သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာစစ်ကောင်စီ နိုင်ငံတကာ လူအခွင့်အရေးစံနှုန်း ချိုးဖောက်ဟု CRPH ဝေဖန်


နေပြည်တော်မှာပြုလုပ်တဲ့ စစ်အာဏာသိမ်းမှု ဆန့်ကျင် ဆန္ဒပြပွဲအနီး စောင့်ကြပ်နေတဲ့ စစ်သားများ။ (ဖေဖော်ဝါရီ ၁၇၊ ၂၀၂၁)
နေပြည်တော်မှာပြုလုပ်တဲ့ စစ်အာဏာသိမ်းမှု ဆန့်ကျင် ဆန္ဒပြပွဲအနီး စောင့်ကြပ်နေတဲ့ စစ်သားများ။ (ဖေဖော်ဝါရီ ၁၇၊ ၂၀၂၁)

(Zawgyi / Unicode)

အာဏာသိမ်း စစ်ကောင်စီဟာ ဖွဲ့စည်းပုံအခြေခံဥပဒေကိုသာမက နိုင်ငံတကာ လူ့အခွင့်အရေးစံနှုန်းတွေ၊ ကုလသမဂ္ဂ ပဋိညာဉ်စာတမ်းပါ အဖွဲ့ဝင်နိုင်ငံတွေ လိုက်နာရမယ့် စည်းကမ်းချက်တွေကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်နေတယ်လို့ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH) က အပြင်းအထန် ပြစ်တင်ဝေဖန်လိုက်ပါတယ်။

ဖမ်းဆီးခံထားရသူတွေအနေနဲ့ ဥပဒေနဲ့အညီ ခုခံချေပခွင့်မရဘဲ ဥပဒေဆိုင်ရာ အခွင့်အရေးတွေကို ပိတ်ပင်တာဟာ တည်ဆဲဥပဒေတွေနဲ့ မညီသလို လူသားမျိုးနွယ်တို့ လိုက်နာကျင့်သုံးအပ်တဲ့ အခြေခံအခွင့်အရေးတွေကို ဖောက်ဖျက်တာ ဖြစ်တဲ့အတွက် ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီက ပြင်းပြင်းထန်ထန် ကန့်ကွက်တယ်ဆိုပြီး ဒီကနေ့ရက်စွဲနဲ့ ထုတ်ပြန်တဲ့ ကြေညာချက်ထဲမှာ ဖော်ပြထားပါတယ်။

သမ္မတဦးဝင်းမြင့်၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ အပါအဝင် နိုင်ငံခေါင်းဆောင်တွေ၊ လွှတ်တော်ကိုယ်စားလှယ်တွေ၊ အာဏာဖီဆန်ရေး CDM လှုပ်ရှားမှုမှာ ပါဝင်သူတွေ၊ ဝန်ထမ်းတွေနဲ့ အလွှာအသီးသီးက လူပုဂ္ဂိုလ်တွေကို မတရားဖမ်းဆီးပြီး တရားစွဲဆိုတာတွေကို အာဏာသိမ်းစစ်ကောင်စီက ဥပဒေမဲ့ ဆောင်ရွက်နေတယ်လို့ CRPH က ထောက်ပြထားပါတယ်။

ဥပဒေမဲ့ မတရားဖမ်းဆီးခံရသူတွေ၊ တရားစွဲဆိုခံထားရသူတွေဟာ လက်ရှိ တည်ဆဲဥပဒေတွေ၊ နိုင်ငံတကာ လူ့အခွင့်အရေးဆိုင်ရာ မူတွေနဲ့အညီ ကာကွယ်ခုခံချေပခွင့် မရတဲ့အပြင် အကျိုးဆောင်ရှေ့နေတွေနဲ့ တွေ့ဆုံဆွေးနွေးခွင့်၊ သူတို့အပေါ် စွပ်စွဲချက်တွေနဲ့ ပတ်သက်ပြီး ညှိနှိုင်းဆွေးနွေးခွင့် လုံးဝမရဘဲ ဥပဒေပါ အခွင့်အရေးနဲ့အညီ ရှေ့နေတွေကနေတဆင့် ခုခံချေပခွင့်ကို စစ်ကောင်စီက ခွင့်မပြုဘူးလို့လည်း ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ စစ်အာဏာသိမ်းခဲ့ချိန်ကတည်းကဆိုရင် လူပေါင်း ၅၄၆ ယောက် ဖမ်းဆီးခံထားရ၊ စွဲချက်တင်ခံထားရ ဒါမှမဟုတ် ပြစ်ဒဏ်ချမှတ်ခံထားရတယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ဖေဖော်ဝါရီလ ၁၉ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

တိုက်ရိုက် လင့်ခ်

----------------------------

(Unicode)







XS
SM
MD
LG