{{Zawgyi/Unicode}}
႐ိုဟင္ဂ်ာဒုကၡသည္ေတြအတြက္ လူသားခ်င္းစာနာေထာက္ထားေရး အကူအညီ အေမရိကန္ ေဒၚလာ ၂၄ သန္းနီးနီး အေမရိကန္အစိုးရက ထပ္မံခ်ထားေပးလိုက္တဲ့အတြက္ အေမရိကန္ျပည္ေထာင္စု ႏိုင္ငံတကာ ဘာသာေရးလြတ္လပ္ခြင့္ ေကာ္မရွင္ USCIRF က မတ္လ ၁၃ ရက္ေန႔ မွာ ႀကိဳဆိုလိုက္ပါတယ္။
မတ္လ ၈ ရက္ေန႔စြဲနဲ႔ အေမရိကန္ ႏိုင္ငံျခားေရးဝန္ႀကီးက ထုတ္ျပန္ခဲ့တဲ့ေၾကညာခ်က္မွာ လူသားခ်င္းစာနာေထာက္ထားမႈအကူအညီ ၂၆ သန္းခ်ထားလိုက္ၿပီး ၂၄ သန္းကို ဘဂၤလားေဒ့ရွ္ႏိုင္ငံေရာက္ ႐ိုဟင္ဂ်ာေတြအတြက္ အစီအစဥ္ေတြမွာ အသုံးျပဳမွာျဖစ္ပါတယ္။ ဒုကၡသည္ ၉၈၀,၀၀၀ နီးနီးနဲ႔ အိမ္ရွင္အျဖစ္လက္ခံထားတဲ့ ဘဂၤလာေဒ့ရ္ွေဒသခံ လူ ၅၄၀,၀၀၀ ကိုပံ့ပိုးမွာ ျဖစ္ပါတယ္။
ကေလးေတြနဲ႔ လူငယ္ေတြရဲ႕ ပညာေရး၊ သက္ေမြးဝမ္းေက်ာင္း ပညာေရး၊ မိသားစုေတြရဲ႕ စားနပ္ရိကၡာနဲ႔ သန႔္ရွင္းေရ ရရွိေရး၊ ေရာဂါမပ်ံ႕ပြါးေအာင္ ပတ္ဝန္းက်င္ သန႔္ရွင္းေရး၊ ႐ိုဟင္ဂ်ာဒုကၡသည္ေတြရဲ႕ လူ႔အခြင့္အေရးနဲ႔ ကိုယ္စိတ္ႏွစ္ျဖာက်န္းမာမႈကာကြယ္ေရး၊ သဘာဝေဘးအႏၲရာယ္ျပင္ဆင္ေရးနဲ႔ ရာသီဥတု အေျပာင္းအလဲသက္ေရာက္မႈေတြကို ရင္ဆိုင္ႏိုင္ေရးတို႔အတြက္ အသုံးျပဳမွာ ျဖစ္တယ္လို႔ ႏိုင္ငံျခားေရးဝန္ႀကီး အန္ေထာ္နီ ဘလင္ကန္က ထုတ္ျပန္ခ်က္မွာ ေျပာထားပါတယ္။
USCIRF ေကာ္မရွင္ကို လႊတ္ေတာ္က သီးျခားလြတ္လပ္တဲ့ အဖြဲ႕အစည္းအျဖစ္ ဖြဲ႕စည္းထားတာပါ။ ေကာ္မရွင္ဟာ ႏိုင္ငံတကာ ဘာသာေရးလြတ္လပ္ခြင့္ ခ်ိဳးေဖာက္မႈေတြကို စစ္ေဆးၿပီး ခ်ိဳးေဖာက္မႈတိုင္းျပည္မ်ားအျဖစ္သတ္မွတ္ဖို႔ အေမရိကန္ႏိုင္ငံျခားေရးဝန္ႀကီးဌာနနဲ႔ လႊတ္ေတာ္ကို တင္ျပပါတယ္။
ျမန္မာႏိုင္ငံကို အဲဒီစာရင္းမွာသြတ္သြင္းဖို႔ ၂၀၂၂ ခုႏွစ္ က တင္ျပခဲ့တဲ့အတိုင္း အေမရိကန္ႏိုင္ငံျခားေရးဝန္ႀကီးဌာနကလည္း သတ္မွတ္ခဲ့တာပါ။ ျမန္မာႏိုင္ငံအတြင္းရွိၾကတဲ့ ႐ိုဟင္ဂ်ာေတြနဲ႔ေရာ လူမ်ိဳးသုဥ္းသတ္ျဖတ္မႈေၾကာင့္ ထြက္ေျပးလာရတဲ့ ႐ိုဟင္ဂ်ာေတြနဲ႔ပါ တေသြးတည္းတသားတည္း ရွိပါေၾကာင္း USCIRF ေကာ္မရွင္ ရဲ႕ ထုတ္ျပန္ခ်က္မွာ ေဖာ္ျပထားပါတယ္။
==================
{{Unicode}}
ရိုဟင်ဂျာတွေကို လူသားချင်းစာနာမှုအထောက်အပံ့ ကန်ဘာသာရေး ကော်မရှင်ကြိုဆို
ရိုဟင်ဂျာဒုက္ခသည်တွေအတွက် လူသားချင်းစာနာထောက်ထားရေး အကူအညီ အမေရိကန် ဒေါ်လာ ၂၄ သန်းနီးနီး အမေရိကန်အစိုးရက ထပ်မံချထားပေးလိုက်တဲ့အတွက် အမေရိကန်ပြည်ထောင်စု နိုင်ငံတကာ ဘာသာရေးလွတ်လပ်ခွင့် ကော်မရှင် USCIRF က မတ်လ ၁၃ ရက်နေ့ မှာ ကြိုဆိုလိုက်ပါတယ်။
မတ်လ ၈ ရက်နေ့စွဲနဲ့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးက ထုတ်ပြန်ခဲ့တဲ့ကြေညာချက်မှာ လူသားချင်းစာနာထောက်ထားမှုအကူအညီ ၂၆ သန်းချထားလိုက်ပြီး ၂၄ သန်းကို ဘင်္ဂလားဒေ့ရှ်နိုင်ငံရောက် ရိုဟင်ဂျာတွေအတွက် အစီအစဉ်တွေမှာ အသုံးပြုမှာဖြစ်ပါတယ်။ ဒုက္ခသည် ၉၈၀,၀၀၀ နီးနီးနဲ့ အိမ်ရှင်အဖြစ်လက်ခံထားတဲ့ ဘင်္ဂလာဒေ့ရ်ှဒေသခံ လူ ၅၄၀,၀၀၀ ကိုပံ့ပိုးမှာ ဖြစ်ပါတယ်။
ကလေးတွေနဲ့ လူငယ်တွေရဲ့ ပညာရေး၊ သက်မွေးဝမ်းကျောင်း ပညာရေး၊ မိသားစုတွေရဲ့ စားနပ်ရိက္ခာနဲ့ သန့်ရှင်းရေ ရရှိရေး၊ ရောဂါမပျံ့ပွါးအောင် ပတ်ဝန်းကျင် သန့်ရှင်းရေး၊ ရိုဟင်ဂျာဒုက္ခသည်တွေရဲ့ လူ့အခွင့်အရေးနဲ့ ကိုယ်စိတ်နှစ်ဖြာကျန်းမာမှုကာကွယ်ရေး၊ သဘာဝဘေးအန္တရာယ်ပြင်ဆင်ရေးနဲ့ ရာသီဥတု အပြောင်းအလဲသက်ရောက်မှုတွေကို ရင်ဆိုင်နိုင်ရေးတို့အတွက် အသုံးပြုမှာ ဖြစ်တယ်လို့ နိုင်ငံခြားရေးဝန်ကြီး အန်ထော်နီ ဘလင်ကန်က ထုတ်ပြန်ချက်မှာ ပြောထားပါတယ်။
USCIRF ကော်မရှင်ကို လွှတ်တော်က သီးခြားလွတ်လပ်တဲ့ အဖွဲ့အစည်းအဖြစ် ဖွဲ့စည်းထားတာပါ။ ကော်မရှင်ဟာ နိုင်ငံတကာ ဘာသာရေးလွတ်လပ်ခွင့် ချိုးဖောက်မှုတွေကို စစ်ဆေးပြီး ချိုးဖောက်မှုတိုင်းပြည်များအဖြစ်သတ်မှတ်ဖို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနနဲ့ လွှတ်တော်ကို တင်ပြပါတယ်။
မြန်မာနိုင်ငံကို အဲဒီစာရင်းမှာသွတ်သွင်းဖို့ ၂၀၂၂ ခုနှစ် က တင်ပြခဲ့တဲ့အတိုင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနကလည်း သတ်မှတ်ခဲ့တာပါ။ မြန်မာနိုင်ငံအတွင်းရှိကြတဲ့ ရိုဟင်ဂျာတွေနဲ့ရော လူမျိုးသုဉ်းသတ်ဖြတ်မှုကြောင့် ထွက်ပြေးလာရတဲ့ ရိုဟင်ဂျာတွေနဲ့ပါ တသွေးတည်းတသားတည်း ရှိပါကြောင်း USCIRF ကော်မရှင် ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။