သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

အေမရိကန္၊ ဖိလစ္ပိုင္ စစ္ေရးပူးေပါင္းေဆာင္႐ြက္မႈေတြတိုးျမႇင့္


အေမရိကန္ကာကြယ္ေရးဝန္ႀကီး လြိဳက္ေအာ္စတင္(ဝဲ) နဲ႔ ဖိလစ္ပိုင္ကာကြယ္ေရးဝန္ႀကီးCarlito Galvez Jr.

[[Zawgyi/Unicode]]

ဖိလစ္ပိုင္ဟာ အေမရိကန္နဲ႔ စစ္ေရးအရပူးေပါင္းမႈ တိုးျမႇင့္လိုက္ပါတယ္။ အေမရိကန္တပ္တြကို စစ္စခန္း ၄ ခု တိုးၿပီး အသုံးျပဳခြင့္ေပးလိုက္တာပါ။ ေဒသတြင္းက အင္အားႀကီးတ႐ုတ္ႏိုင္ငံရဲ႕ ရန္လိုၿခိမ္းေျခာက္မႈေတြ တရွိန္ထိုးျမင့္တက္လာခ်ိန္မွာပဲ အခုလို ႏွစ္ႏိုင္ငံၾကား စစ္ေရးအရ မိတ္ဖက္ဆက္ဆံေရးတိုးျမင့္လာတဲ့အေၾကာင္း ဗီအိုေအ သတင္းေထာက္ VOA’s Chris Casquejo ရဲ႕ သတင္းလႊာကို ကိုၿငိမ္းခ်မ္းေအးက တင္ျပေပးထားပါတယ္။

သေဘာတူညီခ်က္အသစ္ေၾကာင့္ ဖိလစ္ပိုင္မွာ အေမရိကန္တပ္ေတြ လက္ရွိအသုံးျပဳေနတဲ့စစ္စခန္း ၅ ခု အျပင္မွာ ေနာက္ထပ္ စစ္စခန္း ၄ ခု ကို အေမရိကန္က အသုံးျပဳခြင့္ရလာပါတယ္။

“က်ေနာ္ ရွင္းေအာင္ ေျပာပါမယ္။ ဖိလစ္ပိုင္မွာ အေမရိကန္တပ္ေတြ အၿမဲ တပ္စြဲထားဖို႔ မဟုတ္ပါဘူး။” လို႔ အေမရိကန္ ကာကြယ္ေရးဝန္ႀကီး အေမရိကန္ကာကြယ္ေရးဝန္ႀကီး လြိဳက္ ေအာ္စတင္က ဒီသေဘာတူခ်က္နဲ႔ပတ္သက္ၿပီး မနီလာခရီးစဥ္မွာ ေျပာသြားတာပါ။

ဒီစစ္စခန္းအသစ္ေတြရဲ႕ ေနရာအတိအက်ကိုေတာ့ မေၾကညာေသးပါဘူး။ ထိုင္ဝမ္နဲ႔မေဝးလွတဲ့ ဖိလစ္ပိုင္ေျမာက္ပိုင္း လူဇြန္ (Luzon) ကြၽန္းစုက စစ္စခန္းေတြကို အေမရိကန္ဘက္က အသုံးျပဳခြင့္ေတာင္းထားေၾကာင္း ၂၀၂၂ ႏွစ္ ႏိုဝင္ဘာတုန္းက ဖိလစ္ပိုင္ဘက္က ထုတ္ေျပာထားပါတယ္။

ႏိုင္ငံတကာနဲ႔ မဟာဗ်ဴဟာေလ့လာေရးဌာန Center for Strategic and International Studies က ဂ‌ေရဂရီေပၚလင္းက အခုလို သုံးသပ္ပါတယ္။

"ဖိလစ္ပိုင္ဟာ အိႏၵိယထုတ္ BrahMos (ဘရားမို႔စ္) မစ္ဇိုင္းဒုံးက်ည္ေတြကိုသုံးၿပီး ကိုယ္ပိုင္ ကမ္းနီးေရတပ္ရင္းေတြကို တည္ေဆာက္ေနပါတယ္။ ဒီဒုံးက်ည္ေတြက မိုင္ ၂၀၀ ေလာက္အထိ ပစ္ႏိုင္မွာပါ။ ဒီလို စြမ္းေဆာင္ႏိုင္ရည္မ်ိဳးက တကယ္လို႔ ထိုင္ဝမ္ကို တ႐ုတ္ဘက္က စစ္ယာဥ္ေတြသုံးၿပီး ပိတ္ဆို႔ရင္ပဲျဖစ္ျဖစ္၊ တက္သိမ္းရင္ပဲျဖစ္ျဖစ္ အသုံးဝင္လာမွာပါ။"

ဖိလစ္ပိုင္ဟာ သူ႔ႏိုင္ငံရဲ႕အေနာက္ဘက္ကမ္း႐ိုးတန္းက ပလားဝမ္ (Palawan) ေဒသမွာလည္း အေမရိကန္တပ္ေတြကို အသုံးျပခြင့္ ေပးေကာင္း ေပးႏိုင္ပါတယ္။ တ႐ုတ္နဲ႔အျငင္းပြားေနတဲ့ ေတာင္တ႐ုတ္ပင္လယ္အေရး ျပႆနာကို ဒီနည္းလမ္းနဲ႔လည္း ဖိလစ္ပိုင္ဘက္က တန္ျပန္လာႏိုင္ပါတယ္။

“ၾသစေၾတးလ်၊ ဂ်ပန္မဟာမိတ္ေတြနဲ႔ ကြန္ရက္ခ်ိန္ဆက္ ကူးလူးဆက္ဆံတာနဲ႔ မဟာမိတ္ေတြၾကား ေခတ္မီတိုးတက္ေအာင္ အကူအညီေပးတာေတြက အေမရိကန္ရဲ႕ ေယဘုယ်နည္းဗ်ဴဟာျဖစ္တဲ့ မဟာမိတ္ေတြအေပၚ ပိုမွီခိုလာမႈနဲ႔ ညီတူညီမွ် ဆက္ဆံဖို႔ ႀကိဳးစားလာတာနဲ႔လည္း ကိုက္ညီေနပါတယ္။”

အေမရိကန္ဟာ ေဒသတည္ၿငိမ္ေရးကို ေႏွာင့္ယွက္ေနၿပီး ေဒသတြင္းမွာ တင္းမာမႈေတြျဖစ္ေစတယ္လို႔ တ႐ုတ္ဘက္ကေတာ့ ေျပာပါတယ္။ တကယ္ေတာ့ တ႐ုတ္ဟာ ဖိလစ္ပိုင္အတြက္ အႀကီးဆုံးကုန္သြယ္ဖက္ႏိုင္ငံပါ။ အခုလို အေမရိကန္နဲ႔ စစ္ေရးမိတ္ဖက္မႈေတြ တိုးျမႇင့္ေနတာကို တ႐ုတ္ဘက္က စီးပြားေရးအရ လက္တုံ႔ျပန္မလားဆိုတဲ့ စိုးရိမ္ခ်က္ေတြလည္း ရွိပါတယ္။

ဒီအေျခအေနကို အာရွနဲ႔ပစိဖိတ္ေဒသဖြံ႕ၿဖိဳးေရး (Asia Pacific Pathways to Progress ) အဖြဲ႔က လူစီယိုပစ္လိုက အခုလို သုံးသပ္ပါတယ္။

“ဒါက ဖိလစ္ပိုင္အေနနဲ႔ တျခား အာဆီယံႏိုင္ငံေတြနဲ႔ လက္တြဲလုပ္ရမယ္ ထင္တယ္။ အာဆီယံဆီက တစုံတရာ အေထာက္အပံ့ရဖို႔ လိုမယ္။ ဒါမွ မတည္ၿငိမ္တဲ့ေဒသတြင္းမွာ ဖိလစ္ပိုင္က သူ႔အေနနဲ႔တည္ၿငိမ္မႈရေအာင္ ႀကိဳးစားလုပ္ေဆာင္ႏိုင္မွာပါ။”

ေဒသတြင္းမွာ အခုလို အေမရိကန္တပ္ အင္အားတိုးလာတာအေပၚ ဖိလစ္ပိုင္ႏိုင္ငံသားတခ်ိဳ႕ကေတာ့ ကန႔္ကြက္ၾကပါတယ္။ ဒါက ဖိလစ္ပိုင္ရဲ႕အခ်ဳပ္အျခာအာဏာကို အေမရိကန္လက္ထဲ ထိုးအပ္ဖို႔ ၿခိမ္းေျခာက္သလို ျဖစ္ေနတယ္လို႔ ဆန႔္က်င္သူေတြက ေျပာပါတယ္။

တိုက္႐ိုက္ လင့္ခ္

============

[[Unicode]]

အမေရိကန်၊ ဖိလစ်ပိုင် စစ်ရေးပူးပေါင်းဆောင်ရွက်မှုတွေတိုးမြှင့်

ဖိလစ်ပိုင်ဟာ အမေရိကန်နဲ့ စစ်ရေးအရပူးပေါင်းမှု တိုးမြှင့်လိုက်ပါတယ်။ အမေရိကန်တပ်တွကို စစ်စခန်း ၄ ခု တိုးပြီး အသုံးပြုခွင့်ပေးလိုက်တာပါ။ ဒေသတွင်းက အင်အားကြီးတရုတ်နိုင်ငံရဲ့ ရန်လိုခြိမ်းခြောက်မှုတွေ တရှိန်ထိုးမြင့်တက်လာချိန်မှာပဲ အခုလို နှစ်နိုင်ငံကြား စစ်ရေးအရ မိတ်ဖက်ဆက်ဆံရေးတိုးမြင့်လာတဲ့အကြောင်း ဗီအိုအေ သတင်းထောက် VOA’s Chris Casquejo ရဲ့ သတင်းလွှာကို ကိုငြိမ်းချမ်းအေးက တင်ပြပေးထားပါတယ်။

သဘောတူညီချက်အသစ်ကြောင့် ဖိလစ်ပိုင်မှာ အမေရိကန်တပ်တွေ လက်ရှိအသုံးပြုနေတဲ့စစ်စခန်း ၅ ခု အပြင်မှာ နောက်ထပ် စစ်စခန်း ၄ ခု ကို အမေရိကန်က အသုံးပြုခွင့်ရလာပါတယ်။

“ကျနော် ရှင်းအောင် ပြောပါမယ်။ ဖိလစ်ပိုင်မှာ အမေရိကန်တပ်တွေ အမြဲ တပ်စွဲထားဖို့ မဟုတ်ပါဘူး။” လို့ အမေရိကန် ကာကွယ်ရေးဝန်ကြီး အမေရိကန်ကာကွယ်ရေးဝန်ကြီး လွိုက် အော်စတင်က ဒီသဘောတူချက်နဲ့ပတ်သက်ပြီး မနီလာခရီးစဉ်မှာ ပြောသွားတာပါ။

ဒီစစ်စခန်းအသစ်တွေရဲ့ နေရာအတိအကျကိုတော့ မကြေညာသေးပါဘူး။ ထိုင်ဝမ်နဲ့မဝေးလှတဲ့ ဖိလစ်ပိုင်မြောက်ပိုင်း လူဇွန် (Luzon) ကျွန်းစုက စစ်စခန်းတွေကို အမေရိကန်ဘက်က အသုံးပြုခွင့်တောင်းထားကြောင်း ၂၀၂၂ နှစ် နိုဝင်ဘာတုန်းက ဖိလစ်ပိုင်ဘက်က ထုတ်ပြောထားပါတယ်။

နိုင်ငံတကာနဲ့ မဟာဗျူဟာလေ့လာရေးဌာန Center for Strategic and International Studies က ဂ‌ရေဂရီပေါ်လင်းက အခုလို သုံးသပ်ပါတယ်။

"ဖိလစ်ပိုင်ဟာ အိန္ဒိယထုတ် BrahMos (ဘရားမို့စ်) မစ်ဇိုင်းဒုံးကျည်တွေကိုသုံးပြီး ကိုယ်ပိုင် ကမ်းနီးရေတပ်ရင်းတွေကို တည်ဆောက်နေပါတယ်။ ဒီဒုံးကျည်တွေက မိုင် ၂၀၀ လောက်အထိ ပစ်နိုင်မှာပါ။ ဒီလို စွမ်းဆောင်နိုင်ရည်မျိုးက တကယ်လို့ ထိုင်ဝမ်ကို တရုတ်ဘက်က စစ်ယာဉ်တွေသုံးပြီး ပိတ်ဆို့ရင်ပဲဖြစ်ဖြစ်၊ တက်သိမ်းရင်ပဲဖြစ်ဖြစ် အသုံးဝင်လာမှာပါ။"

ဖိလစ်ပိုင်ဟာ သူ့နိုင်ငံရဲ့အနောက်ဘက်ကမ်းရိုးတန်းက ပလားဝမ် (Palawan) ဒေသမှာလည်း အမေရိကန်တပ်တွေကို အသုံးပြခွင့် ပေးကောင်း ပေးနိုင်ပါတယ်။ တရုတ်နဲ့အငြင်းပွားနေတဲ့ တောင်တရုတ်ပင်လယ်အရေး ပြဿနာကို ဒီနည်းလမ်းနဲ့လည်း ဖိလစ်ပိုင်ဘက်က တန်ပြန်လာနိုင်ပါတယ်။

“သြစတြေးလျ၊ ဂျပန်မဟာမိတ်တွေနဲ့ ကွန်ရက်ချိန်ဆက် ကူးလူးဆက်ဆံတာနဲ့ မဟာမိတ်တွေကြား ခေတ်မီတိုးတက်အောင် အကူအညီပေးတာတွေက အမေရိကန်ရဲ့ ယေဘုယျနည်းဗျူဟာဖြစ်တဲ့ မဟာမိတ်တွေအပေါ် ပိုမှီခိုလာမှုနဲ့ ညီတူညီမျှ ဆက်ဆံဖို့ ကြိုးစားလာတာနဲ့လည်း ကိုက်ညီနေပါတယ်။”

အမေရိကန်ဟာ ဒေသတည်ငြိမ်ရေးကို နှောင့်ယှက်နေပြီး ဒေသတွင်းမှာ တင်းမာမှုတွေဖြစ်စေတယ်လို့ တရုတ်ဘက်ကတော့ ပြောပါတယ်။ တကယ်တော့ တရုတ်ဟာ ဖိလစ်ပိုင်အတွက် အကြီးဆုံးကုန်သွယ်ဖက်နိုင်ငံပါ။ အခုလို အမေရိကန်နဲ့ စစ်ရေးမိတ်ဖက်မှုတွေ တိုးမြှင့်နေတာကို တရုတ်ဘက်က စီးပွားရေးအရ လက်တုံ့ပြန်မလားဆိုတဲ့ စိုးရိမ်ချက်တွေလည်း ရှိပါတယ်။

ဒီအခြေအနေကို အာရှနဲ့ပစိဖိတ်ဒေသဖွံ့ဖြိုးရေး (Asia Pacific Pathways to Progress ) အဖွဲ့က လူစီယိုပစ်လိုက အခုလို သုံးသပ်ပါတယ်။

“ဒါက ဖိလစ်ပိုင်အနေနဲ့ တခြား အာဆီယံနိုင်ငံတွေနဲ့ လက်တွဲလုပ်ရမယ် ထင်တယ်။ အာဆီယံဆီက တစုံတရာ အထောက်အပံ့ရဖို့ လိုမယ်။ ဒါမှ မတည်ငြိမ်တဲ့ဒေသတွင်းမှာ ဖိလစ်ပိုင်က သူ့အနေနဲ့တည်ငြိမ်မှုရအောင် ကြိုးစားလုပ်ဆောင်နိုင်မှာပါ။”

ဒေသတွင်းမှာ အခုလို အမေရိကန်တပ် အင်အားတိုးလာတာအပေါ် ဖိလစ်ပိုင်နိုင်ငံသားတချို့ကတော့ ကန့်ကွက်ကြပါတယ်။ ဒါက ဖိလစ်ပိုင်ရဲ့အချုပ်အခြာအာဏာကို အမေရိကန်လက်ထဲ ထိုးအပ်ဖို့ ခြိမ်းခြောက်သလို ဖြစ်နေတယ်လို့ ဆန့်ကျင်သူတွေက ပြောပါတယ်။

XS
SM
MD
LG