သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

မိုးတြင္း ေရႊေစ်းကြက္ ပစၥည္းမျပတ္ေစဖို႔ လုပ္ငန္းရွင္ေတြ ႀကိဳးပမ္း


မႏၲေလးၿမိဳ႕ရွိ ေရႊဆိုင္တခုတြင္ အေရာင္းအမ်ဳိးသမီးတဦး ျပသေနသည့္ ေရႊဆြဲႀကိဳးမ်ား။ (၅ ႏိုဝင္ဘာ ၂၀၁၀)

ေစ်းကြက္ထဲ အဝယ္လိုက္ေနတဲ့ ေ႐ႊေတြကို အခုလာမယ့္ မိုးရာသီမွာ ပစၥည္းျပတ္လတ္မႈမရွိေစဖို႔ နည္းလမ္းေပါင္းစုံနဲ႔ ေဆာင္႐ြက္ေနတယ္လို႔ ေ႐ႊလုပ္ငန္းရွင္ေတြက ေျပာပါတယ္။ ေ႐ႊဆိုင္အမ်ားစုမွာ အေရာင္းရပ္ထားတဲ့ အတုံးအခဲနဲ႔ အက်စ္ထည္ေတြကိုေတာ့ အခုခ်ိန္ထိ ဝယ္မရေသးပါဘူး။

Zawgyi/Unicode

မိုးတြင္း ေရႊေစ်းကြက္ ပစၥည္းမျပတ္ေစဖို႔ လုပ္ငန္းရွင္ေတြ ႀကိဳးပမ္း

ေစ်းကြက္ထဲ အဝယ္လိုက္ေနတဲ့ ေ႐ႊေတြကို အခုလာမယ့္ မိုးရာသီမွာ ပစၥည္းျပတ္လတ္မႈမရွိေစဖို႔ နည္းလမ္းေပါင္းစုံနဲ႔ ေဆာင္႐ြက္ေနတယ္လို႔ ေ႐ႊလုပ္ငန္းရွင္ေတြက ေျပာပါတယ္။ ေ႐ႊဆိုင္အမ်ားစုမွာ အေရာင္းရပ္ထားတဲ့ အတုံးအခဲနဲ႔ အက်စ္ထည္ေတြကိုေတာ့ အခုခ်ိန္ထိ ဝယ္မရေသးပါဘူး။ ဒီအေၾကာင္း ရန္ကုန္ကလာတဲ့ သတင္းကို ေဒၚခင္မ်ိဳးသက္ ေျပာျပပါမယ္။

ေစ်းကြက္ထဲမွာ ေ႐ႊဝယ္ယူစုေဆာင္းသူေတြ မ်ားေနၿပီး ပစၥည္းျပတ္တတ္တဲ့ မိုးတြင္းကာလမွာ အခက္အခဲမရွိေစဖို႔ နည္းလမ္းေပါင္းစုံနဲ႔ ေဆာင္႐ြက္ေနတယ္လို႔ ေ႐ႊလုပ္ငန္းရွင္မ်ားအသင္း ဥကၠ႒ ဦးမ်ိဳးျမင့္က ေျပာပါတယ္။

"ေစ်းကြက္ထဲမွာ ဇြန္၊ ဇူလိုင္၊ ဩဂုတ္ေပါ့။ အဲဒီရာသီေတြက ေ႐ႊတြင္းေတြ တြင္းၿပိဳတယ္။ အလုပ္သမားေတြ ဖ်ားတယ္၊ တုပ္ေကြးျဖစ္တာတို႔ ငွက္ဖ်ားျဖစ္တာတို႔။ အဲဒီရာသီက်ရင္ ေ႐ႊအထြက္ နည္းသြားလို႔ရွိရင္ ျပန္ၿပီးေတာ့ ေ႐ႊေစ်းကြက္မွာ ေ႐ႊျဖည့္ႏိုင္ေအာင္ လုပ္ေနပါတယ္။ အဲဒီအတြက္ကို က်ေနာ္တို႔က ဗဟိုဘဏ္ကေန ေ႐ႊထုတ္ေရာင္းေပးဖို႔ကိုလည္း စာတင္ထားပါတယ္။ ေနာက္ တြင္းသမားေတြနဲ႔လည္း မိုးတြင္းကာလမွာ က်ေနာ္တို႔ဆီကို ေရာက္ေအာင္ပို႔ေပးဖို႔ ဆက္သြယ္ေရးနည္းလမ္းေတြ ေဆာင္႐ြက္ေနပါတယ္။ ဥပမာ တႏိုင္း၊ ခ်ီေဖြ၊ ေဆာ့ေလာ္၊ တာခ်ီလိတ္၊ က်ိဳင္းတုံ - အဲဒီဘက္ကဟာေတြက မိုးတြင္းက်ရင္ ေ႐ႊကြက္ေတြက လမ္းပ်က္ၿပီးေတာ့ ဒီရန္ကုန္ကို မလာႏိုင္တာေတြ ရွိတယ္။ အဲဒီအခက္အခဲေတြကို သက္ဆိုင္ရာအဖြဲ႕ေတြနဲ႔ ညႇိၿပီးေတာ့ စီစဥ္ေဆာင္႐ြက္ေပးဖို႔ လုပ္ထားပါတယ္။ ႏိုင္ငံျခားကေနလည္း တႏိုင္တပိုင္ေပါ့ - တဆိုင္ကို တကီလိုသြင္းတာတို႔၊ ႏွစ္ကီလိုသြင္းတာတို႔။ အဲဒါကလည္း က်ေနာ္တို႔ သြားရင္းလာရင္းနဲ႔ ကုန္သြယ္ေရးလိုင္စင္ လုပ္ၿပီးေတာ့ သြင္းလို႔ရတဲ့အတြက္ အဲဒါကိုလည္း လုပ္ကိုင္ေဆာင္႐ြက္ေနတဲ့ အေျခအေနရွိပါတယ္ဗ်။ နယ္စပ္ေတြမွာလည္း အဲဒီလိုပဲ။ နယ္စပ္ျဖတ္ေက်ာ္ေတြမွာ မသြားမလာဖို႔၊ အေရာင္းအဝယ္ မလုပ္ဖို႔ကိုလည္း ေမတၱာရပ္ခံ ေဆာင္႐ြက္ေနတဲ့အပိုင္းေတြ ရွိပါတယ္။ ဒါက က်ေနာ္တို႔ ေ႐ႊေစ်းကြက္မွာ ထိန္းသိမ္းတဲ့သေဘာပါပဲ။ မိုးရာသီအခ်ိန္မွာ ေ႐ႊမျပတ္သြားေအာင္ေပါ့။"

ေ႐ႊအတုံးအခဲနဲ႔ အက်စ္ထည္ေတြကိုေတာ့ ေ႐ႊဆိုင္အားလုံးနီးပါးမွာ ဒီရက္ပိုင္းေတြထဲ ဝယ္မရျဖစ္ေနပါတယ္။ ရန္ကုန္၊ မႏၲေလးနဲ႔ ေနျပည္ေတာ္မွာရွိတဲ့ ေ႐ႊဆိုင္အမ်ားစုကလည္း အေလ်ာ့တြက္ပါတဲ့ ေ႐ႊထည္ကိုသာ ေရာင္းခ်ေပးေနတာပါ။ ေစ်းကြက္ထဲမွာ ေ႐ႊထည္ေတြကို အခုလို အကန႔္အသတ္နဲ႔ သတ္မွတ္ေရာင္းခ်ေနတာက ေ႐ႊဆိုင္ေတြဘက္က သူတို႔အတက္ေစ်းနဲ႔ ဝယ္ထားတဲ့ေ႐ႊေတြကို အက်ေစ်းနဲ႔ ျပန္မေရာင္းႏိုင္လို႔ ေစ်းျပန္ေစာင့္တဲ့ အေနအထားမ်ိဳး ရွိတယ္လို႔လည္း တခ်ိဳ႕က ခန႔္မွန္းၾကပါတယ္။ ေ႐ႊဆိုင္ေတြဘက္ကေတာ့ သတ္မွတ္ထားတဲ့ ရည္ၫႊန္းေစ်းထက္ အနည္းဆုံး က်ပ္ ၅,၀၀၀ ခြာၿပီး အေရာင္းအဝယ္ျပဳလုပ္ေနတာပါ။ အခုခ်ိန္မွာ ေ႐ႊဝယ္ယူသူေတြ စိတ္တိုင္းက်ဝယ္မရတဲ့ အေျခအေနျဖစ္ေနေပမယ့္ ေ႐ႊဆိုင္ေတြမွာ ေရာင္းခ်ေပးေနတဲ့ အေလ်ာ့တြက္ပါအထည္ေတြကေတာ့ သိန္း ၂၀ ဝန္းက်င္ေစ်းမွာ ဝယ္သူျပန္မ်ားေနတယ္လို႔လည္း ေ႐ႊလုပ္ငန္းရွင္ေတြကေျပာပါတယ္။

"ဒီ သိန္း ၂၀ ပတ္ခ်ာလည္မွာ အေရာင္းျပန္မ်ားတယ္ဗ်။ က်ေနာ္တို႔ ေ႐ႊတြင္းေတြကလည္း အခု ပစၥည္းဝင္လာတယ္။ ေ႐ႊလည္း ဒီ သၾကၤန္ၿပီးေနာက္ပိုင္းမွာ ေ႐ႊေတြျပန္ဝင္လာပါတယ္။ ဝယ္တဲ့လူေတြ အားလုံးကလည္း စုေဆာင္းတဲ့လူေတြ မ်ားတယ္ဗ်။ ဝယ္သြားတဲ့ေ႐ႊေတြကို ေစ်းကြက္ထဲမွာ ျပန္မေရာင္းေတာ့ဘူး။ ေ႐ႊစုသြားတဲ့ လူေတြပဲမ်ားတယ္။ ၂၅ ရာခိုင္ႏႈန္းေလာက္ပဲ ဝယ္ေရာင္းေတြလက္ထဲမွာ ရွိၿပီးေတာ့ အေရာင္းအဝယ္ေစ်း ေျပာေနၾကတာေပါ့။"

ျမန္မာႏိုင္ငံမွာ အာဏာသိမ္းၿပီးေနာက္ ဘဏ္စနစ္အေပၚ ယုံၾကည္မႈက်ဆင္းေနခ်ိန္ ေငြေၾကးတတ္ႏိုင္သူေတြက ေ႐ႊနဲ႔ အိမ္ၿခံေျမလို တန္ဖိုးႀကီးပစၥည္းေတြ ဝယ္ယူစုေဆာင္းေနၾကတာပါ။ ျပည္တြင္းေ႐ႊေစ်း က်ပ္သိန္း ၂၀ ပတ္ခ်ာလည္မွာ ရွိေနၿပီး ေစ်းကြက္မတည္ၿငိမ္ေပမယ့္ ေ႐ႊဝယ္ယူစုေဆာင္းခ်င္သူ တခ်ိဳ႕ကေတာ့ အခုရက္ပိုင္းထဲ ေ႐ႊဆိုင္ေတြမွာ တန္းစီေစာင့္ဆိုင္းရတဲ့ အေျခအေနေတြနဲ႔ ႀကဳံေနရတယ္လို႔လည္း သိရပါတယ္။ ေငြျပန္ေဖာ္ဖို႔အတြက္ ျပန္ေရာင္းခ်င္သူေတြမွာေတာ့ ေစ်းႏႈန္းမတည္ၿငိမ္ျဖစ္ေနတဲ့ အခုခ်ိန္ကာလမွာ အေရာင္းအဝယ္လုပ္ဖို႔ တုန႔္ဆိုင္းေနၾကပါတယ္။

##

Unicode

မိုးတွင်း ရွှေဈေးကွက် ပစ္စည်းမပြတ်စေဖို့ လုပ်ငန်းရှင်တွေ ကြိုးပမ်း

ဈေးကွက်ထဲ အဝယ်လိုက်နေတဲ့ ရွှေတွေကို အခုလာမယ့် မိုးရာသီမှာ ပစ္စည်းပြတ်လတ်မှုမရှိစေဖို့ နည်းလမ်းပေါင်းစုံနဲ့ ဆောင်ရွက်နေတယ်လို့ ရွှေလုပ်ငန်းရှင်တွေက ပြောပါတယ်။ ရွှေဆိုင်အများစုမှာ အရောင်းရပ်ထားတဲ့ အတုံးအခဲနဲ့ အကျစ်ထည်တွေကိုတော့ အခုချိန်ထိ ဝယ်မရသေးပါဘူး။ ဒီအကြောင်း ရန်ကုန်ကလာတဲ့ သတင်းကို ဒေါ်ခင်မျိုးသက် ပြောပြပါမယ်။

ဈေးကွက်ထဲမှာ ရွှေဝယ်ယူစုဆောင်းသူတွေ များနေပြီး ပစ္စည်းပြတ်တတ်တဲ့ မိုးတွင်းကာလမှာ အခက်အခဲမရှိစေဖို့ နည်းလမ်းပေါင်းစုံနဲ့ ဆောင်ရွက်နေတယ်လို့ ရွှေလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးမျိုးမြင့်က ပြောပါတယ်။

"ဈေးကွက်ထဲမှာ ဇွန်၊ ဇူလိုင်၊ ဩဂုတ်ပေါ့။ အဲဒီရာသီတွေက ရွှေတွင်းတွေ တွင်းပြိုတယ်။ အလုပ်သမားတွေ ဖျားတယ်၊ တုပ်ကွေးဖြစ်တာတို့ ငှက်ဖျားဖြစ်တာတို့။ အဲဒီရာသီကျရင် ရွှေအထွက် နည်းသွားလို့ရှိရင် ပြန်ပြီးတော့ ရွှေဈေးကွက်မှာ ရွှေဖြည့်နိုင်အောင် လုပ်နေပါတယ်။ အဲဒီအတွက်ကို ကျနော်တို့က ဗဟိုဘဏ်ကနေ ရွှေထုတ်ရောင်းပေးဖို့ကိုလည်း စာတင်ထားပါတယ်။ နောက် တွင်းသမားတွေနဲ့လည်း မိုးတွင်းကာလမှာ ကျနော်တို့ဆီကို ရောက်အောင်ပို့ပေးဖို့ ဆက်သွယ်ရေးနည်းလမ်းတွေ ဆောင်ရွက်နေပါတယ်။ ဥပမာ တနိုင်း၊ ချီဖွေ၊ ဆော့လော်၊ တာချီလိတ်၊ ကျိုင်းတုံ - အဲဒီဘက်ကဟာတွေက မိုးတွင်းကျရင် ရွှေကွက်တွေက လမ်းပျက်ပြီးတော့ ဒီရန်ကုန်ကို မလာနိုင်တာတွေ ရှိတယ်။ အဲဒီအခက်အခဲတွေကို သက်ဆိုင်ရာအဖွဲ့တွေနဲ့ ညှိပြီးတော့ စီစဉ်ဆောင်ရွက်ပေးဖို့ လုပ်ထားပါတယ်။ နိုင်ငံခြားကနေလည်း တနိုင်တပိုင်ပေါ့ - တဆိုင်ကို တကီလိုသွင်းတာတို့၊ နှစ်ကီလိုသွင်းတာတို့။ အဲဒါကလည်း ကျနော်တို့ သွားရင်းလာရင်းနဲ့ ကုန်သွယ်ရေးလိုင်စင် လုပ်ပြီးတော့ သွင်းလို့ရတဲ့အတွက် အဲဒါကိုလည်း လုပ်ကိုင်ဆောင်ရွက်နေတဲ့ အခြေအနေရှိပါတယ်ဗျ။ နယ်စပ်တွေမှာလည်း အဲဒီလိုပဲ။ နယ်စပ်ဖြတ်ကျော်တွေမှာ မသွားမလာဖို့၊ အရောင်းအဝယ် မလုပ်ဖို့ကိုလည်း မေတ္တာရပ်ခံ ဆောင်ရွက်နေတဲ့အပိုင်းတွေ ရှိပါတယ်။ ဒါက ကျနော်တို့ ရွှေဈေးကွက်မှာ ထိန်းသိမ်းတဲ့သဘောပါပဲ။ မိုးရာသီအချိန်မှာ ရွှေမပြတ်သွားအောင်ပေါ့။"

ရွှေအတုံးအခဲနဲ့ အကျစ်ထည်တွေကိုတော့ ရွှေဆိုင်အားလုံးနီးပါးမှာ ဒီရက်ပိုင်းတွေထဲ ဝယ်မရဖြစ်နေပါတယ်။ ရန်ကုန်၊ မန္တလေးနဲ့ နေပြည်တော်မှာရှိတဲ့ ရွှေဆိုင်အများစုကလည်း အလျော့တွက်ပါတဲ့ ရွှေထည်ကိုသာ ရောင်းချပေးနေတာပါ။ ဈေးကွက်ထဲမှာ ရွှေထည်တွေကို အခုလို အကန့်အသတ်နဲ့ သတ်မှတ်ရောင်းချနေတာက ရွှေဆိုင်တွေဘက်က သူတို့အတက်ဈေးနဲ့ ဝယ်ထားတဲ့ရွှေတွေကို အကျဈေးနဲ့ ပြန်မရောင်းနိုင်လို့ ဈေးပြန်စောင့်တဲ့ အနေအထားမျိုး ရှိတယ်လို့လည်း တချို့က ခန့်မှန်းကြပါတယ်။ ရွှေဆိုင်တွေဘက်ကတော့ သတ်မှတ်ထားတဲ့ ရည်ညွှန်းဈေးထက် အနည်းဆုံး ကျပ် ၅,၀၀၀ ခွာပြီး အရောင်းအဝယ်ပြုလုပ်နေတာပါ။ အခုချိန်မှာ ရွှေဝယ်ယူသူတွေ စိတ်တိုင်းကျဝယ်မရတဲ့ အခြေအနေဖြစ်နေပေမယ့် ရွှေဆိုင်တွေမှာ ရောင်းချပေးနေတဲ့ အလျော့တွက်ပါအထည်တွေကတော့ သိန်း ၂၀ ဝန်းကျင်ဈေးမှာ ဝယ်သူပြန်များနေတယ်လို့လည်း ရွှေလုပ်ငန်းရှင်တွေကပြောပါတယ်။

"ဒီ သိန်း ၂၀ ပတ်ချာလည်မှာ အရောင်းပြန်များတယ်ဗျ။ ကျနော်တို့ ရွှေတွင်းတွေကလည်း အခု ပစ္စည်းဝင်လာတယ်။ ရွှေလည်း ဒီ သင်္ကြန်ပြီးနောက်ပိုင်းမှာ ရွှေတွေပြန်ဝင်လာပါတယ်။ ဝယ်တဲ့လူတွေ အားလုံးကလည်း စုဆောင်းတဲ့လူတွေ များတယ်ဗျ။ ဝယ်သွားတဲ့ရွှေတွေကို ဈေးကွက်ထဲမှာ ပြန်မရောင်းတော့ဘူး။ ရွှေစုသွားတဲ့ လူတွေပဲများတယ်။ ၂၅ ရာခိုင်နှုန်းလောက်ပဲ ဝယ်ရောင်းတွေလက်ထဲမှာ ရှိပြီးတော့ အရောင်းအဝယ်ဈေး ပြောနေကြတာပေါ့။"

မြန်မာနိုင်ငံမှာ အာဏာသိမ်းပြီးနောက် ဘဏ်စနစ်အပေါ် ယုံကြည်မှုကျဆင်းနေချိန် ငွေကြေးတတ်နိုင်သူတွေက ရွှေနဲ့ အိမ်ခြံမြေလို တန်ဖိုးကြီးပစ္စည်းတွေ ဝယ်ယူစုဆောင်းနေကြတာပါ။ ပြည်တွင်းရွှေဈေး ကျပ်သိန်း ၂၀ ပတ်ချာလည်မှာ ရှိနေပြီး ဈေးကွက်မတည်ငြိမ်ပေမယ့် ရွှေဝယ်ယူစုဆောင်းချင်သူ တချို့ကတော့ အခုရက်ပိုင်းထဲ ရွှေဆိုင်တွေမှာ တန်းစီစောင့်ဆိုင်းရတဲ့ အခြေအနေတွေနဲ့ ကြုံနေရတယ်လို့လည်း သိရပါတယ်။ ငွေပြန်ဖော်ဖို့အတွက် ပြန်ရောင်းချင်သူတွေမှာတော့ ဈေးနှုန်းမတည်ငြိမ်ဖြစ်နေတဲ့ အခုချိန်ကာလမှာ အရောင်းအဝယ်လုပ်ဖို့ တုန့်ဆိုင်းနေကြပါတယ်။

XS
SM
MD
LG