သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကမ္ဘာတဝန်း COVID တိုက်ဖျက်ရေးအတွက် ဒေါ်လာ ၇ ဘီလီယံနီးပါး လိုအပ်ကြောင်း ကုလပြော


COVID ကြောင့် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် Antonio Guterres ဗွီဒီယို ကွန်ဖရန့်ဖြင့် မိန့်ခွန်းပြော
COVID ကြောင့် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် Antonio Guterres ဗွီဒီယို ကွန်ဖရန့်ဖြင့် မိန့်ခွန်းပြော

(Zawgyi/Unicode)

ဆင်းရဲတဲ့ နိုင်ငံတွေမှာ ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါပိုး ပြန့်ပွားမှု မရှိအောင် ကူညီပေးဖို့နဲ့ လူသန်းပေါင်းများစွာရဲ့ အသက်အန္တရာယ်ကို အကာကွယ်ပေးနိုင်ဖို ဒေါ်လာငွေ ဘီလီယံနဲ့ ချီ လိုအပ်နေတာ ကြောင့် အကူအညီရန်ပုံငွေ တိုးမြှင့် ချထားပေးဖို့ ကုလသမဂ္ဂက ပန်ကြား လိုက်ပါတယ်။

ဒီကပ်ရောဂါအတွက် မတ်လ ၂၅ ရက်နေ့က ကနဦးအဖြစ် ဒေါ်လာ၂ ဘီလီယံ တောင်းခံခဲ့တာ အတွက် ၁ ဘီလီယံကျော် ရန်ပုံငွေ ရလာတာဟာ အစကောင်းတဲ့ လက္ခဏာ ဖြစ်ကြောင်းနဲ့ အခု ရန်ပုံငွေ ပိုတိုးဖို့လုပ်ရမှာ ဖြစ်ကြောင်း ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် Antonio Guterres က ကြာသပတေးနေ့မှာ ပြောပါတယ်။

“ ကမ္ဘာတလွှား ဒီရောဂါပိုး ပျံ့နှံ့မှုကို တားဆီးနိုင်ဖို့နဲ့ လူသန်းပေါင်းများစွာကို အကာအကွယ် ပေးနိုင်ဖို့ ကုလသမဂ္ဂဟာ ဒေါ်လာ ၆.၇ ဘီလီယံ လိုအပ်နေတယ်လို့ ပြောသွားတာပါ။”

ဒီကပ်ရောဂါဟာ ကမ္ဘာ့ဆင်းရဲတဲ့ နိုင်ငံတွေမှာ ဆိုးဆိုးဝါးဝါး ထိခိုက်စေနိုင်တာဖြစ်ပြီး ဒါဟာ ကမ္ဘာကြီး တခုလုံး အတွက် အန္တရာယ် ရှိနေတယ်လို့ ကုလသမဂ္ဂက ထပ်တလဲလဲ သတိပေးနေတာ ဖြစ်ပါတယ်။

ကုလသမဂ္ဂ လူသားချင်းစာနာမှု ဆိုင်ရာအကြီးအကဲ Mark Lowcock ကလည်း ဖွံ့ဖြိုးဆဲ နိုင်ငံအများအပြားမှာ နောက် ၃ လကနေ ၆ လအတွင်း ဒီကပ်ရောဂါ ဖြစ်ပွားမှု အခြေနေဟာ အထွဋ်အထိပ် ရောက်ဦးမှာ မဟုတ်ဘူးလို့ ခန့်မှန်းထား ပေမယ့် လက်ရှိအချိန်မှာပဲ အလုပ်လက်မဲ့ဖြစ်ပြီး ဝင်ငွေမရှိတာ၊ စားနပ်ရိက္ခာ မလုံမလောက် ဖြစ်နေတာနဲ့ ကလေးငယ်တွေကို ကာကွယ်ဆေး ထိုးမပေးနိုင်တာလို အနုတ်လက္ခဏာ ဆောင်တဲ့ အနေထားတွေ တွေ့နေရတယ်လို့ ပြောပါတယ်။

WFP ကမ္ဘာ့စားနပ်ရိက္ခာ အစီစဉ်အဖွဲ့ အကြီးအကဲကလည်း လက်ရှိမှာ ဒီကပ်ရောဂါပြဿနာ အပြင် စားနပ်ရိက္ခာ ပြဿနာပါ ကြုံနေရတာ ဖြစ်ပြီး အခုအချိန်မှာ ဒါကို အရေးတယူ မလုပ်ဆောင်ဘူးဆိုရင် ကမ္ဘာကြီးမှာ အခုထက် အဆတရာ ပိုဆိုးလာနိုင်တယ်လို့ သတိပေးပါတယ်။

တချိန်ထဲမှာပဲ နိုင်ငံအများအပြားမှာ ဒီရောဂါ အတွက်ကန့်သတ်မှုတွေ တဖြေးဖြေး ဖြေလေ ျှာ့ ပေးနေတာပါ။ ကျန်းမာရေး တာဝန်ခံတွေကတော့ ကန့်သတ်မှုတွေ အမြန်ဖြေလေ ျှာ့ပေးမယ်ဆိုရင် ဒီရောဂါ ဒဏ်ကို နောက်တကျော့ ထပ်ပြီး ခံရနိုင်ချေရှိတယ်လို့ သတိပေးနေကြပါတယ်။

အမေရိကန်နိုင်ငံ Johns Hopkins တက္ကသိုလ် စစ်တမ်းမှာတော့ ကြာသပတေးနေ့ အထိ ကိုရိုနာဗိုင်းရပ်စ် ရောဂါပိုး အကူးစက်ခံရသူက ကမ္ဘာတလွှားမှာ (၃,၈၁၅,၅၆၁) ၃ သန်း ၈ သိန်းကျော် နေပြီး သေဆုံးရသူက (၂၆၇,၄၆၉ ) ၂ သိန်း ၆ သောင်းခွဲကျော် ရှိနေပြီဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်


...............


(Unicode)




ဒီကပျရောဂါဟာ ကမ်ဘာ့ဆငျးရဲတဲ့ နိုငျငံတှမှော ဆိုးဆိုးဝါးဝါး ထိခိုကျစနေိုငျတာဖွဈပွီး ဒါဟာ ကမ်ဘာကွီး တခုလုံး အတှကျ အန်တရာယျ ရှိနတေယျလို့ ကုလသမဂ်ဂက ထပျတလဲလဲ သတိပေးနတော ဖွဈပါတယျ။





ဆက်စပ်သတင်းများ ...

XS
SM
MD
LG