သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာနဲ့ တခြားနိုင်ငံခြားသား တရားမဝင်အလုပ်သမားတွေ ပြည်တော်ပြန်ပို့ဖို့ မလေးရှား စီစဉ်နေ


မလေးရှားနိုင်ငံအတွင်းရှိ တရားမဝင်အလုပ်သမားများ (ဓါတ်ပုံ- Malaysia immigration )
မလေးရှားနိုင်ငံအတွင်းရှိ တရားမဝင်အလုပ်သမားများ (ဓါတ်ပုံ- Malaysia immigration )

(Zawgyi/Unicode)

ကိုဗစ်-၁၉ ကပ်ရောဂါ ကြုံနေရတဲ့ မလေးရှားနိုင်ငံမှာ မြန်မာနိုင်ငံသားတွေ အပါအဝင် တရားမဝင် နေထိုင်သူ နိုင်ငံခြားသား၂ သောင်းလောက်ကို လာရင်းနိုင်ငံတွေကို ပြန်ပို့နေပြီ းဆက်လက်လည်းပို့ဖို့ စီစဉ်နေတဲ့အကြောင်းကို မအေးအေးမာက ပြောပြပေးပါမယ်။

မလေးရှားကာကွယ်ရေးဝန်ကြီး Datuk Seri Ismail Sabri Yaakob ကတော့ ပြီးခဲ့တဲ့ ဇူလိုင်လ (၇) ထိ တရားမဝင် နေထိုင်သူ နိုင်ငံခြားသား ၂ သောင်းလောက်ကို ကိုဗစ်-၁၉ ရောဂါးပိုး ရှိ-မရှိ စစ်ဆေးပြီး လာရင်းနိုင်ငံတွေကို ပြန်လည်ပို့ဆောင်ပြီးပြီးပြောဆိုထားပါတယ်။

ဒီထဲမှာတရားမဝင် နိုင်ငံခြားသား ၁၉၁၁၁ ယောက်အနက်၊ မြန်မာနိုင်ငံက ၁၈၉၀၊ အင်ဒိုနီးရှားက ၈၅၀၀ ကျော်၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံက ၂၅၀၀ ကျော်ပါဝင်တယ်လို့လည်း ဆိုပါတယ် တရားမဝင် နေထိုင်သူတွေကို ထိန်းသိမ်းထားတဲ့ စခန်းတွေမှာ ကိုဗစ် -၁၉ ရောဂါပိုးကူးသူတွေ ရှိနေတယ်ဆိုတဲ့ သတင်းတွေလည်း ထွက်ပေါ်နေတာပါ။ ဒါပေမဲ့လည်း ကူးစက်သူတွေထဲ မြန်မာနိုင်ငံသားတွေ ပါဝင်မှု ရှိမရှိဆိုတာကတော့ တိတိကျကျ မသိရဘူးလို့လည်း မလေးရှားနိုင်ငံ မြန်မာသံရုံးကို ကိုယ်စားပြုပြီး ထိန်းသိမ်းရေးစခန်းက မြန်မာတွေကို အကူညီပေးနေတဲ့ ကိုသီဟမောင်မောင် ကပြောပါတယ်။

"ဆာလရမ်းဖမ်းတော့ မြန်မာနိုင်ငံသားတွေလိုသာ ပြောတာ ဘယ်လူမျိုးလို့တော့ မပြောထားတော့ဘယ်သူဘယ်ဝါအတိအကျပြောလို့ မရဘူး ပြီးခဲ့တဲ့ လတွေတုန်းက စခန်းကိုရောက်သွားတဲ့အခါ ကူးစက်သူတွေပါသွားတော့ အဆောင်တွေတောင်သပ်သပ်ခွဲထားတာ စခန်း ၃ ခုမှာ ရောဂါကူးစက်တာက ဘူဂစ်ဂျာလေး စခန်းပါတယ်။ ALIA ပါတယ် စမုံညှင်းစခန်းပါတယ်၊ မြန်မာနိုင်ငံသားတွေရော ဘဂီဘင်္ဂလီတွေလည်းပါတယ်။ ဘင်္ဂလားဒေ့ရှ်ပါတယ် ကျနော်တို့အနေနဲ့ မြန်မာနိုင်ငံသား မှန်ကန်မှုကို မြန်မာနိုင်ငံထိပြန်စိစစ်ရတာရှိတယ်။ အထောက်အထားမပြည့်စုံတဲ့သူတွေပြောတာပေါ့နော်။ အထောက်အထားတွေကိုပြန်စီစစ်ပြီးသားကို မလေးရှားလဝကကိုပို့ ရတယ်။ အထောက်အထားရှိသူတွေအတွက်ရုံးပိုင်ဆိုင်ရာကိစ္စတွေကို အမြန်ဆုံးပြန်နိုင်ရေး အတွက် မလေးရှားလဝကနဲ့ သက်ဆိုင်ရာဝန်ကြီးဌာနတွေနဲ့ သူတွေလုပ်နေကြပါတယ်။ ကျနော်ထင်ပါတယ်။ ဒီလထဲမှာတောင်ရှိမလားမသိဘူး မလေးရှားအစိုးရနဲ့ ညှိနှိုင်းပြီး လုပ်ရတာမို့ သူတို့အပေါ်မှာလည်း မူတည်ပါတယ်။"

မလေးရှား လူဝင်မှုကြီးကြပ်ရေး ထိမ်းသိမ်းရေးစခန်း ၁၂ ခုက မြန်မာနိုင်ငံသား ၄၀၀ နီးပါးကိုတော့ ပြီးခဲ့တဲ့လတွေမှာပဲ မြန်မာနိုင်ငံကို ပြန်ပို့ပေးခဲ့တာပါ။ ထိန်းသိမ်းခံမြန်မာနိုင်ငံသားတွေ အခြေအနေနဲ့ ပတ်သက်လို့ မလေးရှားနိုင်ငံ အခြေစိုက် မြန်မာသံရုံးကို ဆက်သွယ်မေးမြန်းရာမှာ ဖြေဆိုဖို့ ငြင်းဆန်ခဲ့ပါတယ်။

မလေးရှားကျန်းမာရေးဝန်ကြီးကတော့ လူဝင်မှုကြီးကြပ်ရေး ထိမ်းသိမ်းရေးစခန်းမှာ ဖမ်းဆီးထားသူတွေကို ကျန်းမာရေးစစ်ဆေးမှုတွေ အပြည့်အဝပေးနေကြောင်းနဲ့ လာရင်းနိုင်ငံတွေကို ပြန်ပို့တဲ့သူတွေဟာလည်း ရောဂါပိုးကင်းစင်သူတွေဖြစ်ကြောင်း ပြောဆိုထားပါတယ်။

မလေးရှားနိုင်ငံမှာတရားဝင်ကောတရားမဝင်ပါ မြန်မာအလုပ်သမား ခန့်မှန်းခြေ ၅ သိန်းထက်မနည်း အလုပ်လုပ်ကိုင်နေကြပြီး၊ ကိုဗစ် ၁၉ အရေးပေါ်ကာလမှာ တရားမဝင်နေထိုင်သူတွေကို အာဏာပိုင်တွေ ဖမ်းဆီးနေရာမှာ မြန်မာနိုင်ငံသား အများအပြားလည်း ဖမ်းဆီးခံနေရတာ ဖြစ်ပါတယ်ရှင်။

တိုက်ရိုက် လင့်ခ်


..................


(Unicode)








ဆက်စပ်သတင်းများ ...

XS
SM
MD
LG