[[Zawgyi/Unicode]]
Patriot မစ္ဇိုင္းဒုံးရန္ကာကြယ္ေရးစနစ္နဲ႔ပတ္သက္လို႔ ယူကရိန္းစစ္ဘက္ တပ္ဖြဲ႔ ဝင္ေတြကို အေမရိကန္ျပည္ေထာင္စုမွာ ေလ့က်င့္သင္တန္းေပးေတာ့မယ္လို႔ အေမရိကန္စစ္ဘက္အရာရွိတဦးက ဗြီအိုေအကို အဂၤါေန႔က ေျပာပါတယ္။
ယူကရိန္းတပ္ဖြဲ႔ဝင္ ၁၀၀ ေလာက္ကို ဒီလေႏွာင္းပိုင္းက်ရင္ Oklahoma ျပည္နယ္ Fort Sill အေျခစိုက္စခန္းမွာ သင္တန္းေပးမွာပါ။ Patriot စနစ္ထိ မြမ္းမံထိန္းသိမ္းေရးအတြက္ ေလ့က်င့္မႈေတြဟာ လေတြနဲ႔ခ်ီၾကာႏိုင္တယ္လို႔လည္း ေျပာပါတယ္။ အေမရိကန္ လက္နက္ႀကီးသင္တန္းေက်ာင္း Fort Sill မွာေပးမယ့္ ဒီ သင္တန္းကို အေမရိကန္ေျမမွာေပးမလား၊ ႏိုင္ငံရပ္ျခားမွာေပးမလား ဒါမွမဟုတ္ ႏွစ္ေနရာေပါင္းၿပီးက်င္းပမလားဆိုတာ ပင္တဂြန္စစ္ဌာနခ်ဳပ္က စဥ္းစားခဲ့ေၾကာင္း ပင္တဂြန္ေျပာခြင့္ရ ဗိုလ္မႉးခ်ဳပ္ Pat Ryder က ၿပီးခဲ့တဲ့ တပတ္မွာေျပာပါတယ္။
ဒါ့အျပင္ ႐ုရွားတို႔က်ဴးေက်ာ္တိုက္ခိုက္မႈနဲ႔ ရင္ဆိုင္ေနရတဲ့ယူကရိန္းအတြက္ ေနာက္ထပ္စစ္ေပးအပ္မယ့္ စစ္ေရးအကူအညီတစိတ္တပိုင္းအျဖစ္ Bradley တိုက္ခိုက္ေရးယာဥ္အစင္း ၅၀ ေပးပို႔သြားမယ္လို႔ ပင္တဂြန္က ၿပီးခဲ့တဲ့တပတ္မွာေျပာပါတယ္။ Bradley ယာဥ္ေတြထဲမွာ TOW တင့္ကားပစ္မစ္ဇိုင္းဒုံးရန္ ကာကြယ္ေရးစနစ္နဲ႔အတူ ေထာင္နဲ႔ခ်ီတဲ့လက္နက္ခဲယမ္းေတြလည္း ပါဝင္မယ္လို႔ ေသာၾကာေန႔ ထုတ္ျပန္ခ်က္မတိုင္ခင္ VOA က ရရွိခဲ့တဲ့ တရားဝင္စာ႐ြက္စာတမ္းတခုမွာ ေတြ႔ရပါတယ္။
႐ုရွားက်ဴးေက်ာ္စစ္နဲ႔တႏွစ္နီးပါးရင္ဆိုင္ေနရတဲ့ ယူကရိန္းအတြက္ ေပးအပ္မယ့္ စစ္ေရးအကူအညီေတြထဲမွာ အဆင့္ျမင့္ ေလေၾကာင္းရန္ကာကြယ္ေရးစနစ္အပါအဝင္ ပစၥည္းကိရိယာေတြေပးအပ္သြားမယ္လို႔ NATO နဲ႔ ဥေရာသမဂၢ EU ေခါင္းေဆာင္ေတြကလည္း ထပ္မံ ကတိျပဳထားၾကပါတယ္။
================
[[Unicode]]
ယူကရိန်းတပ်တွေကို Patriots မစ်ဇိုင်းဒုံး အသုံးပြုနည်း အမေရိကန် သင်တန်းပေးမည်
Patriot မစ်ဇိုင်းဒုံးရန်ကာကွယ်ရေးစနစ်နဲ့ပတ်သက်လို့ ယူကရိန်းစစ်ဘက် တပ်ဖွဲ့ ဝင်တွေကို အမေရိကန်ပြည်ထောင်စုမှာ လေ့ကျင့်သင်တန်းပေးတော့မယ်လို့ အမေရိကန်စစ်ဘက်အရာရှိတဦးက ဗွီအိုအေကို အင်္ဂါနေ့က ပြောပါတယ်။
ယူကရိန်းတပ်ဖွဲ့ဝင် ၁၀၀ လောက်ကို ဒီလနှောင်းပိုင်းကျရင် Oklahoma ပြည်နယ် Fort Sill အခြေစိုက်စခန်းမှာ သင်တန်းပေးမှာပါ။ Patriot စနစ်ထိ မွမ်းမံထိန်းသိမ်းရေးအတွက် လေ့ကျင့်မှုတွေဟာ လတွေနဲ့ချီကြာနိုင်တယ်လို့လည်း ပြောပါတယ်။ အမေရိကန် လက်နက်ကြီးသင်တန်းကျောင်း Fort Sill မှာပေးမယ့် ဒီ သင်တန်းကို အမေရိကန်မြေမှာပေးမလား၊ နိုင်ငံရပ်ခြားမှာပေးမလား ဒါမှမဟုတ် နှစ်နေရာပေါင်းပြီးကျင်းပမလားဆိုတာ ပင်တဂွန်စစ်ဌာနချုပ်က စဉ်းစားခဲ့ကြောင်း ပင်တဂွန်ပြောခွင့်ရ ဗိုလ်မှူးချုပ် Pat Ryder က ပြီးခဲ့တဲ့ တပတ်မှာပြောပါတယ်။
ဒါ့အပြင် ရုရှားတို့ကျူးကျော်တိုက်ခိုက်မှုနဲ့ ရင်ဆိုင်နေရတဲ့ယူကရိန်းအတွက် နောက်ထပ်စစ်ပေးအပ်မယ့် စစ်ရေးအကူအညီတစိတ်တပိုင်းအဖြစ် Bradley တိုက်ခိုက်ရေးယာဉ်အစင်း ၅၀ ပေးပို့သွားမယ်လို့ ပင်တဂွန်က ပြီးခဲ့တဲ့တပတ်မှာပြောပါတယ်။ Bradley ယာဉ်တွေထဲမှာ TOW တင့်ကားပစ်မစ်ဇိုင်းဒုံးရန် ကာကွယ်ရေးစနစ်နဲ့အတူ ထောင်နဲ့ချီတဲ့လက်နက်ခဲယမ်းတွေလည်း ပါဝင်မယ်လို့ သောကြာနေ့ ထုတ်ပြန်ချက်မတိုင်ခင် VOA က ရရှိခဲ့တဲ့ တရားဝင်စာရွက်စာတမ်းတခုမှာ တွေ့ရပါတယ်။
ရုရှားကျူးကျော်စစ်နဲ့တနှစ်နီးပါးရင်ဆိုင်နေရတဲ့ ယူကရိန်းအတွက် ပေးအပ်မယ့် စစ်ရေးအကူအညီတွေထဲမှာ အဆင့်မြင့် လေကြောင်းရန်ကာကွယ်ရေးစနစ်အပါအဝင် ပစ္စည်းကိရိယာတွေပေးအပ်သွားမယ်လို့ NATO နဲ့ ဥရောသမဂ္ဂ EU ခေါင်းဆောင်တွေကလည်း ထပ်မံ ကတိပြုထားကြပါတယ်။