သံုးရလြယ္ကူေစသည့္ Link မ်ား

site logo
ေနာက္ဆုံးရသတင္း

ဓာတ္ဆီေစ်းဂယက္ သယ္ယူပို႔ေဆာင္ေရး ခက္


[[ ZAWGYI ]]

ဓာတ္ဆီေစ်းဂယက္ သယ္ယူပို႔ေဆာင္ေရး ခက္

ျမန္မာႏိုင္ငံမွာ စက္သုံးဆီေစ်းေတြ သိသိသာသာ တက္ေနတာေၾကာင့္ အေဝးေျပး ခရီးသည္တင္ယာဥ္လိုင္းေတြ လုပ္ငန္း လည္ပတ္ႏိုင္ဖို႔ အခက္အခဲ ရွိေနပါတယ္။ စက္သံုးဆီ ေစ်းေတြအျပင္ လမ္းေတြမွာ ဂိတ္ေၾကးေပးရတာကလည္း ပိုမ်ား လာေနတယ္လို႔ အေဝးေျပးကား လုပ္ငန္းရွင္ေတြက ေျပာပါတယ္။ ရန္ကုန္ကေပးပို႔ထားတဲ့ ဒီသတင္းကို ကိုဉာဏ္ဝင္းေအာင္က ေျပာျပမွာပါ။

စစ္အာဏာသိမ္းခဲ့တဲ့ ၂၀၂၁ ေဖေဖာ္ဝါရီလကစလို႔ ေလာင္စာဆီေစ်းေတြ တျဖည္းျဖည္းတက္ေနတာ အခုဆိုရင္ ၂၀၂၀ ႏွစ္ကုန္ပိုင္းက ေစ်းထက္ ၂ ဆထက္မနည္း တက္ေနပါတယ္။ စက္သံုးဆီေစ်းေတြ တက္ေနတာေၾကာင့္ အေဝးေျပးယာဥ္လုပ္ငန္းေတြ အခက္ေတ႔ြေနၾကပါတယ္။

ကိုဗစ္ကပ္ေရာဂါေၾကာင့္ေရာ ႏိုင္ငံထဲ ေနရာေတာ္ေတာ္မ်ားမ်ားမွာ တိုက္ပြဲေတြျဖစ္ေနတာေၾကာင့္ပါ ကန္႔သတ္ခ်က္ေတြ႐ွိေနခ်ိန္မွာပဲ စက္သံုးဆီေစ်း တက္ေနတာေၾကာင့္ လုပ္ငန္းလည္ပတ္ဖုိ႔ ခက္ခဲတဲ့အထိ အေျခအေနျဖစ္ေနတယ္လို႔ ေဇယ်ာေ႐ႊျပည္ယာဥ္လိုင္း ပိုင္ရွင္ ေဒၚ ခိုင္ခိုင္က ေျပာပါတယ္။ လမ္းခရီးမွာ လမ္းတံတားေၾကးေတြကိုလည္း ပိုေပးေနရတယ္လို႔ သူက ခုလိုေျပာပါတယ္။

"အစ္မတို႔က သြားလိုက္တယ္ဆိုရင္ လမ္းေၾကး၊ တံတားေၾကးနဲ႔ ယာဥ္ေမာင္းေခါက္ေၾကးေပါ့။ အစ္မတို႔က ရန္ကုန္၊ မႏၲေလး၊ ျပင္ဦးလြင္ ေျပးတာေပါ့ေနာ္။ အဲဒီမွာဆိုရင္ အရင္းက ရန္ကုန္ - မႏၲေလး မိုင္က ၃၆၀ ရယ္၊ ဟိုဘက္က မိုင္ ၄၀ ရယ္ေပါ့။ အဲဒီရဲ႕ စရိတ္က အရင္တုန္းကဆိုရင္ ၆ သိန္းဆိုရင္ အားလုံးအၿပီးအစီးေပါ့။ ယာဥ္ေမာင္းေၾကးေရာ၊ ဆီဖိုး ေရာ၊ လမ္း တံတားေၾကး ၇ ေသာင္းအပါ အၿပီး ရွိေနၿပီေပါ့ေနာ္။ ဒါေပမယ့္ အခုက်ေတာ့ အဲလိုမ်ိဳး မရဘူး။ ဆီဖိုးကိုက ၆ သိန္းျဖစ္ေနေတာ့ေလ၊ နည္းနည္းအဆင္မေျပတာ မဟုတ္ဘူး၊ ေတာ္ေတာ္ေလးကို အဆင္မေျပဘူး။ ဒါေပမယ့္ အစ္မတို႔က်ေတာ့ ယာဥ္ေမာင္းေတြကလည္း ခန႔္ထားၿပီးသား၊ ဂိတ္သမားေတြကလည္း ခန႔္ထားၿပီးသား။ အစ္မတို႔က်ေတာ့ ကိုယ္ပိုင္လိုင္း၊ ကိုယ္ပိုင္ဂိတ္ဆိုေတာ့ ဆီေစ်းတက္လို႔ဆိုၿပီး ဝန္ထမ္းကေလွ်ာ့လိုက္လို႔ မရဘူး။ မလာနဲ႔လို႔လည္း ေျပာလို႔မရဘူး။ အဲလိုပဲ ယာဥ္ေမာင္းကိုက်ေတာ့လည္း သူ႔ကားနဲ႔သူေတာ့ ထြက္ေပးေနရတာပဲေလ။ ကုန္ေစ်းႏႈန္းက်ေတာ့လည္း က်မတို႔ဆီေစ်းတက္လို႔ ဆိုၿပီးေတာ့ ကုန္ေစ်းကို တက္ယူလိုက္လို႔မရဘူး။ ကိုယ့္ ကုန္သည္က အဲလိုယူတာနဲ႔ တန္းေပ်ာက္သြားတာ။ ဒီကုန္သည္ကို မိတ္ပ်က္သြားမွာ ေပ်ာက္သြားမွာ ေၾကာက္တာနဲ႔ကို တဖာကို ၂၀၀ ေလး တက္ပါတယ္လို႔ကို မေျပာရဲဘူး။"

စက္သုံးဆီေစ်းႏႈန္းေတြ တက္ေပမယ့္လည္း ကုန္တင္ တန္ဆာခေတြ တိုးယူဖို႔က အခက္အခဲေတြ ရွိေနတယ္လို႔ ေျပာပါတယ္။ ကပ္ေရာဂါအေျခအေနေၾကာင့္ ယာဥ္ေမာင္းနဲ႔ ေနာက္လိုက္ေတြမွာ ကိုဗစ္ကပ္ေရာဂါရွိ-မရွိ အခေၾကးေငြေပးၿပီး မျဖစ္မေန စစ္ေဆး ခံေနရသလို၊ တန္ဆာ ပစၥည္းေတြ သယ္ေဆာင္ဖို႔ကိုလည္း ပစၥည္းကန႔္သတ္ခံေနရတာပါ။ ေဖေဖာ္ဝါရီလ ၁၇ ရက္ စက္သုံးဆီေစ်းႏႈန္းေတြက ေအာက္တိန္း 92 တလီတာကို ၁,၇၀၅ က်ပ္၊ 95 တလီတာ ၁,၇၆၀ က်ပ္နဲ႔ ဒီဇယ္ တလီတာကို ၁,၇၁၀ အထိ ရွိေနပါတယ္။ ဒါက ရန္ကုန္ေစ်းႏႈန္းေတြပါ။ စက္သုံးဆီေစ်းေတြ အခ်ိန္ၾကာၾကာ တက္ေနမယ္ဆိုရင္ လုပ္ငန္းေတြ ဆက္လည္ပတ္ႏိုင္ဖို႔က မလြယ္ကူေတာ့ဘူးလို႔ ယာဥ္လိုင္းပိုင္ရွင္ေတြက ညည္းတြားေနၾကပါတယ္။

"ေတာ္ေတာ္ေလး ႐ုန္းကန္ေနရတယ္။ အမွန္တိုင္းေျပာရရင္ေတာ့ လုပ္ငန္း ဆိုင္းဘုတ္ေလး မျဖဳတ္ခ်င္လို႔။ ဆီေစ်းႏႈန္းတက္တာက တခါ မဟုတ္ေတာ့ဘူး။ ဒါနဲ႔ဆိုရင္ တတိယအႀကိမ္ေျမာက္ ျပန္တက္သြားတာ။ ပထမဦးဆုံးျဖစ္တဲ့ ကိုဗစ္မွာတုန္းက ဆီေစ်းႏႈန္း ၅၀၀၊ ၆၀၀၊ ၇၀၀ အထိေတာင္ အစ္မတို႔ သြားခဲ့ရတယ္ဆိုေတာ့ အဲဒီတုန္းက မထြက္ႏိုင္လို႔ ခုံေတြျဖဳတ္ၿပီး တန္ဆာနဲ႔ပဲ သြားမယ္ဆိုၿပီး ယာဥ္ေမာင္းေတြကို အလွည့္က်ေလး ေမာင္းၾကပါေပါ့။ အင္အားႀကီးတဲ့အသင္းေတြဆိုရင္ ေတာ္ေတာ္ခံရတယ္။ သူတို႔ဆိုရင္ တေန႔ကို ၂၅ စီးေလာက္ထြက္ေတာ့ ထြက္တဲ့ႏႈန္းက အဲေလာက္မရွိဘူး။ ဒါေပမယ့္ ၂၅ စီးလုံးရဲ႕ဝန္ကို သူတို႔ ထမ္းရတယ္ဆိုေတာ့ ယာဥ္ေမာင္းေတြကလည္း အေခါက္ေတြ မမီၾကဘူး။ အစ္မတို႔ကေတာ့ ၁၀ စီးေလာက္ပဲရွိတယ္၊ ကိုယ့္ဂိတ္နဲ႔ ကိုယ့္ကားေလး တႏိုင္ပဲဆိုေတာ့ ယာဥ္ေမာင္းေတြကို အလွည့္က်ေပါ့။ အစ္မတို႔ဆိုရင္ လုပ္အားခ ရွင္းႏိုင္တယ္ ဆို႐ုံေလးပဲ။ တခါတေလဆိုရင္ အငယ္ဆုံး လုပ္သားေလးေတြကို အရင္ရွင္းၿပီးေတာ့ ခပ္လတ္လတ္ ဂိတ္မႉးေတြဆိုရင္ ဒီတသုတ္ မႏၲေလးဂိတ္ကိုရွင္းလိုက္၊ ေနာက္ ၅ ရက္ေလာက္ေနမွ ရန္ကုန္ဂိတ္ ဝန္ထမ္းေတြကို ရွင္းလိုက္။ ေနာက္ ၃ ရက္ေလာက္ေနေတာ့ ေတာင္ငူဂိတ္ ဝန္ထမ္းကို ရွင္းလိုက္နဲ႔ လစာကို အလွည့္က် ရွင္းရတာေပါ့ေနာ္။ ဝန္ထမ္းေတြကို တၿပိဳင္တည္း တရက္တည္း လစာကို မေပးလိုက္ႏိုင္ဘူး အစ္မတို႔မွာေလ။"

ျမန္မာႏိုင္ငံ စက္သုံးဆီ တင္သြင္းေရာင္းခ် ျဖန႔္ျဖဴးေရးအသင္းက အထူးေစ်းႏႈန္းနဲ႔ စက္သုံးဆီေတြကို ဆိုင္ ၂၀၀ ေက်ာ္ေလာက္မွာ ေရာင္းခ်ေပးေနေပမယ့္လည္း အဲဒီဆိုင္ေတြမွာ လိုသေလာက္ဝယ္လို႔ မရႏိုင္ၾကတာ မ်ားပါတယ္။ အမ်ားစုက တက္ေစ်းနဲ႔သာ ဝယ္ယူေနရတာလို႔ ေျပာပါတယ္။ သယ္ယူပို႔ေဆာင္ေရးစရိတ္ေတြေၾကာင့္ နယ္ၿမိဳ႕ေတြမွာ စက္သုံးဆီေစ်းက ပိုမ်ားပါတယ္။ ျမန္မာျပည္အထက္ပိုင္း ကခ်င္ျပည္နယ္၊ ဝိုင္းေမာ္ၿမိဳ႕မွာဆို ဒီေန႔ ဆီေပါက္ေစ်းက ဒီဇယ္တလီတာ ၁,၈၅၅ က်ပ္အထိ ရွိပါတယ္။ မႏၲေလး ေ႐ႊနဂါး စက္သုံးဆီဆိုင္ရွင္ကေတာ့ စက္သုံးဆီေစ်းေတြ တက္ေနတဲ့အေပၚ သူ႔အျမင္ကို ေျပာပါတယ္။

"ဒီလိုဗ်ာ က်ေနာ္တို႔ ရန္ကုန္နဲ႔ မႏၲေလးဆိုရင္ ၅၀ ပတ္လည္ေလာက္ ကြာတယ္။ မႏၲေလးမွာ ၁,၇၀၀၊ ၁,၇၅၀ ေလာက္ ေရာင္းေနၿပီဗ်ာ။ ဆိုေတာ့ အဲဒီအထက္ ရွမ္းျပည္တို႔ဘာတို႔ တက္သြားၿပီ၊ ကခ်င္တို႔ဘာတို႔ ဘက္ဆိုရင္ ၁ လီတာ ၂,၀၀၀ ေလာက္ ျဖစ္ေလာက္တယ္ဗ်။ သူတို႔ ပို႔ေဆာင္ခေတြ ရွိတာကိုး။ ဆီေစ်းက ျပည္တြင္းေငြေၾကး ေဖာင္းပြမႈနဲ႔လည္း ဆိုင္တာေပါ့ေလ။ က်ေနာ္တို႔ ဒီဘက္မွာလည္း ဆီဝယ္ရတဲ့အခ်ိန္မွာ ပိုၿပီးေတာ့ အရင္က ၁ ဂါလံကိုဗ်ာ ၁ ေဒၚလာနဲ႔ ဝယ္ရရင္ ခု ၂ ေဒၚလာေပးဝယ္ရတဲ့ သေဘာမ်ိဳး ျဖစ္လာတာေပါ့။ ဆိုေတာ့ အဓိက အေၾကာင္းတရားကေတာ့ ဒီကမာၻ႔ေရနံ လႈပ္ခတ္မႈအေပၚမွာပဲ မူတည္တာပဲဗ်။"

ကမာၻ႔ေရနံစိမ္းက ၇ ႏွစ္အတြင္းမွာ အျမင့္ဆုံးကိုေရာက္ေနၿပီး အခုရက္ပိုင္းမွာကို ေရနံစိမ္း တစည္ကို အေမရိကန္ေဒၚလာ ၁၀၀ ေက်ာ္ ေစ်းေပါက္ေနပါတယ္။ ကိုဗစ္ကပ္ေရာဂါနဲ႔ ႏိုင္ငံေရးအေျခအေနေတြအျပင္ စက္သုံးဆီေစ်းေတြေၾကာင့္ အေဝးေျပး ကုန္တင္ယာဥ္နဲ႔ ခရီးသည္တင္ယာဥ္လိုင္းေတြမွာ တခ်ိဳ႕ဆို ပုံမွန္မေျပးဆြဲႏိုင္ေတာ့ပဲ ဝန္ထမ္းလစာ ေပးႏိုင္ဖို႔အတြက္ မနည္း ႐ုန္းကန္ေနရတဲ့ ဂိတ္ေတြလည္း ရွိပါတယ္။

ရန္ကုန္ၿမိဳ႕တြင္းမွာ ေန႔စဥ္ေျပးဆြဲေနတဲ့ အမ်ားသုံး YBS ယာဥ္လိုင္းတခ်ိဳ႕လည္း အရင္က ခရီးစဥ္အစအဆုံးကုိ က်ပ္ ၂၀၀ ယူရာကေန အခု က်ပ္ ၄၀၀ အထိ ေျပာင္းလဲ ေကာက္ခံတာေတြ ရွိေနပါတယ္။ ရန္ကုန္ကေန မုံ႐ြာသြားတဲ့ ခရီးသည္ယာဥ္လိုင္းေပၚမွာ လက္နက္ ခဲယမ္းတခ်ိဳ႕ ရွာေဖြေတြ႔ရွိၿပီးတဲ့ေနာက္ တနယ္ကေန တနယ္ကုိ ပို႔ခြင့္ မရွိတဲ့ တခ်ဳိ႕ကုန္စည္စာရင္းကုိ စစ္ေကာင္စီက ထုတ္ျပန္ ကန္႔သတ္ထားပါတယ္။

= = = = = = = = = = = = = = = = = = =

ဓာတ္ဆီေစ်းဂယက္ သယ္ယူပို႔ေဆာင္ေရး ခက္
please wait

No media source currently available

0:00 0:05:02 0:00
တိုက္႐ိုက္ လင့္ခ္

{{ UNICODE }}

ဓာတ်ဆီဈေးဂယက် သယ်ယူပို့ဆောင်ရေး ခက်

မြန်မာနိုင်ငံမှာ စက်သုံးဆီဈေးတွေ သိသိသာသာ တက်နေတာကြောင့် အဝေးပြေး ခရီးသည်တင်ယာဉ်လိုင်းတွေ လုပ်ငန်း လည်ပတ်နိုင်ဖို့ အခက်အခဲ ရှိနေပါတယ်။ စက်သုံးဆီ ဈေးတွေအပြင် လမ်းတွေမှာ ဂိတ်ကြေးပေးရတာကလည်း ပိုများ လာနေတယ်လို့ အဝေးပြေးကား လုပ်ငန်းရှင်တွေက ပြောပါတယ်။ ရန်ကုန်ကပေးပို့ထားတဲ့ ဒီသတင်းကို ကိုဉာဏ်ဝင်းအောင်က ပြောပြမှာပါ။

စစ်အာဏာသိမ်းခဲ့တဲ့ ၂၀၂၁ ဖေဖော်ဝါရီလကစလို့ လောင်စာဆီဈေးတွေ တဖြည်းဖြည်းတက်နေတာ အခုဆိုရင် ၂၀၂၀ နှစ်ကုန်ပိုင်းက ဈေးထက် ၂ ဆထက်မနည်း တက်နေပါတယ်။ စက်သုံးဆီဈေးတွေ တက်နေတာကြောင့် အဝေးပြေးယာဉ်လုပ်ငန်းတွေ အခက်တေ့ွနေကြပါတယ်။

ကိုဗစ်ကပ်ရောဂါကြောင့်ရော နိုင်ငံထဲ နေရာတော်တော်များများမှာ တိုက်ပွဲတွေဖြစ်နေတာကြောင့်ပါ ကန့်သတ်ချက်တွေရှိနေချိန်မှာပဲ စက်သုံးဆီဈေး တက်နေတာကြောင့် လုပ်ငန်းလည်ပတ်ဖို့ ခက်ခဲတဲ့အထိ အခြေအနေဖြစ်နေတယ်လို့ ဇေယျာရွှေပြည်ယာဉ်လိုင်း ပိုင်ရှင် ဒေါ် ခိုင်ခိုင်က ပြောပါတယ်။ လမ်းခရီးမှာ လမ်းတံတားကြေးတွေကိုလည်း ပိုပေးနေရတယ်လို့ သူက ခုလိုပြောပါတယ်။

"အစ်မတို့က သွားလိုက်တယ်ဆိုရင် လမ်းကြေး၊ တံတားကြေးနဲ့ ယာဉ်မောင်းခေါက်ကြေးပေါ့။ အစ်မတို့က ရန်ကုန်၊ မန္တလေး၊ ပြင်ဦးလွင် ပြေးတာပေါ့နော်။ အဲဒီမှာဆိုရင် အရင်းက ရန်ကုန် - မန္တလေး မိုင်က ၃၆၀ ရယ်၊ ဟိုဘက်က မိုင် ၄၀ ရယ်ပေါ့။ အဲဒီရဲ့ စရိတ်က အရင်တုန်းကဆိုရင် ၆ သိန်းဆိုရင် အားလုံးအပြီးအစီးပေါ့။ ယာဉ်မောင်းကြေးရော၊ ဆီဖိုး ရော၊ လမ်း တံတားကြေး ၇ သောင်းအပါ အပြီး ရှိနေပြီပေါ့နော်။ ဒါပေမယ့် အခုကျတော့ အဲလိုမျိုး မရဘူး။ ဆီဖိုးကိုက ၆ သိန်းဖြစ်နေတော့လေ၊ နည်းနည်းအဆင်မပြေတာ မဟုတ်ဘူး၊ တော်တော်လေးကို အဆင်မပြေဘူး။ ဒါပေမယ့် အစ်မတို့ကျတော့ ယာဉ်မောင်းတွေကလည်း ခန့်ထားပြီးသား၊ ဂိတ်သမားတွေကလည်း ခန့်ထားပြီးသား။ အစ်မတို့ကျတော့ ကိုယ်ပိုင်လိုင်း၊ ကိုယ်ပိုင်ဂိတ်ဆိုတော့ ဆီဈေးတက်လို့ဆိုပြီး ဝန်ထမ်းကလျှော့လိုက်လို့ မရဘူး။ မလာနဲ့လို့လည်း ပြောလို့မရဘူး။ အဲလိုပဲ ယာဉ်မောင်းကိုကျတော့လည်း သူ့ကားနဲ့သူတော့ ထွက်ပေးနေရတာပဲလေ။ ကုန်ဈေးနှုန်းကျတော့လည်း ကျမတို့ဆီဈေးတက်လို့ ဆိုပြီးတော့ ကုန်ဈေးကို တက်ယူလိုက်လို့မရဘူး။ ကိုယ့် ကုန်သည်က အဲလိုယူတာနဲ့ တန်းပျောက်သွားတာ။ ဒီကုန်သည်ကို မိတ်ပျက်သွားမှာ ပျောက်သွားမှာ ကြောက်တာနဲ့ကို တဖာကို ၂၀၀ လေး တက်ပါတယ်လို့ကို မပြောရဲဘူး။"

စက်သုံးဆီဈေးနှုန်းတွေ တက်ပေမယ့်လည်း ကုန်တင် တန်ဆာခတွေ တိုးယူဖို့က အခက်အခဲတွေ ရှိနေတယ်လို့ ပြောပါတယ်။ ကပ်ရောဂါအခြေအနေကြောင့် ယာဉ်မောင်းနဲ့ နောက်လိုက်တွေမှာ ကိုဗစ်ကပ်ရောဂါရှိ-မရှိ အခကြေးငွေပေးပြီး မဖြစ်မနေ စစ်ဆေး ခံနေရသလို၊ တန်ဆာ ပစ္စည်းတွေ သယ်ဆောင်ဖို့ကိုလည်း ပစ္စည်းကန့်သတ်ခံနေရတာပါ။ ဖေဖော်ဝါရီလ ၁၇ ရက် စက်သုံးဆီဈေးနှုန်းတွေက အောက်တိန်း 92 တလီတာကို ၁,၇၀၅ ကျပ်၊ 95 တလီတာ ၁,၇၆၀ ကျပ်နဲ့ ဒီဇယ် တလီတာကို ၁,၇၁၀ အထိ ရှိနေပါတယ်။ ဒါက ရန်ကုန်ဈေးနှုန်းတွေပါ။ စက်သုံးဆီဈေးတွေ အချိန်ကြာကြာ တက်နေမယ်ဆိုရင် လုပ်ငန်းတွေ ဆက်လည်ပတ်နိုင်ဖို့က မလွယ်ကူတော့ဘူးလို့ ယာဉ်လိုင်းပိုင်ရှင်တွေက ညည်းတွားနေကြပါတယ်။

"တော်တော်လေး ရုန်းကန်နေရတယ်။ အမှန်တိုင်းပြောရရင်တော့ လုပ်ငန်း ဆိုင်းဘုတ်လေး မဖြုတ်ချင်လို့။ ဆီဈေးနှုန်းတက်တာက တခါ မဟုတ်တော့ဘူး။ ဒါနဲ့ဆိုရင် တတိယအကြိမ်မြောက် ပြန်တက်သွားတာ။ ပထမဦးဆုံးဖြစ်တဲ့ ကိုဗစ်မှာတုန်းက ဆီဈေးနှုန်း ၅၀၀၊ ၆၀၀၊ ၇၀၀ အထိတောင် အစ်မတို့ သွားခဲ့ရတယ်ဆိုတော့ အဲဒီတုန်းက မထွက်နိုင်လို့ ခုံတွေဖြုတ်ပြီး တန်ဆာနဲ့ပဲ သွားမယ်ဆိုပြီး ယာဉ်မောင်းတွေကို အလှည့်ကျလေး မောင်းကြပါပေါ့။ အင်အားကြီးတဲ့အသင်းတွေဆိုရင် တော်တော်ခံရတယ်။ သူတို့ဆိုရင် တနေ့ကို ၂၅ စီးလောက်ထွက်တော့ ထွက်တဲ့နှုန်းက အဲလောက်မရှိဘူး။ ဒါပေမယ့် ၂၅ စီးလုံးရဲ့ဝန်ကို သူတို့ ထမ်းရတယ်ဆိုတော့ ယာဉ်မောင်းတွေကလည်း အခေါက်တွေ မမီကြဘူး။ အစ်မတို့ကတော့ ၁၀ စီးလောက်ပဲရှိတယ်၊ ကိုယ့်ဂိတ်နဲ့ ကိုယ့်ကားလေး တနိုင်ပဲဆိုတော့ ယာဉ်မောင်းတွေကို အလှည့်ကျပေါ့။ အစ်မတို့ဆိုရင် လုပ်အားခ ရှင်းနိုင်တယ် ဆိုရုံလေးပဲ။ တခါတလေဆိုရင် အငယ်ဆုံး လုပ်သားလေးတွေကို အရင်ရှင်းပြီးတော့ ခပ်လတ်လတ် ဂိတ်မှူးတွေဆိုရင် ဒီတသုတ် မန္တလေးဂိတ်ကိုရှင်းလိုက်၊ နောက် ၅ ရက်လောက်နေမှ ရန်ကုန်ဂိတ် ဝန်ထမ်းတွေကို ရှင်းလိုက်။ နောက် ၃ ရက်လောက်နေတော့ တောင်ငူဂိတ် ဝန်ထမ်းကို ရှင်းလိုက်နဲ့ လစာကို အလှည့်ကျ ရှင်းရတာပေါ့နော်။ ဝန်ထမ်းတွေကို တပြိုင်တည်း တရက်တည်း လစာကို မပေးလိုက်နိုင်ဘူး အစ်မတို့မှာလေ။"

မြန်မာနိုင်ငံ စက်သုံးဆီ တင်သွင်းရောင်းချ ဖြန့်ဖြူးရေးအသင်းက အထူးဈေးနှုန်းနဲ့ စက်သုံးဆီတွေကို ဆိုင် ၂၀၀ ကျော်လောက်မှာ ရောင်းချပေးနေပေမယ့်လည်း အဲဒီဆိုင်တွေမှာ လိုသလောက်ဝယ်လို့ မရနိုင်ကြတာ များပါတယ်။ အများစုက တက်ဈေးနဲ့သာ ဝယ်ယူနေရတာလို့ ပြောပါတယ်။ သယ်ယူပို့ဆောင်ရေးစရိတ်တွေကြောင့် နယ်မြို့တွေမှာ စက်သုံးဆီဈေးက ပိုများပါတယ်။ မြန်မာပြည်အထက်ပိုင်း ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့မှာဆို ဒီနေ့ ဆီပေါက်ဈေးက ဒီဇယ်တလီတာ ၁,၈၅၅ ကျပ်အထိ ရှိပါတယ်။ မန္တလေး ရွှေနဂါး စက်သုံးဆီဆိုင်ရှင်ကတော့ စက်သုံးဆီဈေးတွေ တက်နေတဲ့အပေါ် သူ့အမြင်ကို ပြောပါတယ်။

"ဒီလိုဗျာ ကျနော်တို့ ရန်ကုန်နဲ့ မန္တလေးဆိုရင် ၅၀ ပတ်လည်လောက် ကွာတယ်။ မန္တလေးမှာ ၁,၇၀၀၊ ၁,၇၅၀ လောက် ရောင်းနေပြီဗျာ။ ဆိုတော့ အဲဒီအထက် ရှမ်းပြည်တို့ဘာတို့ တက်သွားပြီ၊ ကချင်တို့ဘာတို့ ဘက်ဆိုရင် ၁ လီတာ ၂,၀၀၀ လောက် ဖြစ်လောက်တယ်ဗျ။ သူတို့ ပို့ဆောင်ခတွေ ရှိတာကိုး။ ဆီဈေးက ပြည်တွင်းငွေကြေး ဖောင်းပွမှုနဲ့လည်း ဆိုင်တာပေါ့လေ။ ကျနော်တို့ ဒီဘက်မှာလည်း ဆီဝယ်ရတဲ့အချိန်မှာ ပိုပြီးတော့ အရင်က ၁ ဂါလံကိုဗျာ ၁ ဒေါ်လာနဲ့ ဝယ်ရရင် ခု ၂ ဒေါ်လာပေးဝယ်ရတဲ့ သဘောမျိုး ဖြစ်လာတာပေါ့။ ဆိုတော့ အဓိက အကြောင်းတရားကတော့ ဒီကမ္ဘာ့ရေနံ လှုပ်ခတ်မှုအပေါ်မှာပဲ မူတည်တာပဲဗျ။"

ကမ္ဘာ့ရေနံစိမ်းက ၇ နှစ်အတွင်းမှာ အမြင့်ဆုံးကိုရောက်နေပြီး အခုရက်ပိုင်းမှာကို ရေနံစိမ်း တစည်ကို အမေရိကန်ဒေါ်လာ ၁၀၀ ကျော် ဈေးပေါက်နေပါတယ်။ ကိုဗစ်ကပ်ရောဂါနဲ့ နိုင်ငံရေးအခြေအနေတွေအပြင် စက်သုံးဆီဈေးတွေကြောင့် အဝေးပြေး ကုန်တင်ယာဉ်နဲ့ ခရီးသည်တင်ယာဉ်လိုင်းတွေမှာ တချို့ဆို ပုံမှန်မပြေးဆွဲနိုင်တော့ပဲ ဝန်ထမ်းလစာ ပေးနိုင်ဖို့အတွက် မနည်း ရုန်းကန်နေရတဲ့ ဂိတ်တွေလည်း ရှိပါတယ်။

ရန်ကုန်မြို့တွင်းမှာ နေ့စဉ်ပြေးဆွဲနေတဲ့ အများသုံး YBS ယာဉ်လိုင်းတချို့လည်း အရင်က ခရီးစဉ်အစအဆုံးကို ကျပ် ၂၀၀ ယူရာကနေ အခု ကျပ် ၄၀၀ အထိ ပြောင်းလဲ ကောက်ခံတာတွေ ရှိနေပါတယ်။ ရန်ကုန်ကနေ မုံရွာသွားတဲ့ ခရီးသည်ယာဉ်လိုင်းပေါ်မှာ လက်နက် ခဲယမ်းတချို့ ရှာဖွေတွေ့ရှိပြီးတဲ့နောက် တနယ်ကနေ တနယ်ကို ပို့ခွင့် မရှိတဲ့ တချို့ကုန်စည်စာရင်းကို စစ်ကောင်စီက ထုတ်ပြန် ကန့်သတ်ထားပါတယ်။

XS
SM
MD
LG