သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ယူကရိန္းအေပၚ ႐ုရွားေက်ာ္စစ္ အသြင္ေျပာင္းလာၿပီလား


UKRAINE-CRISIS/POLAND-MILITARY

[[Zawgyi/Unicode]]

ယူကရိန္းကို အေနာက္ႏိုင္ငံေတြက စစ္ေရးအကူညီတိုးျမႇင့္ေပးအပ္ခဲ့တဲ့ေနာက္မွာ ႐ုရွားရဲ႕စစ္ဆင္ႏႊဲမႈဟာ ပုံစံေျပာင္းလာေနၿပီး အရင္က အထူးစစ္ဆင္ေရးအျဖစ္ ႐ုရွားသမၼတ Vladimir Putin ေျပာဆိုၿပီးတိုက္ခိုက္ေနရာကေန အခု NATO စစ္မဟာမိတ္အဖြဲ႕နဲ႔ အေနာက္ႏိုင္ငံေတြကို တိုက္ခိုက္တဲ့ အေနထားျဖစ္လာေနတယ္လို႔ အီးယူ ဥေရာပသမဂၢ ႏိုင္ငံျခားေရးဌာန EEAS အႀကီးအကဲ Stefano Sannino က တိုက်ိဳမွာ ေသာၾကာေန႔က သတင္းစာရွင္းလင္းပြဲမွာ ေျပာပါတယ္။

“အခု ေနာက္ဆုံး ယူကရိန္းအတြက္ လက္နက္ေတြေပးပို႔မႈကေန ယူကရိန္းတိုက္ပြဲအေျခအေန ေျပာင္းလာေနတာျဖစ္ၿပီး ႐ုရွားဘက္က အရင္လိုမဟုတ္ဘဲ တိုက္ခိုက္မႈပုံစံေျပာင္းလာတာေတြ႔ ရပါတယ္။ သူတို႔ဟာ စစ္ေရးပစ္မွတ္ေတြကိုေရာ အေရးပါတဲ့ အေျခခံအေဆာက္အအုံေတြကိုပါ မတိုက္ခိုက္ၾကေတာ့ဘဲ ၿမိဳ႕ႀကီးေတြ၊ ယူကရိန္းျပည္သူေတြနဲ႔ ႏိုင္ငံသားေတြကို ပစ္မွတ္ထားလာတာျဖစ္တဲ့အတြက္ ယူကရိန္းႏိုင္ငံသားေတြ သူတို႔ကိုယ္သူတို႔ ခုခံကာကြယ္ခြင့္ေပးသလို ျဖစ္လာပါတယ္”- လို႔ေျပာသြားတာပါ။

႐ုရွားရဲ႕အင္အားႀကီးတဲ့ စစ္လက္နက္ေတြကို တြန္းလွန္ႏိုင္ဖို႔ အေမရိကန္နဲ႔ဂ်ာမနီတို႔က ဒီသီတင္းပတ္ထဲမွာပဲ ယူကရိန္းအတြက္ စစ္ေျမျပင္သုံး အဆင့္ျမင့္တင့္ကားေတြေပးမယ္လို႔ ေၾကညာခဲ့ၿပီးတဲ့ေနာက္ အီးယူက အခုလို ေျပာၾကားလိုက္တာ ျဖစ္ပါတယ္။ ႐ုရွားက ယူကရိန္းက ေနရာအမ်ားအျပားကို မစ္ဇိုင္းဒုံးက်ည္ေတြနဲ႔ ပစ္ခတ္ခဲ့တဲ့အတြက္ ၾကာသပေတးေန႔မွာ ၁၁ ဦးေသဆုံးရသလို ေသာၾကာေန႔မွာ ေနာက္ထပ္ ၁၀ ဦး ေသဆုံးၿပီး ဒါဇင္နဲ႔ခ်ီ ဒဏ္ရာေတြရခဲ့တာေၾကာင့္လည္း အခုလို တုံ႔ျပန္ေျပာဆိုတာ ျဖစ္ပါတယ္။ အေနာက္ႏိုင္ငံေတြက အကူညီေတြ ထပ္ေပးေနတာဟာ စစ္ပြဲ အရွိန္ျမႇင့္ဖို႔မဟုတ္ဘဲ ယူကရိန္းေတြ သူတို႔ကိုယ္ သူတို႔ ခုခံကာကြယ္ခြင့္ ရဖို႔ ျဖစ္တယ္လို႔လည္း ေျပာပါတယ္။

ယူကရိန္းသမၼတ Volodymir Zelenskyy ကေတာ့ ယူကရိန္းအတြက္ တင့္ကားေတြအပါအဝင္ လက္နက္ပစၥည္း အကူညီေပးမယ့္ ႏိုင္ငံေတြ တိုးလာတာအတြက္ ေက်းဇူးတင္ေၾကာင္း ေျပာၾကားခဲ့သလို အင္အားႀကီးတဲ့ ႐ုရွားရဲ႕တိုက္ခိုက္မႈကိုတြန္းလွန္ဖို႔ သင့္ေလ်ာ္တဲ့လက္နက္ လိုအပ္ေၾကာင္း ေျပာၾကားခဲ့တာ ျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္

===============

[[Unicode]]

ယူကရိန်းအပေါ် ရုရှားကျော်စစ် အသွင်ပြောင်းလာပြီလား

ယူကရိန်းကို အနောက်နိုင်ငံတွေက စစ်ရေးအကူညီတိုးမြှင့်ပေးအပ်ခဲ့တဲ့နောက်မှာ ရုရှားရဲ့စစ်ဆင်နွှဲမှုဟာ ပုံစံပြောင်းလာနေပြီး အရင်က အထူးစစ်ဆင်ရေးအဖြစ် ရုရှားသမ္မတ Vladimir Putin ပြောဆိုပြီးတိုက်ခိုက်နေရာကနေ အခု NATO စစ်မဟာမိတ်အဖွဲ့နဲ့ အနောက်နိုင်ငံတွေကို တိုက်ခိုက်တဲ့ အနေထားဖြစ်လာနေတယ်လို့ အီးယူ ဥရောပသမဂ္ဂ နိုင်ငံခြားရေးဌာန EEAS အကြီးအကဲ Stefano Sannino က တိုကျိုမှာ သောကြာနေ့က သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

“အခု နောက်ဆုံး ယူကရိန်းအတွက် လက်နက်တွေပေးပို့မှုကနေ ယူကရိန်းတိုက်ပွဲအခြေအနေ ပြောင်းလာနေတာဖြစ်ပြီး ရုရှားဘက်က အရင်လိုမဟုတ်ဘဲ တိုက်ခိုက်မှုပုံစံပြောင်းလာတာတွေ့ ရပါတယ်။ သူတို့ဟာ စစ်ရေးပစ်မှတ်တွေကိုရော အရေးပါတဲ့ အခြေခံအဆောက်အအုံတွေကိုပါ မတိုက်ခိုက်ကြတော့ဘဲ မြို့ကြီးတွေ၊ ယူကရိန်းပြည်သူတွေနဲ့ နိုင်ငံသားတွေကို ပစ်မှတ်ထားလာတာဖြစ်တဲ့အတွက် ယူကရိန်းနိုင်ငံသားတွေ သူတို့ကိုယ်သူတို့ ခုခံကာကွယ်ခွင့်ပေးသလို ဖြစ်လာပါတယ်”- လို့ပြောသွားတာပါ။

ရုရှားရဲ့အင်အားကြီးတဲ့ စစ်လက်နက်တွေကို တွန်းလှန်နိုင်ဖို့ အမေရိကန်နဲ့ဂျာမနီတို့က ဒီသီတင်းပတ်ထဲမှာပဲ ယူကရိန်းအတွက် စစ်မြေပြင်သုံး အဆင့်မြင့်တင့်ကားတွေပေးမယ်လို့ ကြေညာခဲ့ပြီးတဲ့နောက် အီးယူက အခုလို ပြောကြားလိုက်တာ ဖြစ်ပါတယ်။ ရုရှားက ယူကရိန်းက နေရာအများအပြားကို မစ်ဇိုင်းဒုံးကျည်တွေနဲ့ ပစ်ခတ်ခဲ့တဲ့အတွက် ကြာသပတေးနေ့မှာ ၁၁ ဦးသေဆုံးရသလို သောကြာနေ့မှာ နောက်ထပ် ၁၀ ဦး သေဆုံးပြီး ဒါဇင်နဲ့ချီ ဒဏ်ရာတွေရခဲ့တာကြောင့်လည်း အခုလို တုံ့ပြန်ပြောဆိုတာ ဖြစ်ပါတယ်။ အနောက်နိုင်ငံတွေက အကူညီတွေ ထပ်ပေးနေတာဟာ စစ်ပွဲ အရှိန်မြှင့်ဖို့မဟုတ်ဘဲ ယူကရိန်းတွေ သူတို့ကိုယ် သူတို့ ခုခံကာကွယ်ခွင့် ရဖို့ ဖြစ်တယ်လို့လည်း ပြောပါတယ်။

ယူကရိန်းသမ္မတ Volodymir Zelenskyy ကတော့ ယူကရိန်းအတွက် တင့်ကားတွေအပါအဝင် လက်နက်ပစ္စည်း အကူညီပေးမယ့် နိုင်ငံတွေ တိုးလာတာအတွက် ကျေးဇူးတင်ကြောင်း ပြောကြားခဲ့သလို အင်အားကြီးတဲ့ ရုရှားရဲ့တိုက်ခိုက်မှုကိုတွန်းလှန်ဖို့ သင့်လျော်တဲ့လက်နက် လိုအပ်ကြောင်း ပြောကြားခဲ့တာ ဖြစ်ပါတယ်။

XS
SM
MD
LG