သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရှမ်းကယားနယ်စပ် တိုက်ပွဲတွေ ပြင်းထန်


ပင်လောင်းမြို့နယ်၊ ဆောင်းပြောင်းဒေသ နမ်းနိန်းကျေးရွာတဝိုက် စစ်ကောင်စီတပ်နှင့် တိုက်ပွဲဖြစ်ပွားသည့်အခြေအနေ Photo: PNDF(KK)
ပင်လောင်းမြို့နယ်၊ ဆောင်းပြောင်းဒေသ နမ်းနိန်းကျေးရွာတဝိုက် စစ်ကောင်စီတပ်နှင့် တိုက်ပွဲဖြစ်ပွားသည့်အခြေအနေ Photo: PNDF(KK)

{{Zawgyi/Unicode}}


ရှမ်းကယားနယ်စပ်မှာ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်တွေနဲ့ ကရင်နီနဲ့ ပအိုဝ့်အပါအဝင် ဒေသခံလက်နက်ကိုင်အဖွဲ့တွေကြား တိုက်ပွဲတွေ ပြင်းထန်နေပါတယ်။ ပအိုဝ်အမျိုးသား ကာကွယ်ရေးတပ် PNDF-KK နဲ့ ကရင်နီအမျိုးသားကာကွယ်ရေးတပ် KNDF တို့ကတော့ တိုက်ပွဲအတွင်း စစ်ကောင်စီက ဒေသခံ တိုင်းရင်းသားတွေကြား သွေးကွဲအောင် မမှန်သတင်းတွေ ဖြန့်နေတယ်လို့ စွပ်စွဲပါတယ်။ တိုက်ပွဲအခြေနေကို သိရဖို့ စစ်ကောင်စီ ပြောခွင့်ရကို ဆက်သွယ်ပေမယ့် ခုထိတော့ ဆက်သွယ်လို့ မရသေးပါဘူး။

ဒေသတွင်းအခြေနေကို သိရဖို့ KNDF တာဝန်ခံကို ကိုဝင်းမင်းက ဆက်သွယ်မေးမြန်းရာမှာ သူက အခုလို စပြောပါတယ်။

KNDF တာဝန်ခံ။ ။ အဓိက-ကတော့ စစ်ကောင်စီက ဖေဖေါ်ဝါရီလနောက်ဆုံးပတ်ကနေစပြီးတော့ စစ်ကြောင်းတွေစထိုးလာတာပေါ့လေ။ အရင်ရှိနေတဲ့တပ်မတွေတင်မဟုတ်ဘဲနဲ့ တခြား စစ်အင်အားပြန်ဖြည့်တာမျိုးပေါ့နော်။ ရဟတ်ယာဉ်နဲ့ ရှားတောတို့၊ ဘောလ်ခဲတို့၊ ဒီမောဆိုတို့၊လွိုင်ကော်တို့ပေါ့နော်။ အဲဒီဘက်မှာ တောက်လျှောက် ရဟတ်ယာဉ်နဲ့လိုက်ပြီးတော့မှ အင်အားဖြည့်လာတာ။ စစ်ကြောင်းတွေ ထပ်ခွဲပြီးတော့မှ နေရာအစုံ လိုက်ထိုးနေတာမျိုးပေါ့။ အဲဒီထဲမှာမှ ပင်လောင်းမြို့နယ်နဲ့ဖယ်ခုံအစပ် နမ်းနိန်းမှာ ကျနော်တို့ကတော့ ခုခံတိုက်ခိုက်ခဲ့ပေမဲ့ စစ်ကောင်စီက ဒီနေ့မှာ ဝင်ရောက်နေရာယူလာပြီးတော့မှ ဘုန်းကြီးကျောင်းတွေနဲ့ နေအိမ်တွေကို မီးရှို့လိုက်တာမျိုးတွေ လုပ်တယ်။ ရွာရဲ့ဘုရားကုန်းပေါ်မှာ တပ်စွဲထားတယ်ပေါ့လေ။

ကိုဝင်းမင်း။ ။ ဟုတ်ကဲ့၊ ဖယ်ခုံနဲ့အစပ်မှာ ပေါ့နော်၊ (ဟုတ်ကဲ့ခင်ဗျ။) ပင်လောင်းမြို့နယ်ထဲမှာ- ပုံမှန်အားဖြင့်ဆိုရင် သူက ရှမ်းပြည်နယ်ထဲမှာပေါ့နော်။

KNDF တာဝန်ခံ။ ။ ဟုတ်ကဲ့၊ ကျနော်တို့ ကရင်နီပြည်နယ်လို့သုံးထားတာကတော့ နည်းနည်းလေး sensitive ဖြစ်ကောင်းဖြစ်နိုင်တာပေါ့နော်၊ ဒီအသုံးအနှုန်းအပေါ်မှာ။ ဒါပေမဲ့တဆက်တည်းဖြစ်နေတာပေါ့လေ- အဲဒီလမ်းကြောက ရှမ်းပြည်နယ် ဆိုပေမဲ့ ဒီဘက်မှာဆိုလို့ရှိရင် ကယန်းဒေသတွေလည်း ပါတာပေါ့။ သီးခြားတော့မဟုတ်ဘူးပေါ့လေ။ နောက် မဲသင်း တို့ဆိုလို့ရှိရင် လုံးဝ ပအို့ဝ်လူမျိုးတွေနေကြတယ်။ အများစုပေါ့လေ။ တဆက်တည်းမှာပဲ ဒီဘက်မှာ တောင်စလုံး၊ မြောက်စလုံး ဆိုတာတွေ ရှိတယ်ပေါ့နော်။ အဲဒီရွာတွေကတော့ တကယ် ကယန်းလူမျိုးတွေနေကြတာပေါ့လေ။

ကိုဝင်းမင်း။ ။ ဟုတ်ကဲ့၊ အဲဒီတော့ ဘယ်လိုထူးခြားတာကို တွေ့ရလဲ။

KNDF တာဝန်ခံ။ ။ ဒီတခေါက် တော်တော်လေးကို ထူးခြားတယ်ပေါ့လေ။ အရေအတွက်အားဖြင့် အတော်လေးကိုများတယ်။ နေအိမ်တွေလည်း အများကြီးပါသွားသလိုမျိုး အခုတလောမှာဆိုလို့ရှိရင် အများဆုံး၊ အပြင်းထန်ဆုံးလို့ ပြောလို့ရတာပေါ့။

အဲဒီမှာ စစ်ကောင်စီဘက်နဲ့ တခြားအဖွဲ့အစည်းတွေက ကျနော်တို့ကို ဒီ လူူမျိုးရေးအရပေါ့လေ- ဒေသခံတွေကို သတင်းအမှားပေးတာမျိုးတွေ တောက်လျှောက်လုပ်နေတယ်ပေါ့။ ဆိုတော့ ဒီနေရာတွေက ကရင်နီပြည်နယ်ထဲကိုဝင်တဲ့လမ်း၊ အဓိကလမ်းကြောင်းကြီးဖြစ်လာတဲ့အခါမှာ ကျနော်တို့က ခုခံပိတ်ဆို့ပြီး တိုက်ခိုက်ရတယ်ပေါ့။ စစ်ကောင်စီက ဖေဖေါ်ဝါရီလနောက်ဆုံးပတ်မှာ တောက်လျှောက် အင်အားတွေဖြည့်ပြီးတော့ စစ်ကြောင်းထိုးလာတယ်။ ထိုးတဲ့အခါမှာ ကရင်နီပြည်နယ်ကိုပဲဦးတည်ပြီးလာတာမျိုးပေါ့။ အဲဒါကြောင့်မို့လို့ ကျနော်တို့ ဖြစ်နိုင်တဲ့နေရာတွေမှာ ဖြတ်တောက် တိုက်ခိုက်တာမျိုးတွေလုပ်တယ်။ လုပ်တဲ့အခါမှာ ဒါတွေက ပအို့ဝ်လူမျိုးတွေနေတဲ့ရွာတွေဖြစ်လို့ ကျနော်တို့က တိုက်ခိုက်တာမျိုးတွေ၊ အဲလိုမျိုးတွေပေါ့နော်၊ သတင်းအမှားတွေ လွှင့်တာမျိုးတွေ လုပ်တာပေါ့။ အမှန်တကယ်ကတော့ ကျနော်တို့အနေနဲ့ ဒီလိုမျိုးမရှိဘူးပေါ့လေ။

လက်တွေ့ မြေပြင်မှာဆိုလို့ရှိရင် ကျနော်တို့ KNDF ရှိမယ်။ တခြား ပြည်သူ့ကာကွယ်ရေးတပ်တွေ PDF တို့ ဘာတို့ရှိမယ်။ ပြီးတဲ့အခါမှာ PNDF ပေါ့နော်၊ ပအို့ဝ်ဖက်ဒရေးရှင်ကောင်စီရဲ့ အောက်မှာသွားနေတဲ့ ပအို့ဝ်တပ်ဖွဲ့ပေါ့ PNDF တို့လည်း ပါတာပေါ့။ ကျနော်တို့လူမျိုးရေး ဘာမှ ပါဝင်တာမျိုးမရှိဘူး။ ကျနော်တို့ အနေနဲ့က အားလုံး တသားထဲပဲ စစ်ကောင်စီကို ရတဲ့နေရာကနေ ခုခံတိုက်ခိုက်နေရတာမျိုး၊ အဲဒါကို အဓိက အလေးထားပြီး ပြောချင်တယ်ပေါ့လေ။

ကိုဝင်းမင်း။ ။ ဟုတ်ကဲ့။ နေအိမ်တွေဘယ်လောက်ပါသွားပြီး လူတွေ ဘယ်လောက် ဒုက္ခရောက်သွားကြလဲ။

KNDF တာဝန်ခံ။ ။ အရင်ကတော့ဒီတောင်ပိုင်း သင်းဖက်မှာ တိုက်ပွဲတွေဖြစ်နေတော့ တောင်ပိုင်းသင်းဖက်တွေ ... ဒီ လုံးပြင်တို့ ရွာဘက်က ဒေသခံတွေက နမ်းနိန်းမှာ သွားပြီး ရှောင်နေကြတာပေါ့နော်။ အခုက ထပ်ပြီးမှ စစ်ကောင်စီက စစ်ကြောင်းထိုးလာတဲ့အခါ ထပ်ရှောင်သွားကြတယ်လို့သိရတာပေါ့လေ။ ဒါပေမဲ့ ကျနော်တို့အရင်တပ်ကိုတော့ သေချာ confirm လုပ်လို့တော့မရဘူးပေါ့။ ကျနော်တို့ဆီအရင်ဆုံးရောက်တဲ့အချက်အလက်ကို ကျနော်တို့ ထုတ်ပြန်ထားတာဖြစ်တယ်။

ပြီးတော့ တိုက်ပွဲတွေဖြစ်ပြီးတဲ့နောက်မှာ ဒေသခံတွေ အများကြီး စစ်ရှောင်ရတယ်ပေါ့နော်။ စစ်ဘေးရှောင်ရတယ်။ စစ်ဘေးရှောင်တဲ့နေရာတွေကို သွားကြရတယ်ပေါ့။ ကျေးရွာတွေတွေကို စွန့်ခွါရတဲ့အတွက် ကျနော်တို့အနေနဲ့များစွာ စိတ်မကောင်းဖြစ်မိတယ်။ ဒေသခံတွေအတွက်ပေါ့။ ဘာလို့လဲဆိုတော့ စစ်ကောင်စီက အလုံးအရင်းနဲ့ စစ်ကြောင်းထွက်လာတဲ့အခါမှာ ကျနော်တို့က မဖြစ်မနေ တိုက်ခိုက်ရတဲ့အနေအထားမျိုးပဲဖြစ်တယ်။

ကိုဝင်းမင်း။ ။ ဟုတ်ကဲ့၊ အဲဒီတော့ နှစ်ဘက် ထိခိုက်ကျဆုံးမှုအနေအထားကရော ဘယ်လိုရှိသလဲ။

KNDF တာဝန်ခံ။ ။ နှစ်ဘက်ထိခိုက်ကျဆုံးမှုတွေကိုတော့ ကျနော်တို့ အတည်ပြုဖို့ခက်ခဲနေသေးတယ်။ လတ်တလောမှာ ကျနော်တို့ဘက်ကတော့ အထိအခိုက်မရှိဘူးပေါ့။

ကိုဝင်းမင်း။ ။ ဟုတ်ကဲ့၊ ကျေးဇူးပါ။ KNDF ဗဟိုသတင်းနဲ့ပြန်ကြားရေးတာဝန်ရှိသူခင်ဗျ။

တိုက်ရိုက် လင့်ခ်

================

{{Unicode}}

















ဆက်စပ်သတင်းများ ...

XS
SM
MD
LG