သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နိုင်ငံတဝန်း ဆန္ဒပြပွဲများ အကြမ်းဖက်ဖြိုခွဲခံရ၊ လူ ၁၁ ဦးထက်မနည်းသေဆုံး


မတ်လ ၁၁ ရက်နေ့ ရန်ကုန်မြို့ရှိ ဆန္ဒပြပွဲ မြင်ကွင်း။ (မတ် ၁၁၊ ၂၀၂၁)
မတ်လ ၁၁ ရက်နေ့ ရန်ကုန်မြို့ရှိ ဆန္ဒပြပွဲ မြင်ကွင်း။ (မတ် ၁၁၊ ၂၀၂၁)

[Zawgyi/Unicode]

စစ်အာဏာသိမ်းမှု ဆန့်ကျင်ကန့်ကွက်ပြီး ဒီမိုကရေစီရေးတောင်းဆိုတဲ့ နိုင်ငံတဝန်း ဒီကနေ့ ဆန္ဒပြပွဲတွေကို စစ်တပ်နဲ့ရဲက ကျည်အစစ်ပါသုံးပြီး အကြမ်းဖက်ပစ်ခတ်ဖြိုခွဲတာကြောင့် သေဆုံး ၁၁ ဦးထက်မနည်း ရှိပါတယ်။

"မြိုင်မြို့ဆန္ဒပြပွဲ အကြမ်းဖက်ဖြိုခွဲမှု ၈ ဦးထက်မနည်း သေဆုံး"

မကွေးတိုင်း၊ ပခုက္ကူခရိုင် မြိုင်မြို့နယ်မှာ ဒီကနေ့ဖမ်းဆီးသွားတဲ့ ငြိမ်းချမ်းစွာဆန္ဒပြသူတွေကို ပြန်လွှတ်ပေးဖို့တောင်းဆိုသူတွေကို စစ်တပ်နဲ့ရဲက ပစ်ခတ်ဖြိုခွဲတာကြောင့် ၈ ဦးသေဆုံးပြီး အပြင်းအထန် ဒဏ်ရာရသူတွေလည်း ရှိခဲ့ပါတယ်။ အပြည့်အစုံကိုတော့ ကိုကျော်ကျော်သိန်းက ဆက်ပြောပြပါမယ်။

မတ်လ ၁၁ ရက်နေ့ မနက်ပိုင်းက မြိုင်မြို့ပေါ်မှာ စစ်ကောင်စီကို ဆန့်ကျင်ဆန္ဒထုတ်ဖော်ဖို့ ပြင်ဆင်နေချိန် ရဲတပ်ဖွဲ့က လူ ၃ ဦးကို ဖမ်းဆီးသွားခဲ့တဲ့အတွက် ပြန်လွှတ်ပေးဖို့ မြို့ခံတွေက ရဲစခန်းရှေ့မှာ သွားရောက်တောင်းဆိုတာမှာ စစ်တပ်နဲ့ရဲက အကြမ်းဖက်ဖြိုခွဲခဲ့တာကြောင့် သေဆုံးဒဏ်ရာရခဲ့ကြတာပါ။

ဒီအခြေအနေနဲ့ပတ်သက်လို့ မြိုင်မြို့နယ်ကိုယ်စားပြု ကျောင်းသား ပရဟိတ အသင်းဥက္ကဋ္ဌ ဖြစ်သူ ကိုနောင်လင်းဟန်က ဗွီအိုအေကို ရှင်းပြပါတယ်။

“လက်ရှိသိရသလောက်က ၇ ယောက်သေဆုံး၊ ၆ ယောက်အပြင်းအထန် ဒဏ်ရာရတယ်လို့ သိရတယ်ခင်ဗျ။ သတိလစ်တဲ့အနေအထားတွေမှာ ဖြစ်သွားတယ် ပြေးရင်းနဲ့ပေါ့။ တချို့ကျတော့လည်း ကျည်ဆံထိမှန်မှု မဟုတ်ဘဲ အကြမ်းဖက်ခံရတယ်ပေါ့။ နံပတ်တုတ်တွေနဲ့ ရိုက်တာမျိုး၊ ထိုးကြိတ်ခံရတာမျိုး အဲ့ဒီလိုအတိုင်းအတာတွေ ခံရတာမျိုးပေါ့။”

၇ ဦး သေဆုံးကြောင်း သတင်းရေးနေတဲ့အချိန်မှာပဲ နောက်ထပ်တဦး သေဆုံးတယ်ဆိုတဲ့ အတည်ပြုချက် ထပ်မံ ထွက်ပေါ်လာတာကြောင့် စုစုပေါင်း သေဆုံးသူ ရှစ် ဦးအထိ ရှိသွားပါတယ်။

ဆန္ဒပြသူတွေအပေါ် အကြမ်းဖက် ဖြိုခွင်းဖြစ်သွားတဲ့ ဖြစ်စဉ်နဲ့ပတ်သက်လို့လည်း သူက အခုလို ဆက်ရှင်းပြပါတယ်။

“ဒီ ၃ ယောက်ကို စခန်းထဲကိုခေါ်သွားတယ်။ ခေါ်သွားတဲ့အချိန်မှာ ဒေသခံပြည်သူလူထုက ဝိုင်းပြီးတော့ စခန်းရဲ့ ရှေ့တွေ၊ ဘေးတွေမှာ ဖမ်းဆီးခံ သုံး ယောက်ကို ပြန်လွှတ်ပေးဖို့ ဆန္ဒပြတောင်းဆိုတယ်ပေါ့။ အဲ့ဒီအချိန်မှာ ပစ်ခတ်ဖြိုခွဲတယ်ပေါ့။ ဒီလူအုပ်ကို မျက်ရည်ယိုဗုံးတွေရော၊ အသံကျည်ဆံတွေရော၊ ကျည်အစစ်တွေရော၊ ရာဘာကျည်တွေရော ပစ်ခတ်ဖြိုခွင်းတယ်ပေါ့။ ဒီတိုင်းပါပဲ အေးချမ်းစွာပဲ ဖမ်းဆီးခံ ပြန်လွှတ်ပေးဖို့ အဲ့ထဲမှာ သူတို့ဘက်က ပစ်ခတ်ဖြိုခွဲတယ်ပေါ့။ အစကတော့ အသံသေနတ်နဲ့ပဲ ပစ်ခတ်ဖြိုခွဲတယ်ပေါ့။ အဲ့ဒီမှာ ရှေ့တက်ရာကနေ ပစ်ခတ်သည်အထိ ဖြစ်တယ်ပေါ့။ ပစ်ခံရပြီးအကုန်လုံးက တယောက်ပဲ ဆည်းခုံမှန်ပြီး ဆုံးတာရှိတယ်။ ကျန်တာတွေက ခေါင်းတွေ၊ ငယ်ထိပ်တွေမှန်တာတွေရှိတယ်။”

ဒဏ်ရာရရှိသူ ၆ ဦးအထိရှိပြီး သူတို့ကိုတော့ မြိုင်ဆေးရုံမှာ ကျန်းမာရေး ဝန်ထမ်းတွေနဲ့ ကုသပေးနေရသလို အများစုက ရာဘာကျည်ထိမှန်တာတွေနဲ့ ရိုက်နှက်ခံရတဲ့ဒဏ်ရာတွေနဲ့ဖြစ်ပါတယ်။ လက်ရှိအချိန်မှာတော့ မြိုင်မြို့နယ်မှာ စစ်တပ်နဲ့ ရဲအင်အား တိုးမြှင့်ချထားတယ်လို့ ကိုနောင်လင်းဟန်က ပြောပါတယ်။

“ပခုက္ကူကနေ ကား ၉ စီးဆင်းလာတယ်။ အချုပ်ကား ၂ စီး၊ စစ်ကား ၆ စီး၊ ပွိုင့်ကား ၁ စီး၊ စစ်ကား ၆ စီးဆင်းတယ်လို့ပြောတယ်လေ... တပ်မ ၂၅၆ က အဲ့ဒီကားတွေလာပြီဆိုပြီးတော့မှ အခုတော့ လူအုပ်က ခွဲထားတယ်။ ဆန္ဒပြလူအုပ်က။”

မြိုင်မြို့နယ်မှာ စစ်ကောင်စီဆန့်ကျင်ရေးကို လူဦးရေ ထောင်ချီ နေ့တိုင်းဆန္ဒထုတ်ဖော်ပေမဲ့ အကြမ်းဖက်ဖြိုခွင်းတာမရှိခဲ့ဘဲ ဒီကနေ့ဟာ ပထမဆုံး အကြမ်းဖက် ပစ်ခတ် ဖြိုခွင်းတာဖြစ်ပြီး ညနေပိုင်းမှာတော့ ဖမ်းဆီးထားတဲ့သူ ၃ ဦးထဲက ၁ ဦးကို ပြန်လွှတ်ပေးလိုက်ပါတယ်။

~~~~~

"ပဲခူး၊ မန္တလေးနဲ့ မြင်းခြံ ဆန္ဒပြပွဲတွေ ဖြိုခွဲမှု ၃ ဦးထက်မနည်းသေဆုံး"

မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းမှု ရက်ပေါင်း ၄၀ နီးပါးကြာတဲ့ထိ ဆန့်ကျင်ကန့်ကွက်ပွဲတွေဆက်ဖြစ်နေသလို စစ်တပ်နဲ့ရဲ့ အကြမ်းဖက်ဖြိုခွဲတာကြောင့် သေဆုံးသူအရေအတွက်လည်း တိုးလာနေပါတယ်။ ဒီကနေ့ ဆန္ဒပြပွဲတွေအတွင်း ပဲခူး၊ မန္တလေးနဲ့ မြင်းခြံတို့မှာ သေဆုံးသူ သုံး ဦးထက်မနည်းရှိခဲ့ပြီး ဆန္ဒပြသူအများအပြား အဖမ်းခံထားရပါတယ်။ ဒီအကြောင်း ကိုကျော်ကျော်သိန်းက ဆက်ပြောပြပါမယ်။

မတ်လ ၁၁ ရက် ဒီကနေ့ ပဲခူးမြို့မှာ စစ်အာဏာသိမ်းဆန့်ကျင်ရေး ဆန္ဒဖော်ထုတ်သူတွေကို လက်နက်ကိုင် စစ်တပ်နဲ့ ရဲတွေက မျက်ရည်ယိုဗုံးပစ်ပြီး လူစုခွဲသလို ကျည်အစစ်နဲ့ပါပစ်တာကြောင့် လူငယ်တစ်ဦး ဦးခေါင်းပွင့်သေဆုံးသွားတယ်လို့ ပဲခူးမြို့ခံ ကိုမျိုးကိုက ဗွီအိုအေကို ပြောပါတယ်။

“ပိတ်ပြီး ဖြိုခွင်းတယ်ပေါ့နော်၊ ဖြိုခွင်းတဲ့အခါမှာ မျက်ရည်ယိုဗုံးသုံးတယ်။ ကျည်အစစ်သုံးတယ်၊ ဒါလေးနဲ့ ဖြိုခွင်းတယ်ပေါ့နော်။ ပြီးတော့ အဲ့ဒီအိမ်နီးနားမှာ ဆန္ဒပြတဲ့ ကျောင်းသားတွေ၊ ပြည်သူတွေ ဝင်ပုန်းတဲ့ အိမ်တွေ အကုန်လုံးဝင်ပြီး တံခါးတွေ ဖျက်ပြီးတော့မှ ပစ္စည်းတွေ ဝင်ဖျက်ပြီးတော့မှ အိမ်ထောင်စုဇယားတွေကို တိုက်ပြီးတော့မှ အိမ်ထောင်စုဇယားထဲမပါတဲ့လူတွေအကုန်လုံးကို ဖမ်းသွားတယ်။ အကြမ်းဖက်ပြီးတော့မှာ ရိုက်နှက်ပြီးတော့ ဖမ်းသွားတာမျိုးဖြစ်တယ်။ အဖမ်းအဆီးများတယ်။ ဘယ်နှစ်ယောက်ဆိုတာ ကျနော်တို့ အခုမှ စာရင်းလုပ်နေတုန်း။ တစ်ယောက်က သေတယ်၊ နောက်တစ်ယောက်ကကျတော့ ခြေထောက်ကနေမှ အရိုးပေါ်တဲ့အထိကို ခြေထောက်ကျည်မှန်ပြီးတော့ ပွင့်ထွက်သွားတာမျိုးဖြစ်တယ်။ ဒါ အခုကျနော်တို့ နောက်ဆုံးရထားတဲ့ သတင်းပေ့ါနော်။ ဟုတ်တယ်။ ကျည်အစစ်မှန်သွားတာ။ သေတဲ့တစ်ယောက်က ခေါင်းကို ထိသွားတာ။ ခေါင်းထိတာမှ ဘယ်လောက်ထိ ဆိုးသွားလဲဆိုတော့... ကျသွားတဲ့လူငယ်က စကားမပြောတတ်ဘူး။ စကားမပြောတတ်တဲ့ လူငယ်ဖြစ်တယ်။ စစ်ကြောင်းဘက်မဟုတ်ဘဲနဲ့ စစ်ကြောင်းဟိုဘက်ပေါ့... လမ်းမကြီးပေါ်မှာ အပစ်ခံရတာ။ သူဆောင်းထားတဲ့ လျှာထိုးဦးထုတ်ထဲမှာက ဦးခေါင်းခွံကျန်ခဲ့တယ်။”

အလားတူ အာဏာသိမ်းစစ်ကောင်စီကို ဆန့်ကျင်ဆန္ဒပြနေတဲ့ မန္တလေးမြို့ မြတောင်သပိတ်စစ်ကြောင်း မနက် ၉ နာရီက စထွက်တဲ့အချိန်မှာပဲ လမ်း ၃၀၊ လမ်း ၃၁ နဲ့ လမ်း ၉၀ မှာ လက်နက်ကိုင်တပ်ဖွဲ့တွေဘက်က နှစ်ဘက်ပိတ်ညှပ်ပြီး အကြမ်းဖက်ပစ်ခတ်ဖြိုခွဲခဲ့တယ်လို့စစ်ကြောင်းမှာ ပါဝင်တဲ့ ကိုရဲရင့်ဇော်ဝင်းက ပြောပါတယ်။

“ကလေးက မှန်တာ ကျည်အစစ်နဲ့ မှန်တာ။ သူက ထပြီးတော့ ပြေးတဲ့ အချိန်မှာ လဲသွားတဲ့အချိန်မှာ ထတဲ့အချိန်မှာ ကျည်စစ်ပိတ်မှန်တာ ဦးခေါင်းကို။ ပထမဦးဆုံး သူတို့ စပြီး ဒီစစ်ကြောင်းကို ဖြိုခွဲဖို့အတွက် အသံမိုင်းပစ်တယ်။ ပြီးရင် ရာဘာကျည်ပစ်တယ်၊ နောက်ဆုံး ကျည်ဆံအစစ်ပါသုံးတယ်။ စစ်ကားက ၁၀ စီးလောက်ရှိတယ်၊ ပြီးတော့ တဘက်က ရဲတပ်ဖွဲ့တွေကကျတော့ ဆိုင်ကယ်အစီး ၃၀၊ ၄၀ နဲ့ တဘက်က ညှပ်တယ်။ စစ်နဲ့ ရဲနဲ့ ညှပ်ပြီး ကျနော်တို့ ဒီသပိတ်စစ်ကြာင်းကို ဖြိုခွဲတာပေါ့နော်ဗျာ။ အဖမ်းဆီးခံရသူက ကျနော်တို့ အခုလောလောဆယ် သတင်းအတိအကျရထားတာ ၂၈ ဦး ရှိတယ်။ အဲ့ဒီထဲမှာ အမျိုးသမီး နှစ်ဦးပါတယ်။ အဲ့ဒီအမျိုးသမီး နှစ်ဦးက ဒီ defense အဖွဲ့ထဲမှာပါတဲ့ အမျိုးသမီးလေးတွေပေါ့နော်။ အသက်ကတော့ ငယ်ပါသေးတယ်။ ပြီးတော့ ဒဏ်ရာရသူ နှစ်ဦးရှိတယ်။ ပေါင်မှာ မှန်တဲ့ သူ ရှိတယ်၊ ခါးမှာ ရှပ်မှန်တဲ့ လူ တစ်ဦးရှိတယ်။”

သေဆုံးသူဟာ ပြေးလွှားရင်း ချော်လဲပြီး လျှာကိုက်မိလို့ သေဆုံးသွားကြောင်း စစ်ကောင်စီက ပြောပေမဲ့ ဒေသခံတွေဘက်ကတော့ ပြေးလွှားရင်း ခိုက်မိလို့ သေဆုံးတာ မဟုတ်ဘဲ ဦးခေါင်းကျည်ထိမှန်ပြီး သေဆုံးရတာလို့ ပြောပါတယ်။

မိုးကုတ်မြို့က သပိတ်စစ်ကြောင်းကိုလည်း အကြမ်းဖက်ဖြိုခွင်းပြီး ဖမ်းဆီးရိုက်နှက်တာလည်းရှိပါတယ်။ ဒဏ်ရာရသူနဲ့ အဖမ်းခံရသူ ဘယ်လောက်ရှိသလဲဆိုတာ ဗွီအိုအေက သီးခြားအတည်မပြုနိုင်သေးပါဘူး။

မတ်လ ၁၀ ရက် မနေ့တုန်းက မန္တလေးတိုင်း မြင်းခြံမြို့မှာ ဆန္ဒပြပွဲ အကြမ်းဖက်ပစ်ခတ်ဖြိုခွင်းမှုမှာ မျက်လုံးကျည်ထိမှန်ခဲ့တဲ့ KBZ Bank ဝန်ထမ်း ကိုထူးအောင်ကျော် ဒီနေ့မှာ သေဆုံးသွားပါတယ်။

~~~~~

"မြောက်ဒဂုံမှာ ဆန္ဒပြသူတစ်ဦး ဦးခေါင်းပစ်ခံရပြီး သေဆုံး"

စစ်အာဏာသိမ်းမှု ဆန့်ကျင်ကန့်ကွက်တဲ့ ရန်ကုန်တိုင်း၊ မြောက်ဒဂုံမြို့နယ်က ဆန္ဒပြပွဲကို ပစ်ခတ်ဖြိုခွဲတာကြောင့် ဆန္ဒပြသူတစ်ဦး ဦးခေါင်းထိမှန် သေဆုံးခဲ့သလို ဒဏ်ရာရသူတွေလည်း ရှိခဲ့ပါတယ်။ ဒီအကြောင်း မဆုမွန်က တင်ပြထားပါတယ်။

ဒီမနက် ၁၁ နာရီခန့်မှာ မြောက်ဒဂုံ၊ ၃၅ ရပ်ကွက်၊ ပင်လုံကွေ့အနီး ဗိုလ်မင်းရောင်လမ်းထိပ်နားမှာ ပြည်သူ ၁၀၀ ကျော် ဆန္ဒပြနေစဉ် လက်နက်ကိုင်တပ်ဖွဲ့ဝင်တွေရဲ့ ကျည်ထိမှန်လို့ အမျိုးသားတဦး ခေါင်းထိမှန် သေဆုံးခဲ့ပါတယ်။

"အသံဗုံးတွေ စပစ်တယ်။ တောက်လျှောက် ပစ်တဲ့အချိန်မှာ ကျနော်တို့ဖြေးဖြေးချင်းဆီ ဆုတ်တယ်။ ဆုတ်တဲ့ အချိန်မှာ ကျနော်နည်းနည်း ထကြည့်လိုက်တော့ ချိန်ထားတယ်။ ရာဘာကျည်ပဲ ထင်တာ။ ဒါပေမဲ့ တကယ်ပစ်လိုက်တော့ ပထမတချက်ချော်သွားတယ်။ နောက်တချက်ကျတော့ ဖောင်းဆိုပြီးတော့ ကျနော့်ရှေ့တည့်တည့်က တယောက်ပဲ... ဖောင်းဆိုပြီးတော့ ကျသွားတယ်။ ခေါင်းကိုတည်ပစ်တာ နားထင်ဘက်ကိုဝင်သွားတယ်။ ကျနော်တို့အကုန် လမ်းဘေးဆင်းပြေး၊ မြောင်းထဲအကုန်ကျပြီးမှ ကျနော်တို့ပြန်ဆွဲကြတာ။ ပြန်ဆွဲတဲ့အချိန်မှာ ကြက်ခြေနီတွေ လာတယ်။ လာတဲ့အထိ၊ ဆွဲတဲ့အထိကို သူတို့ တောက် လျှောက်ပစ်လာတယ်။ ဘယ်လိုပုံစံစီးနင်းထားလဲဆိုတော့ သူတို့က လမ်းပေါ်မတက်ဖို့ ရပ်ကွက်ထဲ ဆန္ဒပြဖို့ ပြောတာပဲ။ ဒါပေမဲ့ သူတို့က လမ်းပေါ်တက်မပြလည်း လမ်းကြားထဲဆန္ဒပြလည်း ကျနော်တို့ကို ပစ်နေတာပဲ။ ဒိုင်းမကိုင်လည်း ပစ်တာပဲ၊ ပို့စ်တာမကိုင်လည်း ပစ်တာပဲ... ဘယ်လိုပဲဖြစ်ဖြစ် ကျနော်တို့ကို လက်နက်ရှိတယ်ဆိုပြီး လုပ်ချင်တိုင်းလုပ်နေတာ။"

ဖြစ်စဉ်မှာ ကိုယ်တိုင်ကြုံတွေ့ရတဲ့သူ တဦးက ဖြစ်စဉ်နဲ့ ပတ်သတ်လို့ ပြောပြလာတာပါ။

သေဆုံးသွားသူဟာ ၄၉ ရပ်ကွက်နေ အသက် ၂၅ နှစ်အရွယ် ရှိသူ ဦးချစ်မင်းသူဖြစ်ပြီး အိမ်ထောင်ရှိ အမျိုးသား တစ်ဦးဖြစ်ပြီး ဇနီးနဲ့ ၃ နှစ်အရွယ်ကလေးငယ်တစ်ဦး ကျန်ရှိခဲ့ပါတယ်။ ပထမအသံဗုံး စပစ်သွင်းချိန်မှာ ဆန္ဒပြသူတွေက နောက်ကိုဆုတ်နေချိန်မှာ သေနတ်စတင် ပစ်ဖောက်လိုက်တာဖြစ်ပြီး သေနတ် ၂ ချက်ဖောက်တာမှာ တချက်က ဒိုင်းကာကနေသူကို ထိမှန်ခဲ့တာဖြစ်ပါတယ်။

သူအပါအဝင် နောက်ထပ် ကျည်ထိသူတဦးနဲ့ ထိခိုက်ဒဏ်ရာရသူတချို့လည်း ရှိတယ်လို့ အခင်းဖြစ်ရာမှာ ကူညီပေးနေတဲ့လူမှုကူညီရေး အဖွဲ့ဝင်တယောက်ကပြောပါတယ်။

"ခေါင်းထိတယောက်က အားလုံးသိတဲ့ ချစ်မင်းသူဆိုတဲ့တယောက်၊ နောက်တယောက်က အေးကိုခိုင်ဆိုတဲ့ တယောက် ၁၅ နှစ်၊ ၄၂ ရပ်ကွက်က ခင်ဗျ။ သူကပေါင်ထိတာ ဆီးခုံလို့ နားလည်မှုလွဲကြတာ။ ပေါင်က operation လုပ်ပြီးပြီ။ နောက်သူက လက်ကျိုးသွားတယ်။ လက်ကျိုးတာကို မနက်ဖြန် ထပ်လုပ်မယ်။ ဆေးရုံက ပြောတယ်။ သေချာတာက ဆီးခုံမဟုတ်ဘူး။ အဲဒါက လက်ရော၊ ပေါင်ရောထိတာပေါ့။ အဓိကကတော့ ပေါင်ထိတာသေချာတဲ့ခင်ဗျ။ သူ့ကိုလည်း နားလည်မှုလွဲပြီးတော့ ဗိုက်လို့ပြောကြတယ်။ ကျည်အကြောင်းပြောရင်... သူဆုံးသွားတဲ့နားမှာ ညီလေးတယောက်က သူတွေ့တာကောက်ထားတာ ကျည် ၃ ခု ရထားတယ်ခင်ဗျ။ ကျည်ဆံအစစ်တွေကြီးနဲ့ လုပ်ထားတာဆိုတော့ ကျည်အစစ်တွေပေါ့။ ဟုတ်တယ်မလား။ ဆိုတော့ဗိုလ်မင်းရောင်မှာထိတဲ့ ၂ ယောက်စလုံးက သံပြားကိုဖောက်ဝင်တာ။ ဆိုတော့ ကျနော်တို့က ကျည်အစစ်လို့ ယူဆရတယ်ပေါ့။ ဖမ်းခံရတာတော့ မကြားဘူး။"

နောက်ထပ်ထိခိုက်မှုအနေနဲ့ ၃၅ ရပ်ကွက်တွင်းက မန္တလေးလမ်းနဲ့ စစ်ကိုင်းလမ်းတို့မှာ ဗိုက်ထိသူ၊ နားရွက်ကို ထိခိုက်သူ ပေါင်း နောက်ထပ် ၂ ယောက်ရှိနေပြီး သူတို့အခြေအနေတွေက စိုးရိမ်စရာ မရှိဘူးလို့ပြောပါတယ်။

ဒီကနေ့မှာ နယ်မြို့တွေမှာလည်း သပိတ်ဖြိုခွဲမှုကြောင့် သေဆုံးသူတွေ ရှိနေပါတယ်။ လက်ရှိ ဖေဖော်ဝါရီ ၁ ရက်နေ့ကစလို့ စစ်အုပ်ချုပ်ရေးကောင်စီ အာဏာသိမ်းအပြီး အာဏာရှင်ဆန့်ကျင်နေကြတဲ့ ပြည်သူတွေရဲ့ သပိတ်ဖြိုခွင်းမှုဖြစ်စဉ်တွေအပါအဝင် ဖမ်းဆီးခံရပြီး သေဆုံးသူတွေအပါအဝင် ဒီနေ့ထိ သေဆုံးသူ ၈၀ ထက်မနည်း ရှိနေပြီဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်
တိုက်ရိုက် လင့်ခ်
တိုက်ရိုက် လင့်ခ်

[Unicode Version]












“ပခုက်ကူကနေ ကား ၉ စီးဆငျးလာတယျ။ အခြုပျကား ၂ စီး၊ စဈကား ၆ စီး၊ ပှိုင့ျကား ၁ စီး၊ စဈကား ၆ စီးဆငျးတယျလို့ပွောတယျလေ... တပျမ ၂၅၆ က အဲ့ဒီကားတှလောပွီဆိုပွီးတော့မှ အခုတော့ လူအုပျက ခှဲထားတယျ။ ဆန်ဒပွလူအုပျက။”


~~~~~

"ပဲခူး၊ မန်တလေးနဲ့ မွငျးခွံ ဆန်ဒပွပှဲတှဖွေိုခှဲမှု ၃ ဦးထကျမနညျးသဆေုံး"









~~~~~

"မွောကျဒဂုံမှာ ဆန်ဒပွသူတဈဦး ဦးခေါငျးပဈခံရပွီး သဆေုံး"










XS
SM
MD
LG