သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

တ႐ုတ္နဲ႔ ပိုင္ဆိုင္မႈအျငင္းပြားေရျပင္မွာ အင္ဒိုနီးရွားဓာတ္ေငြ႕တူးေဖာ္မည္ 


အင္ဒိုနီးရွား ေရေၾကာင္းေရးရာဒုတိယဝန္ႀကီး Arif Havas Oegroseno က အင္ဒိုနီးရွားေျမေပံုအသစ္ေပၚက ေျမာက္ပိုင္းနာတူနာရဲ႕တည္ေနရာအေၾကာင္း သတင္းေထာက္ေတြကို ေျပာျပေနစဥ္။ ဂဇူလိုင္ ၁၄၊ ၂၀၁၇)

{{Zawgyi/Unicode}}

တ႐ုတ္ႏိုင္ငံနဲ႔ေကာင္းမြန္တဲ့ကုန္သြယ္ေရးတည္ေဆာက္ေနၾကတဲ့ အေရွ႕ေတာင္အာရွႏိုင္ငံေတြဟာ ေတာင္တ႐ုတ္ပင္လယ္ျပင္အေတာ္မ်ားမ်ားကို သူပိုင္အျဖစ္ေျပာဆိုေနတဲ့ကိစၥမွာေတာ့ တ႐ုတ္ႏိုင္ငံကိုသတိနဲ႔ ေရရွည္ဆက္ဆံေနၾကပါတယ္။ ဒါေပမယ့္လည္း အင္ဒိုနီးရွားအပါအဝင္ ႏိုင္ငံအေတာ္မ်ားမ်ားကေတာ့ေတာင္တ႐ုတ္ပင္လယ္အေရးမွာ တ႐ုတ္ႏိုင္ငံကို အခိုင္အမာဆန႔္က်င္လာၾကပါတယ္။ ဂ်ကာတာၿမိဳ႕ကေန ဗြီအိုေအသတင္းေထာက္ AHADIAN UTAMA ေပးပို႔ထားတဲ့သတင္းကို နန္းေလာင္ဝ္က တင္ျပထားပါတယ္။
..
အင္ဒိုနီးရွားႏိုင္ငံ၊ Natuna ကြၽန္းစုပိုင္ ေရျပင္နယ္နိမိတ္ထဲမွာ Tuna Block သဘာဝဓာတ္ေငြ႕တူးေဖာ္ေရး ကနဦးအစီအစဥ္ေတြကို အင္ဒိုနီးရွားအာဏာပိုင္ေတြက ခြင့္ျပဳလိုက္ပါတယ္။ ဒီေနရာဟာ ၂၀၂၁ ခုႏွစ္ေႏွာင္းပိုင္းက ဓာတ္ေငြ႕တူးေဖာ္မႈေၾကာင့္ တ႐ုတ္ႏိုင္ငံရဲ႕ကန႔္ကြက္မႈနဲ႔ ႀကဳံခဲ့ရတဲ့ဧရိယာလည္းျဖစ္ပါတယ္။ အဲဒီတုန္းက ဓာတ္ေငြ႕တူးေဖာ္ေရးလုပ္ငန္းေတြကို အင္ဒိုနီးရွားကရပ္ဆိုင္းခဲ့ေပမယ့္ ဒီတႀကိမ္ေတာ့ ေနာက္ဆုတ္မယ့္ပုံမရပါဘူး။

“Natuna ဧရိယာမွာ ဓာတ္ေငြ႕တူးေဖာ္တာဟာ Natuna ကို သူပိုင္တယ္ဆိုတာ အင္ဒိုနီးရွားက ရွင္းရွင္းလင္းလင္းျပသလိုက္တဲ့ လကၡဏာျဖစ္ပါတယ္။ က်ေနာ့္အျမင္အရေျပာရရင္ အခ်ဳပ္အျခာအာဏာပိုင္ႏိုင္ငံတခုျဖစ္တဲ့ အင္ဒိုနီးရွားမွာ ဒီလိုလုပ္ပိုင္ခြင့္ရွိပါတယ္။”

အင္ဒိုနီးရွား၊ ေဘာ္နီယိုကြၽန္းအနီး ကမ္းလြန္ျပင္ထဲက Natuna ကြၽန္းစုေတြကို အင္ဒိုနီးရွားပိုင္ပါတယ္။ ဒါေပမယ့္လည္း ဒီကြၽန္းေတြကေန ေရမိုင္ ၂၀၀ အကြာ၊ North Natuna ပင္လယ္ျပင္ထဲက Tuna Block ဓာတ္ေငြ႕လုပ္ကြက္ေၾကာင့္ တ႐ုတ္နဲ႔ အျငင္းပြါးေနရတာပါ။

UNCLOS လို႔ေခၚတဲ့ ပင္လယ္ေရေၾကာင္းသြားလာမႈဆိုင္ရာ ကုလသမဂၢရဲ႕ျပဌာန္းခ်က္ အရ ဒီေရျပင္ဧရိယာကို သူပိုင္ အထူးစီးပြါးေရးဇုံရဲ႕အစိတ္အပိုင္းတခုအျဖစ္ အင္ဒိုနီးရွားက ယူဆထားပါတယ္။

ဒါေပမယ့္လည္း တ႐ုတ္ႏိုင္ငံကလည္း ေတာင္တ႐ုတ္ပင္လယ္ျပင္အတြင္း သူပိုင္အျဖစ္ေျပာဆိုေနတဲ့ေနရာေတြမွာ ဒီေရျပင္ဧရိယာကိုပါထည့္သြင္းထားပါတယ္။ တ႐ုတ္အေနနဲ႔ ဒီေရျပင္ကို သူပိုင္အျဖစ္ေတာင္းဆိုခြင့္မရွိဘူးလို႔ The Hague ၿမိဳ႕မွာရွိတဲ့ Permanent Court of Arbitration ႏိုင္ငံတကာတရား႐ုံးက ၂၀၁၆ ခုႏွစ္မွာ ဆုံးျဖတ္ထားတာျဖစ္ပါတယ္။

“ အင္ဒိုနီးရွားႏိုင္ငံပိုင္ ပင္လယ္ေရျပင္နယ္နိမိတ္ထဲက ေဆာင္႐ြက္ခ်က္ေတြဟာ အျပည္ျပည္ဆိုင္ရာေရေၾကာင္းဥပေဒအေပၚ အေျခခံပါတယ္။ ေနာက္ၿပီး ေတာင္တ႐ုတ္ပင္လယ္ ေရျပင္နယ္နိမိတ္ကိစၥနဲ႔ပတ္သက္လို႔ ဘယ္ႏိုင္ငံနဲ႔မွ အင္ဒိုနီးရွားကအျငင္းပြါးေနတာမရွိပါဘူး။”

ဓာတ္ေငြ႕တူးဖာ္ေရးလုပ္ငန္းေတြ ျပန္လည္စတင္လိုက္တာဟာ အေရွ႕ေတာင္အာရွက စီးပြါးေရးအင္အားအႀကီးဆုံးႏိုင္ငံနဲ႔ တ႐ုတ္တို႔ၾကား တင္းမာမႈတိုးလာတဲ့လကၡဏာလည္းျဖစ္ပါတယ္။

ၿပီးခဲ့တဲ့ ဒီဇင္ဘာလတုန္းက အင္ဒိုနီးရွားနဲ႔ ဗီယက္နမ္ႏိုင္ငံတို႔ၾကား အထူးစီးပြါးေရးဇုံနယ္ေျမေတြ အၿပီးသတ္ဆုံးျဖတ္သတ္မွတ္ခဲ့တဲ့အခ်ိန္ကစၿပီး တ႐ုတ္နဲ႔တင္းမာမႈေတြတိုးလာခဲ့တာပါ။ အဲဒီေဆာင္႐ြက္ခ်က္ေၾကာင့္ Tuna Block နဲ႔ ဗီယက္နမ္ႏိုင္ငံအနီးက Chin Sao ဓာတ္ေငြ႕တူးေဖာ္ေရးလုပ္ကြက္ေတြဆီ တ႐ုတ္က သူ႔ရဲ႕ကမ္းေစာင့္တပ္ေတြေစလႊတ္ခဲ့တဲ့ထိ ျဖစ္ခဲ့ပါတယ္။ ဒါေၾကာင့္လည္း အင္ဒိုနီးရွားက North Natuna ပင္လယ္ျပင္ထဲ သူ႔ရဲ႕စစ္သေဘၤာေတြေစလႊတ္ခဲ့ရပါတယ္။

“ တကယ္လို႔မ်ား တ႐ုတ္က ငါးဖမ္းတာျဖစ္ေစ၊ စူးစမ္းေလ့လာေရးလုပ္သည္ျဖစ္ေစ ၊ဒါမွမဟုတ္ ေရသယံဇာတကို အျမတ္ထုတ္အသုံးခ်သည္ျဖစ္ေစ အားလုံးကို တားျမစ္ထားပါတယ္။ အင္ဒိုနီးရွားအစိုးရရဲ႕ လိုင္စင္ရွိရပါမယ္။ ျဖတ္သန္းသြားလာ႐ုံပဲဆိုရင္ေတာ့ ခြင့္ျပဳပါတယ္။”

အင္ဒိုပစိဖိတ္ေရျပင္နယ္နိမိတ္အေတာ္မ်ားမ်ားမွာလိုပဲ တ႐ုတ္ကမ္းေစာင့္တပ္ လိုက္ပါေစာင့္ၾကပ္ေနတဲ့ တ႐ုတ္ငါးဖမ္းသေဘၤာေတြကိုေတြ႕ျမင္ထားရတဲ့ ေျမာက္ပိုင္း Natuna ပင္လယ္ထဲမွာ အင္ဒိုနီးရွားေရတပ္က စစ္သေဘၤာ ၅ စင္းေစလႊတ္ထားသလို ေလယာဥ္တစင္းနဲ႔လည္း ေရျပင္နယ္နိမိတ္အတြင္း ကင္းလွည့္ေစာင့္ၾကည့္ေနပါတယ္။

တိုက္႐ိုက္ လင့္ခ္

=================

{{Unicode}}


တရုတ်နဲ့ ပိုင်ဆိုင်မှုအငြင်းပွားရေပြင်မှာ အင်ဒိုနီးရှားဓာတ်ငွေ့တူးဖော်မည်

တရုတ်နိုင်ငံနဲ့ကောင်းမွန်တဲ့ကုန်သွယ်ရေးတည်ဆောက်နေကြတဲ့ အရှေ့တောင်အာရှနိုင်ငံတွေဟာ တောင်တရုတ်ပင်လယ်ပြင်အတော်များများကို သူပိုင်အဖြစ်ပြောဆိုနေတဲ့ကိစ္စမှာတော့ တရုတ်နိုင်ငံကိုသတိနဲ့ ရေရှည်ဆက်ဆံနေကြပါတယ်။ ဒါပေမယ့်လည်း အင်ဒိုနီးရှားအပါအဝင် နိုင်ငံအတော်များများကတော့တောင်တရုတ်ပင်လယ်အရေးမှာ တရုတ်နိုင်ငံကို အခိုင်အမာဆန့်ကျင်လာကြပါတယ်။ ဂျကာတာမြို့ကနေ ဗွီအိုအေသတင်းထောက် AHADIAN UTAMA ပေးပို့ထားတဲ့သတင်းကို နန်းလောင်ဝ်က တင်ပြထားပါတယ်။
..
အင်ဒိုနီးရှားနိုင်ငံ၊ Natuna ကျွန်းစုပိုင် ရေပြင်နယ်နိမိတ်ထဲမှာ Tuna Block သဘာဝဓာတ်ငွေ့တူးဖော်ရေး ကနဦးအစီအစဉ်တွေကို အင်ဒိုနီးရှားအာဏာပိုင်တွေက ခွင့်ပြုလိုက်ပါတယ်။ ဒီနေရာဟာ ၂၀၂၁ ခုနှစ်နှောင်းပိုင်းက ဓာတ်ငွေ့တူးဖော်မှုကြောင့် တရုတ်နိုင်ငံရဲ့ကန့်ကွက်မှုနဲ့ ကြုံခဲ့ရတဲ့ဧရိယာလည်းဖြစ်ပါတယ်။ အဲဒီတုန်းက ဓာတ်ငွေ့တူးဖော်ရေးလုပ်ငန်းတွေကို အင်ဒိုနီးရှားကရပ်ဆိုင်းခဲ့ပေမယ့် ဒီတကြိမ်တော့ နောက်ဆုတ်မယ့်ပုံမရပါဘူး။

“Natuna ဧရိယာမှာ ဓာတ်ငွေ့တူးဖော်တာဟာ Natuna ကို သူပိုင်တယ်ဆိုတာ အင်ဒိုနီးရှားက ရှင်းရှင်းလင်းလင်းပြသလိုက်တဲ့ လက္ခဏာဖြစ်ပါတယ်။ ကျနော့်အမြင်အရပြောရရင် အချုပ်အခြာအာဏာပိုင်နိုင်ငံတခုဖြစ်တဲ့ အင်ဒိုနီးရှားမှာ ဒီလိုလုပ်ပိုင်ခွင့်ရှိပါတယ်။”

အင်ဒိုနီးရှား၊ ဘော်နီယိုကျွန်းအနီး ကမ်းလွန်ပြင်ထဲက Natuna ကျွန်းစုတွေကို အင်ဒိုနီးရှားပိုင်ပါတယ်။ ဒါပေမယ့်လည်း ဒီကျွန်းတွေကနေ ရေမိုင် ၂၀၀ အကွာ၊ North Natuna ပင်လယ်ပြင်ထဲက Tuna Block ဓာတ်ငွေ့လုပ်ကွက်ကြောင့် တရုတ်နဲ့ အငြင်းပွါးနေရတာပါ။

UNCLOS လို့ခေါ်တဲ့ ပင်လယ်ရေကြောင်းသွားလာမှုဆိုင်ရာ ကုလသမဂ္ဂရဲ့ပြဌာန်းချက် အရ ဒီရေပြင်ဧရိယာကို သူပိုင် အထူးစီးပွါးရေးဇုံရဲ့အစိတ်အပိုင်းတခုအဖြစ် အင်ဒိုနီးရှားက ယူဆထားပါတယ်။

ဒါပေမယ့်လည်း တရုတ်နိုင်ငံကလည်း တောင်တရုတ်ပင်လယ်ပြင်အတွင်း သူပိုင်အဖြစ်ပြောဆိုနေတဲ့နေရာတွေမှာ ဒီရေပြင်ဧရိယာကိုပါထည့်သွင်းထားပါတယ်။ တရုတ်အနေနဲ့ ဒီရေပြင်ကို သူပိုင်အဖြစ်တောင်းဆိုခွင့်မရှိဘူးလို့ The Hague မြို့မှာရှိတဲ့ Permanent Court of Arbitration နိုင်ငံတကာတရားရုံးက ၂၀၁၆ ခုနှစ်မှာ ဆုံးဖြတ်ထားတာဖြစ်ပါတယ်။

“ အင်ဒိုနီးရှားနိုင်ငံပိုင် ပင်လယ်ရေပြင်နယ်နိမိတ်ထဲက ဆောင်ရွက်ချက်တွေဟာ အပြည်ပြည်ဆိုင်ရာရေကြောင်းဥပဒေအပေါ် အခြေခံပါတယ်။ နောက်ပြီး တောင်တရုတ်ပင်လယ် ရေပြင်နယ်နိမိတ်ကိစ္စနဲ့ပတ်သက်လို့ ဘယ်နိုင်ငံနဲ့မှ အင်ဒိုနီးရှားကအငြင်းပွါးနေတာမရှိပါဘူး။”

ဓာတ်ငွေ့တူးဖာ်ရေးလုပ်ငန်းတွေ ပြန်လည်စတင်လိုက်တာဟာ အရှေ့တောင်အာရှက စီးပွါးရေးအင်အားအကြီးဆုံးနိုင်ငံနဲ့ တရုတ်တို့ကြား တင်းမာမှုတိုးလာတဲ့လက္ခဏာလည်းဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာလတုန်းက အင်ဒိုနီးရှားနဲ့ ဗီယက်နမ်နိုင်ငံတို့ကြား အထူးစီးပွါးရေးဇုံနယ်မြေတွေ အပြီးသတ်ဆုံးဖြတ်သတ်မှတ်ခဲ့တဲ့အချိန်ကစပြီး တရုတ်နဲ့တင်းမာမှုတွေတိုးလာခဲ့တာပါ။ အဲဒီဆောင်ရွက်ချက်ကြောင့် Tuna Block နဲ့ ဗီယက်နမ်နိုင်ငံအနီးက Chin Sao ဓာတ်ငွေ့တူးဖော်ရေးလုပ်ကွက်တွေဆီ တရုတ်က သူ့ရဲ့ကမ်းစောင့်တပ်တွေစေလွှတ်ခဲ့တဲ့ထိ ဖြစ်ခဲ့ပါတယ်။ ဒါကြောင့်လည်း အင်ဒိုနီးရှားက North Natuna ပင်လယ်ပြင်ထဲ သူ့ရဲ့စစ်သင်္ဘောတွေစေလွှတ်ခဲ့ရပါတယ်။

“ တကယ်လို့များ တရုတ်က ငါးဖမ်းတာဖြစ်စေ၊ စူးစမ်းလေ့လာရေးလုပ်သည်ဖြစ်စေ ၊ဒါမှမဟုတ် ရေသယံဇာတကို အမြတ်ထုတ်အသုံးချသည်ဖြစ်စေ အားလုံးကို တားမြစ်ထားပါတယ်။ အင်ဒိုနီးရှားအစိုးရရဲ့ လိုင်စင်ရှိရပါမယ်။ ဖြတ်သန်းသွားလာရုံပဲဆိုရင်တော့ ခွင့်ပြုပါတယ်။”

အင်ဒိုပစိဖိတ်ရေပြင်နယ်နိမိတ်အတော်များများမှာလိုပဲ တရုတ်ကမ်းစောင့်တပ် လိုက်ပါစောင့်ကြပ်နေတဲ့ တရုတ်ငါးဖမ်းသင်္ဘောတွေကိုတွေ့မြင်ထားရတဲ့ မြောက်ပိုင်း Natuna ပင်လယ်ထဲမှာ အင်ဒိုနီးရှားရေတပ်က စစ်သင်္ဘော ၅ စင်းစေလွှတ်ထားသလို လေယာဉ်တစင်းနဲ့လည်း ရေပြင်နယ်နိမိတ်အတွင်း ကင်းလှည့်စောင့်ကြည့်နေပါတယ်။

XS
SM
MD
LG