သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကန် မှာ ကိုဗစ်ကြောင့် မေလနောက်ပိုင်း တရက်အတွင်း သေဆုံးသူဦးရေ စံချိန်တင်


(Zawgyi/Unicode)

အမေရိကန်ပြည်ထောင်စုမှာ ဗုဒ္ဓဟူးနေ့က ကိုရိုနာဗိုင်းရပ်စ်ရောဂါနဲ့ သေဆုံးရသူ ၁၅၀၀ လောက် ဖြစ်သွားခဲ့ပါတယ်။

ဒါဟာ မေလကစပြီး တရက်အတွင်း သေဆုံးရသူ အများဆုံးဖြစ်ပါတယ်။ ဒီကပ်ရောဂါစတင် ဖြစ်ပွါးခဲ့ချိန်ကစပြီး အမေရိကန်နိုင်ငံမှာ ဒီရောဂါနဲ့ သေဆုံးရသူ စုစုပေါင်းက တသိန်း ခြောက်သောင်းကျော် (၁၆၆,၀၂၇) နေပြီ ဖြစ်ပါတယ်။ အခု ဗုဒ္ဓဟူးနေ့ စာရင်းကို ကြည့်ရင် အမေရိကန်နိုင်ငံမှာ သီတင်း ၂ ပတ် ဆက်တိုက် တရက်ကို ကိုဗစ် ၁၉ ရောဂါနဲ့ သေဆုံးသူ တထောင်ကျော် ပျမ်းမ ျှ ရှိနေတာ ဖြစ်ပါတယ်။

ဒီရောဂါ အကူးစက်ခံရသူကလည်း ၅.၁ သန်းကျော် ရှိနေပြီး အမေရိကန်နိုင်ငံဟာ ကမ္ဘာမှာ ကိုရိုနာဗိုင်းရပ်စ် အကူးစက်ခံရသူ နဲ့သေဆုံးသူ အများဆုံး ဖြစ်နေချိန်မှာပဲ ဆေးရုံတွေအတွက် ကိုဗစ် ၁၉ ဆိုင်ရာ အချက်အလက်တွေ သတင်းပို့ရေးဆိုင်ရာ စည်းမျဉ်းအသစ်တွေ ထွက်လာတာကြောင့် လူထုကျန်းမာရေးဆိုင်ရာ အကြံပေးတွေ စိုးရိမ်နေကြပါတယ်။

ဆေးရုံတွေ အနေနဲ့ အချက်အလက်တွေကို CDC ကူးစက်ရောဂါထိန်းချုပ် ကာကွယ်ရေးဗဟိုဌာနကို ပေးပို့မယ့်အစား ကျန်းမာရေးနဲ့ လူမှုဝန်ထမ်းဌာနက ကြီးကြပ်တဲ့ အချက်လက်စုဆောင်းတဲ့ ဌာနသစ်ကို ပေးပို့ဖို့ ထရမ့်အစိုးရအဖွဲ့က ညွှန်ကြားခဲ့တာပါ။

ဒါပေမယ့် အကြံပေးကော်မတီ ဌာနရဲ့ လက်ရှိ နဲ့ အရင်အဖွဲ့ဝင်ဟောင်း သုံးဒါဇင်လောက်က ပြီးခဲ့တဲ့ လထဲမှာပဲ ကျန်းမာရေးနဲ့ လူသားအရင်းအမြစ်ဝန်ကြီး Alex Azar ဆီစာရေးသား ပေးပို့ခဲ့ပြီး ဆေးရုံတွေ အနေနဲ့ ဒီရောဂါဆိုင်ရာ နေ့စဉ် သတင်းပို့ဖို့ လိုအပ်ချက်တွေ ပြည့်မှီအောင် ဘယ်လို လုပ်ရမယ် ဆိုတာ ဆုံးဖြတ်ဖို့ အခက်တွေ့နေကြကြောင်း ပြောကြားခဲ့တာပါ။

တိုက်ရိုက် လင့်ခ်


...............

(Unicode)






XS
SM
MD
LG