သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တနင်္သာရီဒေသတိုက်ပွဲတွေကြောင့် စစ်ပြေးဒုက္ခသည်သုံးသောင်းကျော်တိုးလာ


တနင်္သာရီတိုင်း ထားဝယ်၊ ဘုတ်ပြင်းဘက်က တိုက်ပွဲတွေကြောင်း ထိုင်းနိုင်ငံ၊ ရနောင်းမြို့ထဲ ထွက်ပြေးခိုလှုံလာကြတဲ့ မြန်မာစစ်ဘေးရှောင်များကြောင့် လုံခြုံရေးတင်းကြပ်ထားတဲ့ ထိုင်းနယ်မြေ ။ (ဓာတ်ပုံ-ထိုင်းစစ်တပ်/ ဖေဖော်ဝါရီ ၂၇၊ ၂၀၂၃)
တနင်္သာရီတိုင်း ထားဝယ်၊ ဘုတ်ပြင်းဘက်က တိုက်ပွဲတွေကြောင်း ထိုင်းနိုင်ငံ၊ ရနောင်းမြို့ထဲ ထွက်ပြေးခိုလှုံလာကြတဲ့ မြန်မာစစ်ဘေးရှောင်များကြောင့် လုံခြုံရေးတင်းကြပ်ထားတဲ့ ထိုင်းနယ်မြေ ။ (ဓာတ်ပုံ-ထိုင်းစစ်တပ်/ ဖေဖော်ဝါရီ ၂၇၊ ၂၀၂၃)

{{Zawgyi/Unicode}}

မြန်မာနိုင်ငံ တနင်္သာရီတိုင်းဒေသကြီးထဲမှာ စစ်အုပ်ချုပ်ရေးကြေညာပြီးနောက် စစ်ကောင်စီတပ်တွေနဲ့ ဒေသခံပြည်သူကာကွယ်ရေးတပ်ဖွဲ့တွေကြား နှစ်ဘက်တိုက်ပွဲတွေ ပိုမိုပြင်းထန်လာပြီး စစ်ဘေးရှောင်ပြည်သူ ၃၀,၀၀၀ ကျော်အထိ မြင့်တက်လာနေပါတယ်။ စစ်ကောင်စီဘက်က တိုက်ပွဲဖြစ်တဲ့ဒေသတွေကလာတဲ့ကျေးရွာသားတွေကို မြို့ပေါ်တက်မလာအောင်လည်း ဖိအားပေးနေတယ်လို့ ဒေသခံတွေကဆိုပါတယ်။ ဒီသတင်းကို ဗွီအိုအေသတင်းထောက်မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

စစ်ကောင်စီဘက်က တနင်္သာရီတိုင်းအတွင်းက ပုလောမြို့နယ်နဲ့ တနင်္သာရီမြို့ နယ်တို့ကို ဖေဖေါ်ဝါရီလအတွင်းမှာ စစ်အုပ်ချုပ်ရေးကြေညာပြီးတဲ့နောက် တနင်္သာရီတိုင်းဒေသကြီးတခုလုံးမှာ တိုက်ပွဲတွေပြင်းထန်လာခဲ့ပါတယ်။ တိုက်ပွဲတွေကြောင်း ထိုင်းနယ်စပ် ရနောင်းပြည်နယ်အထိ စစ်ဘေးရှောင်တွေ ထွက်ပြေးလာနေသလို ထိုင်းနယ်စပ်နဲ့မနီးတဲ့နေရာတွေမှာတော့ စစ်ဘေးရှောင်လူဦးရေ ၃ သောင်းကျော်ထိ ရှိလာပြီလို့ ဒေသခံတဦးက ပြောပြပါတယ်။

“ကျနော်တို့တနင်္သာရီတိုင်းမှာဆိုရင် ခရိုင် ၃ ခုရှိတယ်။ မြိတ်ခရိုင်၊ ကော့သောင်းခရိုင်၊ ထားဝယ်ခရိုင်ရှိတယ်။ ခရိုင်တွေမှာတော့ တိုက်ပွဲတွေကတော့ ဆက်တိုက်ဖြစ်နေတယ်။ မြိတ်ခရိုင်မှာတော့ တနင်္သာရီနဲ့ ပုလောမြို့နယ်ကျတော့ စစ်ကောင်စီက စစ်အုပ်ချုပ်ရေးကြေညာထားတော့ စစ်ဘေးရှောင်တွေက အတော်များတယ်။ လူဦးရေတွေတိုးလာတယ်။ အခုကတော့ လူဦးရေ ၃ သောင်းကျော်သွားပြီ။”

ဖေဖေါ်ဝါရီလနဲ့မတ်လတဝက်အထိ တိုက်ပွဲပေါင်း ၃၀ ကျော်ဖြစ်ခဲ့သလို ကျေးရွာတွေမှာဖြစ်တဲ့အတွက် ရွာလုံးကျွတ် ထွက်ပြေးနေရပါတယ်။ တချို့ကျေးရွာတွေကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကို အကူညီပေးတယ်လို့စစ်ကောင်စီဘက်က စွပ်စွဲပြီး မြို့ပေါ်တက်လာရင် လိုက်လံဖမ်းဆီးဖို့တွေပါ လုပ်နေတယ်လို့လည်း ဒေသခံကဆိုပါတယ်။

“အခု ၃ သောင်းကျော်ထဲမှာက တချို့ကလည်း တိုက်ပွဲတွေဖြစ်နေလို့ ရွာတွေထဲမှာ နေလို့မရတော့ မြိတ်မြို့ကို ပြောင်းရွှေ့လာတော့လည်း စစ်ကောင်စီကတော့ ရပ်ကျေး အုပ်ချုပ်ရေးမှူးတွေကို စာရင်းလိုက်ကောက်ခိုင်းတယ်။ စစ်ကောင်စီဘက် က စစ်ဘေးရှောင်တွေလာရင် ဖိအားပေးခြိမ်းခြောက်မှုတွေ ရှိနေတယ်။ အဓိကတော့ တိုက်ပွဲဖြစ်နေတဲ့ တိုရွာက စစ်ဘေးရှောင်တွေကို လုံးဝမလာစေဖို့၊ လက်မခံဖို့ဝ လာလို့ရှိရင်လည်း စစ်ကောင်စီက ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေကို အကြောင်းကြားဖို့ပြောထားပါတယ်။”

တိုကျေးရွာသားတွေရောက်လာရင် သတင်းပေးဖို့ အထက်အာဏာပိုင်တွေက သတိပေးထားတယ်လို့ ဒေသခံရပ်ကျေးအုပ်ချုပ်ရေးမူးတွေကလည်းဆိုပါတယ်။

တနင်္သာရီတိုင်းကစစ်ရှောင်ပြည်သူတွေဟာ စိုက်ပျိုးရေး ဥယာဉ်ခြံမြေတွေ၊ ဘုန်းကြီးကျောင်းတွေနဲ့ တောတောင်တွေထဲမှာ ယာယီခိုလှုံနေရပြီး အစားအသောက်တွေလည်း ခက်ခဲနေကြပါတယ်။

ဥယျာဉ်ခြံနဲ့ဘုန်းကြီးကျောင်းတွေမှာ နေထိုင်ရပြီး လူဦးရေများလာလို့ အစားအသောက်နဲ့ ဆေးဝါးမလုံလောက်တာတွေအပြင် တကိုယ်ရေသန့်ရှင်းရေး၊ အိမ်သာ၊ သောက်သုံးရေမလုံလောက်မှုစတဲ့ အခက်အခဲတွေပါ ရှိနေတယ်လို့ ဆိုပါတယ်တယ်။သက်ကြီးရွယ်အိုတွေ၊ ကလေးသူငယ်တွေလည်း ဖျားနာနေကြပြီး ဆေးဝါး အကူညီတွေလည်း လိုအပ်နေပါတယ်။ အခုဆိုရင် တိုက်ပွဲအများဆုံးဖြစ်နေတဲ့ ပုလောမြိုနယ်ထဲမှာ စစ်ဘေးရှောင် ၂၇,၀၀၀ ကျော်ထိရှိနေပြီး တခြားနေရာတွေမှာလည်း နေ့စဉ်လူဦးရေ ရာဂဏန်းလောက် တိုးလာနေပါတယ်။

ထိုင်းနယ်စပ်နဲ့နီးတဲ့ ကော့သောင်းခရိုင်ထဲကစစ်ဘေးရှောင်တွေကတော့ တိုက်ပွဲဖြစ်ရင် ထိုင်းဘက်ကိုထွက်ပြေးခိုလှုံနေကြတာကြောင့် တနင်္သာရီတိုင်းနဲ့ကပ်လျက် ထိုင်းဘက်ကလည်း နယ်စပ်လုံခြုံရေးတွေ တိုးမြှင့်ချထားပါတယ်ရှင်။

တိုက်ရိုက် လင့်ခ်

==============

{{Unicode}}











ဆက်စပ်သတင်းများ ...

XS
SM
MD
LG