သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ယူကရိန်းစစ်ကြောင့် ကမ္ဘာတလွှား လူသန်း ၇၀ ကျော် ဆင်းရဲမှုနဲ့ကြုံ (UNDP)


UNHCR Refugees
UNHCR Refugees

[[ ZAWGYI /UNICODE ]]

ယူကရိန်းစစ်ကြောင့် ကမ္ဘာတလွှား လူသန်း ၇၀ ကျော် ဆင်းရဲမှုနဲ့ကြုံ (UNDP)

ယူကရိန်းစစ်ပွဲ ပထမ ၃လအတွင်းမှာ တကမ္ဘာလုံးမှာ လောင်စာ နဲ့ အစားအစာ ဈေးနှုန်းတွေ မြင့်တက်ခဲ့ပြီး ငွေကြေးဖောင်းပွမှုတွေ စံချိန်တင်ဖြစ်လာကာ လူသန်းပေါင်း ၇၁ သန်းလောက်ကို ဆင်းရဲတွင်းကို တွန်းပို့ခဲ့ကြောင်း ကုလသမဂ္ဂလေ့လာမှုတရပ်က ကြာသပတေးနေ့မှာ ဖော်ပြထားပါတယ်။

ဖွံဖြိုးဆဲနိုင်ငံပေါင်း ၁၅၉ နိုင်ငံကို လေ့လာသုံးသပ်ချက်အရ ကုန်ဈေးနှုန်း ကြီးမြင့်တာဟာ ကမ္ဘာပေါ်က အဆင်းရဲဆုံး အိမ်ထောင်စုတွေအပေါ်မှာ ချက်ချင်း ဆိုးဝါးတဲ့ သက်ရောက်မှုတွေဖြစ်ပွားစေတဲ့အကြောင်း ဖြစ်ကြောင်း ဆွစ်ဇာလန်နိုင်ငံ ၊ ဂျနီဗာမှာ ပြုလုပ်တဲ့ အွန်လိုင်းသတင်းစာရှင်းလင်းပွဲမှာ ကုလသမဂ္ဂ ဖွံဖြိုးရေးအစီအစဉ် UNDP အကြီးအကဲ Achin Steiner က ပြောပါတယ်။

ကိုဗစ်ကပ်ရောဂါ ကြောင့် သွားလာလှုပ်ရှားမှုတွေ ကန့်သတ်ခန့်ခဲ့ရပြီး တနှစ်ခွဲအကြာမှာ ယူကရိန်းအပေါ် ရုရှားကျူးကျော်စစ်ကြောင့် စီးပွားရေးဆိုင်ရာ အကြပ်အတည်းတွေဖြစ်ပေါ်လာခဲ့တယ်လို့ အဲဒီ လေ့လာချက်မှာ ဖော်ပြပါတယ်။ ကိုဗစ်ကပ်ရောဂါကြောင့် လည်း လူပေါင်း ၁၂၅ သန်းလောက်လည်း ဆင်းရဲတွင်းထဲ ကျရောက်ခဲ့ကြောင်း UNDP အကြီးအကဲက ပြောပါတယ်။

ယူကရိန်းစစ်ကြောင့် ကမ္ဘာတလွှား လူသန်း ၇၀ ကျော် ဆင်းရဲမှုနဲ့ကြုံ
please wait

No media source currently available

0:00 0:01:01 0:00
တိုက်ရိုက် လင့်ခ်

===========

{{ UNICODE }}





XS
SM
MD
LG