒီလိုဖြစ်ဖို့ အားပေးအားမြှောက်ပေးတဲ့ အဖွဲ့ထဲမှာပါတယ်။ ပြီးရင် အဲဒီ ဆေးသမအုပ်စုက အုပ်ချုပ်ရေးမှူးကိုယ်တိုင်ကလည်း ဒီအမျိုးသမီးတွေ အကြိမ်ကြိမ်တိုင်တာကို အရေးတယူ ဂရုတစိုက်မရှိခဲ့ဘူးဆိုတာ ကျမတို့ အကုန် သက်သေနဲ့တကွ ရထားတယ်။”

လက်ရှိလာရောက်တိုင်ကြားတဲ့အထဲက လုံခြုံရေးစိုးရိမ်ရတဲ့ အမျိုးသမီးတချို့ကို ရခိုင်အမျိုးသမီးကွန်ယက်က စောင့်ရှောက်ထားပြီး နောက်ထပ်အမျိုးသမီးတွေ အခုလို အဓမ္မပြုကျင့်မခံရဖို့ တရားစွဲဆိုရတာဖြစ်တယ်လို့လည်း ဒေါ်ညိုအေးကပြောပါတယ်။

“ အခုအမှုတိုင်တဲ့ အမျိုးသမီးတွေက ဘာစိုးရိမ်လဲဆိုရင် ကလေး ၃ ယောက် အမေပါတယ်။ ၄ ယောက်အမေပါတယ်။ သူတို့က ငယ်ငယ်ကတည်းက အိမ်ထောင်ပြုရတာလေ။ ဆိုတော့ ငယ်တဲ့သူပါတယ်။ အသက် ၃၀ ကျော်တွေပါတယ်။ ၄၀ အထက်သိပ် မပါဘူ။.. ဆိုတော့ သူတို့မွေးထားတဲ့သားသမီးတွေ အပျိုတွေဖြစ်လာရင် သူတို့လို ငရဲခန်းကိုရောက်သွားမှာ သူတို့ကြောက်တယ်ပေါ့နော်၊ အဲဒါကြောင့် ဒီအမှုကိုရင်ဆိုင်ပြီးတော့ တရားလိုလုပ်ပြီးတော့ ကျူးလွန်သူကို ထိုက်သင့် တဲ့ ပြစ်ဒဏ်ပေးနိုင်အောင် ကြိုးစားကြမယ်လို့ ပြောတာကိုမြင်ရ ကြားရပါတယ်။”

ရခိုင်ပြည်နယ်မှာရှိတဲ့ဒုက္ခသည်စခန်းထဲက အမျိုးသမီးတွေဟာ ပုံစံအမျိုးမျိုးနဲ့ အကြမ်းဖက်ခံရတာရှိသလို မလုံခြုံမှုတွေရှိနေကြတယ်လို့ ရခိုင်မျိုးသမီးအခွင့်အရေး လှုပ်ရှားသူတွေက ပြောဆိုကြပါတယ်။ ရခိုင်ပြည်နယ်မှာ ပြီးခဲ့ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလကနေ နိုဝင်ဘာလအထိ အကြမ်းဖက်ခံရတဲ့ အမျိုးသမီးအမှုပေါင်း ၅၅၀ ကျော် ရှိခဲ့တယ်လို့ အကြမ်းဖက်ခံရတဲ့ အမျိုးသမီးတွေကို ဥပဒေအရ ကူညီပေးနေတဲ့ ဥပဒေရေးရာကုစားရေးအဖွဲ့ရဲ့ စာရင်းမှာဖော်ပြထားပါတယ်။

တိုက်ရိုက် လင့်ခ်

===============

{{Unicode}}












XS
SM
MD
LG