သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

အာဏာသိမ္း ၂ ႏွစ္တာအတြင္း စိုက္ပ်ဳိးေရး အေျခအေန


ေတာင္ႀကီးၿမိဳ႔အနီးစိုက္ခင္းတခု (ယခင္မွတ္တမ္းဓာတ္ပံု)

[[Zawgyi/Unicode]]

စစ္တပ္အာဏာသိမ္းတဲ့ ၂ ႏွစ္တာကာလအတြင္း အရင္ကတည္းကနိမ့္က်ေနတဲ့ ျမန္မာႏိုင္ငံရဲ႕အဓိကစီးပြားေရး မ႑ိဳင္ျဖစ္တဲ့ စိုက္ပ်ိဳးေရးက႑ဟာ ဘက္ေပါင္းစုံကေန ခြၽတ္ၿခဳံက်သြားပါတယ္။ ေက်းလက္ေနလူငယ္ေတြ မိမိေနရပ္ကို စြန႔္ခြာသြားၾကသလို မိ႐ိုးဖလာခိုင္းႏြားေတြ ရွားပါးလာတာ၊ ထြက္လာတဲ့သီးႏွံေတြကလည္း ေဈးေကာင္းမရတဲ့အတြက္ ေတာင္သူလယ္သမားေတြ မိမိတို႔ပိုင္လယ္ယာေျမေတြကို အျပည့္အဝမစိုက္ပ်ိဳးေတာ့ဘဲ ပ,လပ္ေျမအျဖစ္ ထားကုန္လာၾကေၾကာင္း ကိုခင္ေမာင္စိုးမင္းက စုစည္းတင္ဆက္ထားပါတယ္။

ၿပီးခဲ့တဲ့ ၂ဝ၂၁ ေဖေဖာ္ဝါရီလ ၁ ရက္ေန႔ စစ္တပ္အာဏာသိမ္းၿပီးကတည္းက အခုအခ်ိန္အထိ ၂ ႏွစ္တာကာလအတြင္း ေက်းလက္ေဒသေတြမွာ ပထမဆုံးျဖစ္ေပၚလာတာကေတာ့ လူဦးေရ သိသိသာသာ က်ဆင္းသြားတာပါပဲ။ အဲဒီလို ေက်းလက္ေတြမွာ လူဦးေရက်ဆင္းသြားတဲ့အထဲမွာမွ အ႐ြယ္ေကာင္းလူငယ္လူ႐ြယ္ေတြက အမ်ားစုျဖစ္ၾကပါတယ္။ လူငယ္ေတြကသာ ေက်းလက္စိုက္ပ်ိဳးေရးကို အဓိလုပ္ကိုင္ေနၾကတာျဖစ္ၾကၿပီး မိမိတို႔လယ္ေျမ၊ ယာေျမေတြကို သြားေရာက္ အလုပ္လုပ္ေနတဲ့အခ်ိန္မွာ စစ္ေကာင္စီတပ္ဖြဲ႔ေတြ စစ္ေၾကာင္းလွည့္လာတာနဲ႔ေတြ႔ရင္ ႐ိုက္ႏွက္ဖမ္းဆီးခံရတာ၊ အသက္ဆုံးရႈံးတဲ့အထိ ပစ္ခတ္ခံရတာေတြရွိပါတယ္။ ဒါနဲ႔ပတ္သက္ၿပီး ေျမလတ္ေဒသက အမ်ိဳးသားဒီမိုကေရစီအဖြဲ႔ခ်ဳပ္ NLD အစိုးရလက္ထက္က ေက်း႐ြာအုပ္ခ်ဳပ္ေရးမႉးေဟာင္းဦးတင္စိုးက အခုလိုေျပာပါတယ္။

"နဂိုကမွ အလုပ္သမားရွားရတဲ့အထဲမွာ အခုလို အာဏာသိမ္းၿပီးေနာက္ပိုင္း ကိုယ့္ယာထဲ ေခ်ာင္းထဲမွာ အလုပ္ကို လြတ္လြတ္လပ္လပ္ လုပ္လို႔မရဘူး။ အခုအခ်ိန္မွာ စစ္ေၾကာင္းေတြလာၿပီဆိုလို႔ရွိရင္ ေျပးရတယ္။ ကိုယ့္အလုပ္ကို ထားခဲ့ၿပီး ေျပးရတယ္။ ေတြ႔ရင္လည္း ေတြ႔သလို၊ ေျပးရင္လည္းပစ္မွာေၾကာက္ရ၊ မထင္ရင္မထင္သလို ဖမ္းမွာေၾကာက္ရ၊ လူေကာင္းလူဆိုးလည္း ခြဲတာမဟုတ္၊ အက်ိဳးအေၾကာင္းလည္း ေျပာလို႔ရတာမဟုတ္၊ ဒါေတြေၾကာင့္ ကိုယ့္ ယာထဲ ေခ်ာင္းထဲကို လုပ္ကိုင္ရဲတာ မရွိၾကေတာ့ဘူး။ အဲဒီလို ေၾကာက္ေနၾကရေတာ့ တခ်ိဳ႕ ကိုယ့္ေဒသကို စြန႔္ခြာၿပီးေတာ့ အလုပ္သြားလုပ္ၾကရေရာ။ အဲဒီေတာ့ ေက်းလက္ေဒသေတြမွာ အလုပ္သမားရွားပါးမႈ ျပႆနာကို ရင္ဆိုင္ေနၾကရတယ္။"

အဲဒီလို အေျခအေနေတြေၾကာင့္ ေက်းလက္လူငယ္ေတြဟာ သူတို႔ရဲ႕ ဇာတိ႐ြာနဲ႔ စိုက္ပ်ိဳးေရး လုပ္ငန္းေတြကို စြန႔္ခြာၿပီး ၿမိဳ႕ႀကီးေတြအပါအဝင္ ျပည္တြင္းက အလုပ္အကိုင္ ရရွိႏိုင္တဲ့ေဒသေတြ၊ ထိုင္းအပါအဝင္ အိမ္နီးခ်င္းႏိုင္ငံေတြကို တရားမဝင္သြားေရာက္ အလုပ္လုပ္ကိုင္ၾကဖို႔ စြန႔္စားထြက္ခြာကုန္ၾကပါတယ္။ အဲဒီအတြက္ ပထမဆုံးရလဒ္ကေတာ့ လယ္ယာ စိုက္ပ်ိဳးေရးက႑မွာ လုပ္သားရွားပါကုန္တာၿပီး အခ်ိန္မီမစိုက္ပ်ိဳးႏိုင္၊ အခ်ိန္မီမရိတ္သိမ္းႏိုင္ဘဲ လယ္ယာလုပ္ငန္းခြင္မွာ အႀကီးအက်ယ္ ထိခိုက္ဆုတ္ယုတ္လာပါတယ္။

စစ္အာဏာသိမ္းထားတဲ့ကာလမွာ လုပ္သားရွားပါးမႈလိုပါပဲ ေနာက္ထပ္ ႀကဳံေတြ႕ရတဲ့ အေျခအေနတခုကေတာ့ ေလာင္စာေဈးေတြ အဆမတန္တက္ခဲ့တဲ့အတြက္ေၾကာင့္ တပိုင္တႏိုင္ လက္တြန္းထြန္စက္ေတြအပါအဝင္ လယ္ယာသုံး စက္ပစၥည္းကို အသုံးမျပဳႏိုင္ၾကေတာ့ပါဘူး။ အဲဒီလို လယ္ယာသုံးစက္ပစၥည္းေတြကိုမသုံးဘဲ ေခတ္အဆက္ဆက္ သုံးလာခဲ့ၾကတဲ့ မိ႐ိုးဖလာ ခိုင္းႏြားေတြကို ျပန္လည္ သုံးျပဳဖို႔ဆိုေတာ့လည္း အဲဒီ ခိုင္းႏြားေတြလည္း အေတာ္ကို ရွားကုန္ပါၿပီ။

ဒီလိုအေျခအေနေတြနဲ႔ ပတ္သက္ၿပီးေတာ့လည္း မေကြးတိုင္း မင္းဘူးၿမိဳ႕နယ္က ကိုယ္တိုင္လည္း လယ္သမားတဦးျဖစ္ၿပီး လယ္သမားအေရးကိုပါ ေဆာင္႐ြက္ေနတဲ့ဦးျမင့္ႏိုင္က အခုလို ေျပာပါတယ္။

"စစ္အာဏာသိမ္းၿပီးေနာက္မွာေတာ့ က်ေနာ္တို႔ လယ္ယာလုပ္ငန္းက႑က အႀကီးအက်ယ္ကို ထိခိုက္သြားပါတယ္။ အဓိက,က က်ေနာ္တို႔ ေတာင္သူေတြမွာ ဘာအခက္အခဲ ျဖစ္သြားလဲဆိုေတာ့ စက္သုံးဆီေဈးေပါ့။ စက္သုံးဆီေဈးကလည္း အဆမတန္ ျမင့္တက္သြားတယ္။ လက္တြန္းထြန္စက္ကေလးေတြ စက္မႈပိုင္းနဲ႔ သုံးတာကေတာ့ စိုက္ေရးပ်ိဳးေရးအေနနဲ႔ကေတာ့ စက္သုံးဆီ ေဈးႀကီးလာၾကေတာ့ စက္သမားေတြလည္း ေခါက္ေန (ရပ္ေန) ၾကရတာေပါ့။ ႏြားက အရင္ကဆို တ႐ြာလုံးတြက္ရင္ အရွဥ္း ေလးငါးရာေလာက္ကို ရွိႏိုင္တယ္။ အခုကေတာ့ တ႐ြာမွာ ရွိလွမွ ၁၅ ရွဥ္းထက္မရွိဘူး။ ခိုင္းႏြားေတြ ရွားပါသြားတဲ့အေနအထားမွာျဖစ္တာ အမွန္ပါ။"

အဲဒီလိုအေျခအေနေတြေၾကာင့္ ျမန္မာႏိုင္ငံရဲ႕ စိုက္ပ်ိဳးေရးဟာ စစ္အာဏာသိမ္းၿပီးေနာက္ပိုင္းမွာ စက္မႈလယ္ယာ အဆင့္မေရာက္ရွိတဲ့အျပင္ မူရင္းမိ႐ိုးဖလာ ကြၽဲႏြားနဲ႔လူလုပ္အား ေပါင္းစပ္ထြန္ယက္စိုက္ပ်ိဳးတဲ့ လက္မႈလယ္ယာ အဆင့္ကေတာင္မွ ေလ်ာ့က်သြားတယ္လို႔ ဆိုၾကပါတယ္။ စစ္အာဏာသိမ္းတဲ့ကာလ လက္ရွိအခ်ိန္အထိ ၂ ႏွစ္တာ ကာလအတြင္းမွာ ေတာင္သူလယ္သမားေတြအေနနဲ႔ ေနာက္ထပ္ ရင္ဆိုင္ၾကရတဲ့အေျခအေနဆိုးတခုကေတာ့ သြင္းအားစုလို႔ ေခၚၾကတဲ့ ျပည္ပကေနတင္သြင္းတဲ့ ဓါတ္ေျမၾသဇာ ေျမဆီေစ်းေတြ အဆမတန္ ေစ်းတက္ကုန္တာျဖစ္ပါတယ္။ အာဏာသိမ္းၿပီးတႏွစ္ၾကာမွ ျပည္ပကတင္သြင္းရတဲ့ ဓါတ္ေျမၾသဇာက ေျမဆီတအိတ္ကို တသိန္းေစ်းေပါက္ေနတဲ့အတြက္ ေတာင္သူလယ္သမားမ်ားစုဟာ မိမိတို႔ပိုင္ လယ္၊ ယာေျမေတြကို အျပည့္အဝမစိုက္တာ၊ တခ်ဳိ႕လည္း အကုန္ကိုမစိုက္ေတာ့ဘဲ ပ,လပ္ေျမအျဖစ္နဲ႔ လႊတ္ထားလိုက္တယ္လို႔ ဆိုပါတယ္။ အဲဒီလို အေျခအေနေတြေၾကာင့္ မိမိပိုင္ယာေျမအားလုံးကို စိုက္ပ်ဳိးျခင္းမရွိေတာ့ဘူးလို႔ မေကြးတိုင္းအတြင္းက ေတာင္သူႀကီးတဦးက အခုလိုေျပာပါတယ္။

“ဒီႏွစ္ေတာ့ ေျမၾသဇာေစ်းေတြ ႀကီးေတာ့ တြက္ေျခမွမကိုက္တာ။ အ႐ႈံးခံၿပီးေတာ့ မလုပ္ဘူး၊ တကြင္းလုံးကို လႊတ္ပစ္တာ၊ အကုန္လႊတ္ထားတာ၊ မလုပ္ၾကေတာ့ဘူး၊ လုပ္တဲ့လူကို မရွိေတာ့ဘူး။ ရတာနဲ႔ ကုန္တာနဲ႔ မကိုက္ေတာ့ မလုပ္ေတာ့ဘူး။”

အာဏာသိမ္းၿပီး တႏွစ္အၾကာမွွာ အစိုးရဘက္က စိုက္ပ်ဳိးစရိတ္ အမေတာ္ေၾကးထုတ္ေခ်းတာလည္း ေဒသအေတာ္မ်ားမ်ားမွာ သိပ္မေတြ႔ရေတာ့တာ၊ ဒါ့ျပင္ ထြက္ကုန္သီးႏွံေတြ ေစ်းေကာင္းမရရွိၾကတာေတြေၾကာင့္
ေတာင္သူေတြအေနနဲ႔ စုိက္ပ်ဳိးေျမေတြကို ပ,လပ္ၿပီးထားတာဟာ ဥပေဒေၾကာင္းအရ မညီညြတ္တာသိေပမယ့္ အ႐ံႈးခံၿပီး စိုက္ပ်ဳိးမေနၾကေတာ့ဘဲ စိုက္ပ်ဳိးေရးကို စြန္႔ခြာေနၾကတာျဖစ္ပါတယ္။

စစ္တပ္အာဏာသိ္မ္းၿပီးေနာက္ပိုင္းမွာ စစ္တပ္က လူထုအုံႂကြမႈကို အျပင္းထန္ဆုံး၊ အရက္စက္ဆုံး ဖိႏွိပ္လာခဲ့ရာမွာ စစ္ကိုင္းတိုင္းနဲ႔မေကြးတိုင္းေတြအတြင္း ဧရာဝတီျမစ္အေနာက္ပိုင္း ၿမိဳ႕နယ္တခ်ဳိ႕မွာ လက္လုပ္တူမီးေသနတ္အပါအဝင္ ရရာလက္နက္စြဲကိုင္ခုခံခဲ့ၾကပါတယ္။ အဲဒီလိုအေျခအေနေတြေၾကာင့္ စစ္ေကာင္စီတပ္ေတြကလည္း ေက်းရြာေတြမီးရိႈ႕တာအပါအဝင္ စုိက္ပ်ဳိးခင္းေတြကို ဖ်က္ဆီးတာ၊ ရလာတဲ့သီးႏွံေတြကို မီးရိႈ႔တာေတြလုပ္တဲ့အတြက္ အဲဒီေဒသေတြဘက္က စိုက္ပ်ဳိးေရးလုပ္ငန္းေတြဟာ မေရမရာအေျခအေနမွာ ရွိေနပါတယ္။ ဒါနဲ႔ပတ္သက္ၿပီး စစ္ကိုင္းတုိင္း ၊ ခ်င္းတြင္းျမစ္ကမ္းေဘးက ကနီၿမိဳ႕နယ္ ေရြးေကာက္ခံတိုင္းေဒသႀကီးလႊတ္ေတာ္ကိုယ္စားလွယ္ ဦးထြန္းထြန္းဝင္း က အခုလိုေျပာပါတယ္။

" အခုဟာက စစ္ပြဲေတြက ျဖစ္ေနတာဆိုေတာ့ လယ္ယာေျမတခ်ုိ႕ကေတာ့ မစိုက္ရဘူး။ ကြက္လပ္ေတြအမ်ားႀကီးက်န္ရစ္ခဲ့တယ္။ တခ်ုိ႕ဆိုလို႔ရွိရင္ လယ္ေတြ ရိတ္သိမ္းရိတ္ဆဲေတြကို စစ္တပ္ကေန မီးေတြဘာေတြရိႈ႔သြားတာေတြ ေတြ႔ရတယ္။ စပါးပုံေတြမီးရိႈ႕သြားတာေတြေတြ႔ရတယ္။ အခုဟာကေတာ့ ေလယာဥ္ေတြနဲ႔လာေတာ့ ေျပးရတာေပါ့ဗ်ာ။ အသက္လုေျပးရတာဆိုေတာ့ ရာႏႈန္းျပည့္မလုပ္ႏိုင္ဘူး "

ခ်င္းျပည္နယ္မွာလည္း ေဒသအမ်ားအျပားမွာ စစ္အာဏာသိမ္းၿပီးကတည္းက ေဒသခံ ခ်င္းတိုင္းရင္းသားေတြဟာ သူတို႔ရဲ႕မိရိုးဖလာ ေတာင္ယာလုပ္ငန္းကိုစြန္႔ခြာၿပီး အနီးဆုံး အိႏိၵယႏိုင္ငံ၊ မီဇိုရမ္းျပည္နယ္ကို ထြက္ေျပးၾကရသလို အမ်ားအျပားဟာလည္း ျပည္တြင္းဒုကၡသည္ IDP ေတြအေနနဲ႔ ေတာေတာင္ေတြထဲမွာ ပုန္းေအာင္းေနၾကရပါတယ္။ တခ်ဳိ႕လည္း ေတာင္ယာလုပ္ငန္းကို စစ္ေကာင္စီတပ္ေတြမသိေအာင္ ခိုးၿပီး ျပန္လုပ္ၾကတာေတြရွိေပမဲ့ ေတာင္ယာစပါးရိတ္သိမ္းခါနီးအခ်ိန္မွာ မီးရိႈ႕ဖ်က္ဆီးခံၾကရတာရွိတယ္လို႔ ဆုိပါတယ္။

အလားတူ ရွမ္းျပည္နယ္မွာလည္း ရွမ္းျပည္ေတာင္ပိုင္း RCSS/SSA နဲ႔ ေျမာက္ပိုင္း SSPP/SSA ၂ ဖြဲ႔တိုက္ပြဲေတြေၾကာင့္ေရာ တေအာင္း ပေလာင္ TNLA တပ္ဖြဲ႔ေတြနဲ႔ စစ္ေကာင္စီတပ္ဖြဲ႔ေတြၾကားတိုက္ပြဲေတြေၾကာင့္ ေဒသခံေတာင္သူေတြမွာ စုိက္ပ်ဳိးေရးေကာင္းေကာင္းမလုပ္ႏိုင္ၾကဘ စစ္ေျပးေနၾကရပါတယ္။ ဒါ့ျပင္ စစ္ေကာင္စီတပ္ဖြဲ႔ေတြနဲ႔ ေကအင္ယူတပ္ဖြဲ႔ေတြ တိုက္ပြဲေတြျဖစ္ေနတဲ့ကရင္ျပည္နယ္နဲ႔ တုိက္ပြဲေတြျပင္းထန္ေနတဲ့ကယားျပည္နယ္မွာလည္း ေဒသခံေတြဟာ စိုက္ပ်ဳိးေရးကိုစြန္႔ခြာၿပီး စစ္ေျပးေနၾကရတဲ့ ေဒသခံေတြ မ်ားျပားလာေနပါတယ္။

စစ္အာဏာသိမ္းၿပီး ၂ ႏွစ္တာကာလအတြင္း အဲဒီလို စုိက္ပ်ဳိးေရးလုပ္ငန္းေတြမွာ တိုးတက္မႈေတြမရွိၾကတဲ့အတြက္ ျမန္မာႏိုင္ငံမွာ ဘိန္းစိုက္ပ်ဳိးမႈကေတာ့ ၃၃ ရာခိုင္ႏႈန္း တိုးလာတယ္လို႔ ကုလသမဂၢ မူးယစ္ေဆးဝါးတိုက္ဖ်က္ေရးဌာန UNODC က ၿပီးခဲ့တဲ့လက ထုတ္ျပန္ထားပါတယ္။ ဒါဟာဆိုရင္ ေဒသတြင္း ႏိုင္ငံေတြကို အႀကီးအက်ယ္ ရိုက္ခတ္မႈေတြ ျဖစ္ပြားလာႏိုင္တယ္လို႔လည္း အဲဒီ ထုတ္ျပန္ခ်က္မွာ ပါရွိပါတယ္ခင္ဗ်ာ။

တိုက္႐ိုက္ လင့္ခ္

=====================

[[Unicode]]

အာဏာသိမ်း ၂ နှစ်တာအတွင်း စိုက်ပျိုးရေး အခြေအနေ

စစ်တပ်အာဏာသိမ်းတဲ့ ၂ နှစ်တာကာလအတွင်း အရင်ကတည်းကနိမ့်ကျနေတဲ့ မြန်မာနိုင်ငံရဲ့အဓိကစီးပွားရေး မဏ္ဍိုင်ဖြစ်တဲ့ စိုက်ပျိုးရေးကဏ္ဍဟာ ဘက်ပေါင်းစုံကနေ ချွတ်ခြုံကျသွားပါတယ်။ ကျေးလက်နေလူငယ်တွေ မိမိနေရပ်ကို စွန့်ခွာသွားကြသလို မိရိုးဖလာခိုင်းနွားတွေ ရှားပါးလာတာ၊ ထွက်လာတဲ့သီးနှံတွေကလည်း ဈေးကောင်းမရတဲ့အတွက် တောင်သူလယ်သမားတွေ မိမိတို့ပိုင်လယ်ယာမြေတွေကို အပြည့်အဝမစိုက်ပျိုးတော့ဘဲ ပ,လပ်မြေအဖြစ် ထားကုန်လာကြကြောင်း ကိုခင်မောင်စိုးမင်းက စုစည်းတင်ဆက်ထားပါတယ်။

ပြီးခဲ့တဲ့ ၂ဝ၂၁ ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်တပ်အာဏာသိမ်းပြီးကတည်းက အခုအချိန်အထိ ၂ နှစ်တာကာလအတွင်း ကျေးလက်ဒေသတွေမှာ ပထမဆုံးဖြစ်ပေါ်လာတာကတော့ လူဦးရေ သိသိသာသာ ကျဆင်းသွားတာပါပဲ။ အဲဒီလို ကျေးလက်တွေမှာ လူဦးရေကျဆင်းသွားတဲ့အထဲမှာမှ အရွယ်ကောင်းလူငယ်လူရွယ်တွေက အများစုဖြစ်ကြပါတယ်။ လူငယ်တွေကသာ ကျေးလက်စိုက်ပျိုးရေးကို အဓိလုပ်ကိုင်နေကြတာဖြစ်ကြပြီး မိမိတို့လယ်မြေ၊ ယာမြေတွေကို သွားရောက် အလုပ်လုပ်နေတဲ့အချိန်မှာ စစ်ကောင်စီတပ်ဖွဲ့တွေ စစ်ကြောင်းလှည့်လာတာနဲ့တွေ့ရင် ရိုက်နှက်ဖမ်းဆီးခံရတာ၊ အသက်ဆုံးရှုံးတဲ့အထိ ပစ်ခတ်ခံရတာတွေရှိပါတယ်။ ဒါနဲ့ပတ်သက်ပြီး မြေလတ်ဒေသက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD အစိုးရလက်ထက်က ကျေးရွာအုပ်ချုပ်ရေးမှူးဟောင်းဦးတင်စိုးက အခုလိုပြောပါတယ်။

"နဂိုကမှ အလုပ်သမားရှားရတဲ့အထဲမှာ အခုလို အာဏာသိမ်းပြီးနောက်ပိုင်း ကိုယ့်ယာထဲ ချောင်းထဲမှာ အလုပ်ကို လွတ်လွတ်လပ်လပ် လုပ်လို့မရဘူး။ အခုအချိန်မှာ စစ်ကြောင်းတွေလာပြီဆိုလို့ရှိရင် ပြေးရတယ်။ ကိုယ့်အလုပ်ကို ထားခဲ့ပြီး ပြေးရတယ်။ တွေ့ရင်လည်း တွေ့သလို၊ ပြေးရင်လည်းပစ်မှာကြောက်ရ၊ မထင်ရင်မထင်သလို ဖမ်းမှာကြောက်ရ၊ လူကောင်းလူဆိုးလည်း ခွဲတာမဟုတ်၊ အကျိုးအကြောင်းလည်း ပြောလို့ရတာမဟုတ်၊ ဒါတွေကြောင့် ကိုယ့် ယာထဲ ချောင်းထဲကို လုပ်ကိုင်ရဲတာ မရှိကြတော့ဘူး။ အဲဒီလို ကြောက်နေကြရတော့ တချို့ ကိုယ့်ဒေသကို စွန့်ခွာပြီးတော့ အလုပ်သွားလုပ်ကြရရော။ အဲဒီတော့ ကျေးလက်ဒေသတွေမှာ အလုပ်သမားရှားပါးမှု ပြဿနာကို ရင်ဆိုင်နေကြရတယ်။"

အဲဒီလို အခြေအနေတွေကြောင့် ကျေးလက်လူငယ်တွေဟာ သူတို့ရဲ့ ဇာတိရွာနဲ့ စိုက်ပျိုးရေး လုပ်ငန်းတွေကို စွန့်ခွာပြီး မြို့ကြီးတွေအပါအဝင် ပြည်တွင်းက အလုပ်အကိုင် ရရှိနိုင်တဲ့ဒေသတွေ၊ ထိုင်းအပါအဝင် အိမ်နီးချင်းနိုင်ငံတွေကို တရားမဝင်သွားရောက် အလုပ်လုပ်ကိုင်ကြဖို့ စွန့်စားထွက်ခွာကုန်ကြပါတယ်။ အဲဒီအတွက် ပထမဆုံးရလဒ်ကတော့ လယ်ယာ စိုက်ပျိုးရေးကဏ္ဍမှာ လုပ်သားရှားပါကုန်တာပြီး အချိန်မီမစိုက်ပျိုးနိုင်၊ အချိန်မီမရိတ်သိမ်းနိုင်ဘဲ လယ်ယာလုပ်ငန်းခွင်မှာ အကြီးအကျယ် ထိခိုက်ဆုတ်ယုတ်လာပါတယ်။

စစ်အာဏာသိမ်းထားတဲ့ကာလမှာ လုပ်သားရှားပါးမှုလိုပါပဲ နောက်ထပ် ကြုံတွေ့ရတဲ့ အခြေအနေတခုကတော့ လောင်စာဈေးတွေ အဆမတန်တက်ခဲ့တဲ့အတွက်ကြောင့် တပိုင်တနိုင် လက်တွန်းထွန်စက်တွေအပါအဝင် လယ်ယာသုံး စက်ပစ္စည်းကို အသုံးမပြုနိုင်ကြတော့ပါဘူး။ အဲဒီလို လယ်ယာသုံးစက်ပစ္စည်းတွေကိုမသုံးဘဲ ခေတ်အဆက်ဆက် သုံးလာခဲ့ကြတဲ့ မိရိုးဖလာ ခိုင်းနွားတွေကို ပြန်လည် သုံးပြုဖို့ဆိုတော့လည်း အဲဒီ ခိုင်းနွားတွေလည်း အတော်ကို ရှားကုန်ပါပြီ။

ဒီလိုအခြေအနေတွေနဲ့ ပတ်သက်ပြီးတော့လည်း မကွေးတိုင်း မင်းဘူးမြို့နယ်က ကိုယ်တိုင်လည်း လယ်သမားတဦးဖြစ်ပြီး လယ်သမားအရေးကိုပါ ဆောင်ရွက်နေတဲ့ဦးမြင့်နိုင်က အခုလို ပြောပါတယ်။

"စစ်အာဏာသိမ်းပြီးနောက်မှာတော့ ကျနော်တို့ လယ်ယာလုပ်ငန်းကဏ္ဍက အကြီးအကျယ်ကို ထိခိုက်သွားပါတယ်။ အဓိက,က ကျနော်တို့ တောင်သူတွေမှာ ဘာအခက်အခဲ ဖြစ်သွားလဲဆိုတော့ စက်သုံးဆီဈေးပေါ့။ စက်သုံးဆီဈေးကလည်း အဆမတန် မြင့်တက်သွားတယ်။ လက်တွန်းထွန်စက်ကလေးတွေ စက်မှုပိုင်းနဲ့ သုံးတာကတော့ စိုက်ရေးပျိုးရေးအနေနဲ့ကတော့ စက်သုံးဆီ ဈေးကြီးလာကြတော့ စက်သမားတွေလည်း ခေါက်နေ (ရပ်နေ) ကြရတာပေါ့။ နွားက အရင်ကဆို တရွာလုံးတွက်ရင် အရှဉ်း လေးငါးရာလောက်ကို ရှိနိုင်တယ်။ အခုကတော့ တရွာမှာ ရှိလှမှ ၁၅ ရှဉ်းထက်မရှိဘူး။ ခိုင်းနွားတွေ ရှားပါသွားတဲ့အနေအထားမှာဖြစ်တာ အမှန်ပါ။"

အဲဒီလိုအခြေအနေတွေကြောင့် မြန်မာနိုင်ငံရဲ့ စိုက်ပျိုးရေးဟာ စစ်အာဏာသိမ်းပြီးနောက်ပိုင်းမှာ စက်မှုလယ်ယာ အဆင့်မရောက်ရှိတဲ့အပြင် မူရင်းမိရိုးဖလာ ကျွဲနွားနဲ့လူလုပ်အား ပေါင်းစပ်ထွန်ယက်စိုက်ပျိုးတဲ့ လက်မှုလယ်ယာ အဆင့်ကတောင်မှ လျော့ကျသွားတယ်လို့ ဆိုကြပါတယ်။ စစ်အာဏာသိမ်းတဲ့ကာလ လက်ရှိအချိန်အထိ ၂ နှစ်တာ ကာလအတွင်းမှာ တောင်သူလယ်သမားတွေအနေနဲ့ နောက်ထပ် ရင်ဆိုင်ကြရတဲ့အခြေအနေဆိုးတခုကတော့ သွင်းအားစုလို့ ခေါ်ကြတဲ့ ပြည်ပကနေတင်သွင်းတဲ့ ဓါတ်မြေသြဇာ မြေဆီဈေးတွေ အဆမတန် ဈေးတက်ကုန်တာဖြစ်ပါတယ်။ အာဏာသိမ်းပြီးတနှစ်ကြာမှ ပြည်ပကတင်သွင်းရတဲ့ ဓါတ်မြေသြဇာက မြေဆီတအိတ်ကို တသိန်းဈေးပေါက်နေတဲ့အတွက် တောင်သူလယ်သမားများစုဟာ မိမိတို့ပိုင် လယ်၊ ယာမြေတွေကို အပြည့်အဝမစိုက်တာ၊ တချို့လည်း အကုန်ကိုမစိုက်တော့ဘဲ ပ,လပ်မြေအဖြစ်နဲ့ လွှတ်ထားလိုက်တယ်လို့ ဆိုပါတယ်။ အဲဒီလို အခြေအနေတွေကြောင့် မိမိပိုင်ယာမြေအားလုံးကို စိုက်ပျိုးခြင်းမရှိတော့ဘူးလို့ မကွေးတိုင်းအတွင်းက တောင်သူကြီးတဦးက အခုလိုပြောပါတယ်။

“ဒီနှစ်တော့ မြေသြဇာဈေးတွေ ကြီးတော့ တွက်ခြေမှမကိုက်တာ။ အရှုံးခံပြီးတော့ မလုပ်ဘူး၊ တကွင်းလုံးကို လွှတ်ပစ်တာ၊ အကုန်လွှတ်ထားတာ၊ မလုပ်ကြတော့ဘူး၊ လုပ်တဲ့လူကို မရှိတော့ဘူး။ ရတာနဲ့ ကုန်တာနဲ့ မကိုက်တော့ မလုပ်တော့ဘူး။”

အာဏာသိမ်းပြီး တနှစ်အကြာမှာ အစိုးရဘက်က စိုက်ပျိုးစရိတ် အမတော်ကြေးထုတ်ချေးတာလည်း ဒေသအတော်များများမှာ သိပ်မတွေ့ရတော့တာ၊ ဒါ့ပြင် ထွက်ကုန်သီးနှံတွေ ဈေးကောင်းမရရှိကြတာတွေကြောင့်
တောင်သူတွေအနေနဲ့ စိုက်ပျိုးမြေတွေကို ပ,လပ်ပြီးထားတာဟာ ဥပဒေကြောင်းအရ မညီညွတ်တာသိပေမယ့် အရှုံးခံပြီး စိုက်ပျိုးမနေကြတော့ဘဲ စိုက်ပျိုးရေးကို စွန့်ခွာနေကြတာဖြစ်ပါတယ်။

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းမှာ စစ်တပ်က လူထုအုံကြွမှုကို အပြင်းထန်ဆုံး၊ အရက်စက်ဆုံး ဖိနှိပ်လာခဲ့ရာမှာ စစ်ကိုင်းတိုင်းနဲ့မကွေးတိုင်းတွေအတွင်း ဧရာဝတီမြစ်အနောက်ပိုင်း မြို့နယ်တချို့မှာ လက်လုပ်တူမီးသေနတ်အပါအဝင် ရရာလက်နက်စွဲကိုင်ခုခံခဲ့ကြပါတယ်။ အဲဒီလိုအခြေအနေတွေကြောင့် စစ်ကောင်စီတပ်တွေကလည်း ကျေးရွာတွေမီးရှို့တာအပါအဝင် စိုက်ပျိုးခင်းတွေကို ဖျက်ဆီးတာ၊ ရလာတဲ့သီးနှံတွေကို မီးရှို့တာတွေလုပ်တဲ့အတွက် အဲဒီဒေသတွေဘက်က စိုက်ပျိုးရေးလုပ်ငန်းတွေဟာ မရေမရာအခြေအနေမှာ ရှိနေပါတယ်။ ဒါနဲ့ပတ်သက်ပြီး စစ်ကိုင်းတိုင်း ၊ ချင်းတွင်းမြစ်ကမ်းဘေးက ကနီမြို့နယ် ရွေးကောက်ခံတိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးထွန်းထွန်းဝင်း က အခုလိုပြောပါတယ်။

" အခုဟာက စစ်ပွဲတွေက ဖြစ်နေတာဆိုတော့ လယ်ယာမြေတချို့ကတော့ မစိုက်ရဘူး။ ကွက်လပ်တွေအများကြီးကျန်ရစ်ခဲ့တယ်။ တချို့ဆိုလို့ရှိရင် လယ်တွေ ရိတ်သိမ်းရိတ်ဆဲတွေကို စစ်တပ်ကနေ မီးတွေဘာတွေရှို့သွားတာတွေ တွေ့ရတယ်။ စပါးပုံတွေမီးရှို့သွားတာတွေတွေ့ရတယ်။ အခုဟာကတော့ လေယာဉ်တွေနဲ့လာတော့ ပြေးရတာပေါ့ဗျာ။ အသက်လုပြေးရတာဆိုတော့ ရာနှုန်းပြည့်မလုပ်နိုင်ဘူး "

ချင်းပြည်နယ်မှာလည်း ဒေသအများအပြားမှာ စစ်အာဏာသိမ်းပြီးကတည်းက ဒေသခံ ချင်းတိုင်းရင်းသားတွေဟာ သူတို့ရဲ့မိရိုးဖလာ တောင်ယာလုပ်ငန်းကိုစွန့်ခွာပြီး အနီးဆုံး အိန္ဒိယနိုင်ငံ၊ မီဇိုရမ်းပြည်နယ်ကို ထွက်ပြေးကြရသလို အများအပြားဟာလည်း ပြည်တွင်းဒုက္ခသည် IDP တွေအနေနဲ့ တောတောင်တွေထဲမှာ ပုန်းအောင်းနေကြရပါတယ်။ တချို့လည်း တောင်ယာလုပ်ငန်းကို စစ်ကောင်စီတပ်တွေမသိအောင် ခိုးပြီး ပြန်လုပ်ကြတာတွေရှိပေမဲ့ တောင်ယာစပါးရိတ်သိမ်းခါနီးအချိန်မှာ မီးရှို့ဖျက်ဆီးခံကြရတာရှိတယ်လို့ ဆိုပါတယ်။

အလားတူ ရှမ်းပြည်နယ်မှာလည်း ရှမ်းပြည်တောင်ပိုင်း RCSS/SSA နဲ့ မြောက်ပိုင်း SSPP/SSA ၂ ဖွဲ့တိုက်ပွဲတွေကြောင့်ရော တအောင်း ပလောင် TNLA တပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတပ်ဖွဲ့တွေကြားတိုက်ပွဲတွေကြောင့် ဒေသခံတောင်သူတွေမှာ စိုက်ပျိုးရေးကောင်းကောင်းမလုပ်နိုင်ကြဘ စစ်ပြေးနေကြရပါတယ်။ ဒါ့ပြင် စစ်ကောင်စီတပ်ဖွဲ့တွေနဲ့ ကေအင်ယူတပ်ဖွဲ့တွေ တိုက်ပွဲတွေဖြစ်နေတဲ့ကရင်ပြည်နယ်နဲ့ တိုက်ပွဲတွေပြင်းထန်နေတဲ့ကယားပြည်နယ်မှာလည်း ဒေသခံတွေဟာ စိုက်ပျိုးရေးကိုစွန့်ခွာပြီး စစ်ပြေးနေကြရတဲ့ ဒေသခံတွေ များပြားလာနေပါတယ်။

စစ်အာဏာသိမ်းပြီး ၂ နှစ်တာကာလအတွင်း အဲဒီလို စိုက်ပျိုးရေးလုပ်ငန်းတွေမှာ တိုးတက်မှုတွေမရှိကြတဲ့အတွက် မြန်မာနိုင်ငံမှာ ဘိန်းစိုက်ပျိုးမှုကတော့ ၃၃ ရာခိုင်နှုန်း တိုးလာတယ်လို့ ကုလသမဂ္ဂ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးဌာန UNODC က ပြီးခဲ့တဲ့လက ထုတ်ပြန်ထားပါတယ်။ ဒါဟာဆိုရင် ဒေသတွင်း နိုင်ငံတွေကို အကြီးအကျယ် ရိုက်ခတ်မှုတွေ ဖြစ်ပွားလာနိုင်တယ်လို့လည်း အဲဒီ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်ခင်ဗျာ။

ဆက္စပ္သတင္းမ်ား ...

XS
SM
MD
LG