သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ရန္ကုန္ၿမိဳ႕က ဆင္းရဲသားေတြ ဝင္ေငြမရွိျဖစ္ေနရေၾကာင္း ကုလေလ့လာခ်က္ေတြ႔ရွိ 


People life

{{Zawgyi/Unicode}}

ရန္ကုန္ၿမိဳ႕က အဆင္းရဲဆံုးေဒသေတြမွာ ေနထိုင္ၾကသူလူထုရဲ႕ ေလးပံုတပံုဟာ ၿပီးခဲ႔တဲ႔ ၁၂ လအတြင္း ဝင္ေငြမရွိခဲ့ၾကေၾကာင္း ကုလသမဂၢ ဖြံ႔ၿဖိဳးေရးအစီအစဥ္ UNDP ရဲ႕ အစီရင္ခံစာသစ္က ေဖာ္ျပပါတယ္။

UNDP က ရန္ကုန္မွာ လူ ၃,၀၀၀ ကို စစ္တမ္းေကာက္ယူခဲ႔တာမွာ အဲဒီထဲက သံုးပံုတပံုေက်ာ္က သူတို႔ ထမင္းေလွ်ာ့စားၾကေၾကာင္း ေျဖၾကားခဲ့ၾကသလို ဒီလူေတြရဲ႕ ေလးပံုတပံုေက်ာ္ကေတာ့ သူတို႔ မိသားစုေတြဟာ ေဆးဝါးနဲ႔ကုသမႈမရွိဘဲ ေနထိုင္ေနၾကရေၾကာင္း ေျပာဆိုခဲ့ၾကတယ္လို႔ ကုလသမဂၢအတြင္းေရးမွဴးခ်ဳပ္ရဲ႕ ေျပာခြင့္ရ Stephane Dujarric က ဗုဒၶဟူးေန႔က နယူးေယာက္ ကုလသမဂၢရံုးခ်ဳပ္ သတင္းစာရွင္းလင္းပြဲမွာ ေျပာဆိုခဲ႔ပါတယ္။

အကူအညီလိုအပ္ေနသူေတြအတြက္ ဝင္ေငြနဲ႔ အေျခခံဝန္ေဆင္မႈေတြ တိုးတက္ ရရွိေစေရးအတြက္ UNDP ၊ UN Women နဲ႔ UN – Habitat တို႔က ဒီျပႆနာေတြကို ေျဖရွင္းေရးအတြက္ ကနဦး ေဆာင္ရြက္ခ်က္ေတြ စတင္ေနၿပီလို႔လည္း သူက ေျပာပါတယ္။ လူငယ္ေတြအတြက္ အသက္ေမြးဝမ္းေက်ာင္း ေလ႔က်င္သင္တန္းေပးမႈေတြ ျမႇင့္တင္ေဆာင္ရြက္မႈ၊ အေသးစားလုပ္ငန္းေတြကို ျမႇင့္တင္ေပးေရးနဲ႔ က်န္းမာေရး ေစာင့္ေရွာက္မႈနဲ႔ ေရေကာင္းေရသန္႔ရရွိေရးတို႔လည္း အခု ကုလသမဂၢအဖြဲ႔ေတြရဲ႕ ေဆာင္ရြက္ခ်က္ေတြထဲမွာ ပါဝင္ပါတယ္။

ၿပီးခဲ့တဲ့ႏွစ္အတြင္း ေရေကာင္းေရသန္႔ကို လက္လွမ္းမီတဲ့ ေစ်းႏႈန္းနဲ႔ရရွိေစေရး လူေပါင္း ၂၅,၀၀၀ ကို ကုလသမဂၢက ေဆာင္ရြက္ေပးႏိုင္ခဲ့ၿပီး ဒီႏွစ္မွာေတာ့ လူေပါင္း ၄၅၀,၀၀၀ ေလာက္ထိ အလားတူ ဝန္ေဆာင္မႈေပးႏိုင္ဖို႔ ကုလသမဂၢက ရည္မွန္း ေဆာင္ရြက္ေနေၾကာင္းလည္း အတြင္းေရးမွဴးခ်ဳပ္ရဲ႕ ေျပာခြင့္ရက ေျပာဆိုခဲ့ပါတယ္။

တိုက္႐ိုက္ လင့္ခ္

===============
{{Unicode}}

ရန်ကုန်မြို့က ဆင်းရဲသားတွေ ဝင်ငွေမရှိဖြစ်နေရကြောင်း ကုလလေ့လာချက်တွေ့ရှိ

ရန်ကုန်မြို့က အဆင်းရဲဆုံးဒေသတွေမှာ နေထိုင်ကြသူလူထုရဲ့ လေးပုံတပုံဟာ ပြီးခဲ့တဲ့ ၁၂ လအတွင်း ဝင်ငွေမရှိခဲ့ကြကြောင်း ကုလသမဂ္ဂ ဖွံ့ဖြိုးရေးအစီအစဉ် UNDP ရဲ့ အစီရင်ခံစာသစ်က ဖော်ပြပါတယ်။

UNDP က ရန်ကုန်မှာ လူ ၃,၀၀၀ ကို စစ်တမ်းကောက်ယူခဲ့တာမှာ အဲဒီထဲက သုံးပုံတပုံကျော်က သူတို့ ထမင်းလျှော့စားကြကြောင်း ဖြေကြားခဲ့ကြသလို ဒီလူတွေရဲ့ လေးပုံတပုံကျော်ကတော့ သူတို့ မိသားစုတွေဟာ ဆေးဝါးနဲ့ကုသမှုမရှိဘဲ နေထိုင်နေကြရကြောင်း ပြောဆိုခဲ့ကြတယ်လို့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ ပြောခွင့်ရ Stephane Dujarric က ဗုဒ္ဓဟူးနေ့က နယူးယောက် ကုလသမဂ္ဂရုံးချုပ် သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့ပါတယ်။

အကူအညီလိုအပ်နေသူတွေအတွက် ဝင်ငွေနဲ့ အခြေခံဝန်ဆေင်မှုတွေ တိုးတက် ရရှိစေရေးအတွက် UNDP ၊ UN Women နဲ့ UN – Habitat တို့က ဒီပြဿနာတွေကို ဖြေရှင်းရေးအတွက် ကနဦး ဆောင်ရွက်ချက်တွေ စတင်နေပြီလို့လည်း သူက ပြောပါတယ်။ လူငယ်တွေအတွက် အသက်မွေးဝမ်းကျောင်း လေ့ကျင်သင်တန်းပေးမှုတွေ မြှင့်တင်ဆောင်ရွက်မှု၊ အသေးစားလုပ်ငန်းတွေကို မြှင့်တင်ပေးရေးနဲ့ ကျန်းမာရေး စောင့်ရှောက်မှုနဲ့ ရေကောင်းရေသန့်ရရှိရေးတို့လည်း အခု ကုလသမဂ္ဂအဖွဲ့တွေရဲ့ ဆောင်ရွက်ချက်တွေထဲမှာ ပါဝင်ပါတယ်။

ပြီးခဲ့တဲ့နှစ်အတွင်း ရေကောင်းရေသန့်ကို လက်လှမ်းမီတဲ့ ဈေးနှုန်းနဲ့ရရှိစေရေး လူပေါင်း ၂၅,၀၀၀ ကို ကုလသမဂ္ဂက ဆောင်ရွက်ပေးနိုင်ခဲ့ပြီး ဒီနှစ်မှာတော့ လူပေါင်း ၄၅၀,၀၀၀ လောက်ထိ အလားတူ ဝန်ဆောင်မှုပေးနိုင်ဖို့ ကုလသမဂ္ဂက ရည်မှန်း ဆောင်ရွက်နေကြောင်းလည်း အတွင်းရေးမှူးချုပ်ရဲ့ ပြောခွင့်ရက ပြောဆိုခဲ့ပါတယ်။

XS
SM
MD
LG