သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အိန္ဒိယ ကိုဗစ်ကူးစက်မှု သန်း ၂၀ ကျော်လာပြီ


(Zawgyi/Unicode)

ကိုဗစ်ကပ်ရောဂါ တကျော့ပြန် ကူးစက်မှုတွေကြောင့် ကျန်းမာရေးစနစ် ပြိုလဲတဲ့ အခြေအနေနဲ့ ကြုံနေရတဲ့ အိန္ဒိယနိုင်ငံမှာ ရောဂါကူးစက်သူ အတည်ပြုလူနာ သန်း ၂၀ ကျော် သွားပါပြီ။

ရောဂါပိုး ကူးစက်သူ လူနာသစ် နေ့စဉ် ၃ သိန်းကျော်နေတာ ၁၃ ရက်နေ့မြောက်အဖြစ် အင်္ဂါနေ့မှာလည်း ၃၅၇,၂၂၉ ယောက်ကို ကျန်းမာရေး ဝန်ကြီးဌာနက အတည်ပြုခဲ့ပါတယ်။ ၂၄ နာရီအတွင်း သေဆုံးသူ အရေအတွက်ဟာလည်း ၃,၄၄၉ ယောက် ရှိခဲ့တာပါ။

အမေရိကန် ပြည်ထောင်စု Johns Hopkins တက္ကသိုလ်ရဲ့ စာရင်းအရ၊ အိန္ဒိယနိုင်ငံမှာ ကိုဗစ်လူနာ ၂၀.၂ သန်းကျော် ရှိနေသလို၊ သေဆုံးသူ ၂၂၂,၄၀၈ ယောက် ရှိနေပါတယ်။ ကူးစက်သူအရေအတွက်ဟာ ကမ္ဘာမှာ အမေရိကန်ပြီးရင် အိန္ဒိယနိုင်ငံက ဒုတိယ အများဆုံး ဖြစ်နေပြီး၊ သေဆုံးသူ အရေအတွက်ကတော့ အမေရိကန်နဲ့ ဘရာဇီးနိုင်ငံတွေပြီးရင် တတိယ အများဆုံး ဖြစ်ပါတယ်။

အိန္ဒိယနိုင်ငံမှာ ကူးစက်မှုတွေ တကျော့ပြန် များလာရတဲ့ အကြောင်းရင်းတွေထဲမှာ ဗိုင်းရပ်စ်ပိုး အမျိုးအစားသစ် ပျံ့နှံ့မှုနဲ့ ဒီနှစ်ဆန်းပိုင်းမှာ ကူးစက်မှုတွေ လျော့ကျလာရာက ကပ်ရောဂါထိန်းချုပ်ရေး ကန့်သတ်ချက်တွေကို လျှော့ပေးလိုက်တာတွေ ပါဝင်တယ်လို့လည်း ယူဆကြပါတယ်။

အတိုက်အခံ အိန္ဒိယ အမျိုးသားကွန်ဂရက်ပါတီ ခေါင်းဆောင် Rahul Gandhi ကတော့ ဝန်ကြီးချုပ် Narendra Modi ရဲ့ တုံ့ပြန်ဆောင်ရွက်မှု အားနည်းချက်ကြောင့် အပြစ်မဲ့ပြည်သူတွေ အသက်ဆုံးရှုံးနေရကြောင်း ဝေဖန်ပြောဆိုလိုက်သလို၊ ရောဂါကူးစက်မှုတွေကို ထိန်းချုပ်နိုင်အောင် နိုင်ငံအဝန်း သွားလာလှုပ်ရှားမှုတွေ ကန့်သတ်ဖို့လည်း Twitter လူမှုကွန်ရက်ကနေ အင်္ဂါနေ့ကပဲ တိုက်တွန်းထားပါတယ်။

တိုက်ရိုက် လင့်ခ်

............

အိန်ဒိယ ကိုဗဈကူးစကျမှု သနျး ၂၀ ကြောျလာပွီ

(Unicode)






XS
SM
MD
LG