သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိုင်းလုပ်ငန်းခွင်မှာ သေဆုံးသူ မြန်မာလှေလုပ်သားမိသားစုတွေ နစ်နာကြေးရရှိ 


၂၀၂၂ ခု၊ မတ်လ ၃၁ ရက်နေ့က ငါးဖမ်းလှေလုပ်သားသုံးဦး လုပ်ငန်းခွင်အတွင်း အပုပ်နံ့အဆိပ်သင့်သေဆုံးမှုအတွက် ကျန်ရစ်သူမိသားစုအား ပထမအရစ် လျော်ကြေးငွေ ပေးအပ်စဉ်။ (ဖေဖော်ဝါရီ ၂၉၈၊ ၂၀၂၃)
၂၀၂၂ ခု၊ မတ်လ ၃၁ ရက်နေ့က ငါးဖမ်းလှေလုပ်သားသုံးဦး လုပ်ငန်းခွင်အတွင်း အပုပ်နံ့အဆိပ်သင့်သေဆုံးမှုအတွက် ကျန်ရစ်သူမိသားစုအား ပထမအရစ် လျော်ကြေးငွေ ပေးအပ်စဉ်။ (ဖေဖော်ဝါရီ ၂၉၈၊ ၂၀၂၃)

{{Zawgyi/Unicode}}

ထိုင်းနိုင်ငံတောင်ပိုင်းမှာ ပြီးခဲ့တဲ့နှစ်က လုပ်ငန်းခွင်မှာသေဆုံးသွားခဲ့ကြတဲ့ မြန်မာလှေလုပ်သား ၃ ဦးအတွက် နစ်နာကြေးငွေတွေကို သက်ဆိုင်ရာမိသားစုတွေထံ စတင်ပေးအပ်နေပါပြီ။ ထိုင်းနိုင်ငံ Pattani မြို့မှာ ပြီးခဲ့တဲ့နှစ်မတ်လတုန်းက လုပ်ငန်းခွင်မှာသေဆုံးခဲ့တဲ့အပေါ် အလုပ်သမားရေးလှုပ်ရှားမှုအဖွဲ့တွေရဲ့ အကူအညီနဲ့ကြိုးပမ်းခဲ့ရာက အခုနောက်ဆုံး နစ်နာကြေးတွေရရှိခဲ့ကြတာပါ။ အပြည့်အစုံကိုတော့ ဗွီအိုအေ မြန်မာပိုင်းသတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

ထိုင်းနိုင်ငံတောင်ပိုင်း Pattani မြို့က ထိုင်းငါးဖမ်းလှေတစီးပေါ်မှာ ပြီးခဲ့တဲ့နှစ်မတ်လ ၃၁ ရက်နေ့တုန်းက လှေဝမ်းဗိုက်ငါးလှောင်ကန်ထဲကငါးတွေကို လှေလုပ်သားတွေက သယ်ထုတ်ဖို့လုပ်စဉ် ငါးအပုပ်နံ့တွေကနေအဆိပ်သင့်ပြီး မြန်မာရေလုပ်သား ၃ ဦး ရုတ်တရက် သေဆုံးခဲ့တာပါ။ ဒီအမှုနဲ့ပတ်သက်လို့ လူမှုဖူလုံရေးဌာနကနေ နစ်နာကြေးအဖြစ် ဘတ်ငွေ ၇ သိန်း ၈ သောင်းကျော်ပေးဖို့ ဆုံးဖြတ်ခဲ့ပြီး ဖေဖေါ်ဝါရီလ ၂၈ ရက်နေ့မှာ သေဆုံးသူတွေရဲ့မိဘတွေကို ပထမအရစ် စပြီးပေးအပ်ခဲ့တယ်လို့ ရွှေ့ပြောင်းအလုပ်သမားအခွင့်အရေးကွန်ယက်ရဲ့ ဟတ်ရိုင်မြို့ တာဝန်ခံဦးဘရီက အခုလိုပြောပါတယ်။

“ဒီနေ့မှာတော့ သေဆုံးသူတွေရဲ့မိဘ ၃ ယောက်ကိုခေါ်ပြီး Pattani မြို့က ပကန်ဆန်ခွန်း (လူမှုဖူလုံရေး) ရုံးမှာ တယောက်ကို နစ်နာကြေးဘတ်ငွေ ၇၈၈,၇၆၀ ရပါတယ်။ အားလုံး အကြေမရသေးဘူး။ ဒီနေ့မှာ တယောက်ကို တသိန်းခွဲလောက်ရတယ်။ လာမယ့်နှစ်မှာတော့ အားလုံးအကြေရဖို့ကို Pattani မြို့နယ်အုပ်ချုပ်ရေးမှူးက အားလုံးကို အကုန်ပေးဖို့အတွက် ညွန်ကြားချက်ထုတ်ပေးပါတယ်။”

ထိုင်းတောင်ပိုင်းက လှေလုပ်ငန်းခွင်တွေမှာ မြန်မာလှေလုပ်သားအများအပြား အလုပ်လုပ်နေကြပြီး များသောအားဖြင့် လုပ်ငန်းခွင်အတွင်း နစ်နာမှုတွေရှိခဲ့ပေမဲ့ နစ်နာကြေးရတအောင် လုပ်ဆောင်နိုင်တာမျိုးတွေကတော့ သိပ်မရှိခဲ့ဘူးလို့ဆိုပါတယ်။ အခုလို လိုက်ပါဆောင်ရွက်ပေးခြင်းအားဖြင့် နောက်ထပ်အလုပ်သမားတွေအနေနဲ့ အခုလို ဆုံးရှုံးနစ်နာတာမျိုးတွေရှိခဲ့ရင် လာရောက်တိုင်ကြားနိုင်အောင်၊ ပြောရဲဆိုရဲရှိလာအောင် ဆောင်ရွက်ပေးတာဖြစ်ကြောင်းလည်း ဦးဘရီက ပြောပြပါတယ်။

“လုပ်ပေးရတဲ့ရည်ရွယ်ချက်ကတော့ Pattani မြို့မှာ မြန်မာလှေအလုပ်သမားတွေက မကြာခနသေတယ်။ လုပ်ငန်းခွင်ထဲမှာသေဆုံးကြတယ်။ တခါမှ အခုလို နစ်နာကြေးရအောင် ဆောင်ရွက်ပေးနိုင်တဲ့အဖွဲ့အစည်းတွေမရှိဖူးဘူး။ Pattani မြို့က ထိုင်းတောင်ပိုင်းမှာ အနီရောင်နယ်မြေဖြစ်တယ်။ သူဌေးတွေကလည်း အာဏာကြီးစိုးတယ်။ အဖွဲ့အစည်းတွေကလည်း ကြောက်ရွံ့ပြီးမလုပ်ရဲကြဘူး။ အဲဒီအခြေအနေမျိုးမှာ ကျနော်တို့က ဒီအမှုကို မဖြစ်ဖြစ်အောင်၊ နစ်နာကြေးရအောင် ဆောင်ရွက်တဲ့အခါ ၃ ယောက်ပေါင်းဆိုရင် ဘတ် ၂ သန်းကျော်တာပေါ့။ဒီအမှုကိုဆောင်ရွက်ပေးတဲ့ကျနော်တို့ကလည်း ကူညီဆောင်ရွက်ပေးရတဲ့အတွက် ကျေနပ်တယ်။ သေဆုံးသူတွေရဲ့မိဘတွေလည်း ကျေနပ်မူတွေရရှိပါတယ်။”

သေဆုံးခဲ့သူတွေကတော့ ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ် လေညှင်းတောင်ရွာ၊ ဗူးရွက်မညှိုးရွာနဲ့ တောဗွေရွာမှာ နေထိုင်ကြသူတွေ ဖြစ်ကြပါတယ်။သူ့တို့ရဲ့မိဘတွေက နစ်နာကြေးကို လာရောက်လက်ခံရယူခဲ့တာဖြစ်ပါတယ်ရှင်။

တိုက်ရိုက် လင့်ခ်

===============

{{Unicode}}








XS
SM
MD
LG