သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

အာဖဂန္အမ်ိဳးသမီးေတြ အားကစား႐ုံသုံးခြင့္ တာလီဘန္တားျမစ္


FILE - Afghan girls training to be boxers work at their gym in Ghazi Stadium Kabul, Afghanistan, Oct. 23, 2007.

[[ ZAWGYI / UNICODE ]]

အာဖဂန္အမ်ိဳးသမီးေတြ အားကစား႐ုံသုံးခြင့္ တာလီဘန္တားျမစ္

အာဖဂန္နစၥတန္ႏိုင္ငံမွာ အမ်ိဳးသမီးေတြ အားကစား႐ုံေတြကို အသုံးျပဳခြင့္ပိတ္ပင္လိုက္ေၾကာင္း တာလီဘန္တာ ဝန္ရွိ သူေတြကၾကာသပေတးေန႔မွာေၾကျငာပါတယ္။ က်ားမခြဲျခားထားတာကို မလိုက္နာတာ၊ အမ်ိဳးသမီးေတြက သတ္မွတ္ထားတဲ့ အစၥလမ္ေခါင္းစည္းပုဝါေတြကို မဝတ္တာေတြေၾကာင့္ အခုလို ပိတ္ပင္ရတာလို႔ ဘာသာေရးစည္းမ်ဥ္းနဲ႔ အက်င့္စာရိတၱထိန္းသိမ္းေရးဝန္ႀကီးဌာနေျပာေရးဆိုခြင့္ရွိသူ Mohammed Akef Mohajer ကေျပာဆိုပါတယ္။

အားကစား႐ုံေတြနဲ႔ပန္းၿခံေတြကို အမ်ိဳးသမီးေတြလာရမယ့္ရက္နဲ႔အမ်ိဳးသားေတြလာရမယ့္ရက္ခြဲျခားထားေပမယ့္ မလိုက္ နာတဲ့အတြက္၊ အမ်ိဳးသမီးေတြကို ပန္းၿခံေတြနဲ႔ အားကစား႐ုံေတြကိုလာေရာက္ခြင့္ပိတ္ပင္ရတာျဖစ္တယ္လို႔ေျပာေရး ဆိုခြင့္ရွိသူကေျပာဆိုပါတယ္။

အမည္မေဖၚလိုတဲ့ အမ်ိဳးသမီးကာယ သင္တန္းဆရာမတဦးကေတာ့ အမ်ိဳးသားနဲ႔အမ်ိဳးသမီး အတူတကြေလ့က်င့္ ခန္းလုပ္တာမ်ိဳးမရွိဘူးေၾကာင္းနဲ႔ တာလီဘန္ေတြေျပာတာမမွန္ကန္ဘူးလို႔APသတင္းဌာနကိုေျပာဆိုပါတယ္။ ၾကာသပေတးေန႔မွာဘဲ စည္းကမ္းထိန္းသိမ္းေရးဝန္ႀကီးဌာနက ႏွစ္ဦးေရာက္လာၿပီး သူအလုပ္လုပ္ကိုင္တဲ့ အားကစား႐ုံ ထဲကအမ်ိဳးသမီး ေတြကိုေမာင္းႏွင္ထုတ္ခဲ့တယ္လို႔လည္း ေျပာပါတယ္။

အာဖဂန္အမ်ိဳးသမီးမ်ားဆိုင္ရာ ကုလသမဂၢအထူးကိုယ္စားလွယ္ Alison Davidian ကေတာ့ ဒီပိတ္ပင္တားျမစ္မႈကို ျပစ္တင္ရႈံခ်လိုက္ၿပီး၊ ဒါဟာအမ်ိဳးသမီးေတြကို အမ်ားျပည္သူဆိုင္ရာေနရာေတြကေန စနစ္တက်ခြဲျခားဖယ္ထုတ္တဲ့ ထင္ရွားတဲ့သာဓကတခုျဖစ္တယ္လို႔ေျပာဆိုပါတယ္။

ၿပီးခဲ့တဲ့ႏွစ္ၾသဂုတ္လ တာလီဘန္ေတြအာဖဂန္ကိုျပန္လည္သိမ္း ပိုက္ၿပီးေနာက္ မိန္းကေလးငယ္ေတြကို အထက္တန္းပညာသင္ၾကားခြင့္ပိတ္ပင္တာ၊ အမ်ိဳးသမီးေတြကိုအလုပ္လုပ္ခြင့္ ပိတ္ပင္တာ၊ ေခါင္းမီးၿခဳံဝတ္စုံေတြ ဝတ္ဆင္ေစတာစတဲ့ခြဲျခားတင္းက်ပ္မႈေတြလုပ္ခဲ့ပါတယ္။

===============

တိုက္႐ိုက္ လင့္ခ္

{{ UNICODE }}

အာဖဂန်အမျိုးသမီးတွေ အားကစားရုံသုံးခွင့် တာလီဘန်တားမြစ်

အာဖဂန်နစ္စတန်နိုင်ငံမှာ အမျိုးသမီးတွေ အားကစားရုံတွေကို အသုံးပြုခွင့်ပိတ်ပင်လိုက်ကြောင်း တာလီဘန်တာ ဝန်ရှိ သူတွေကကြာသပတေးနေ့မှာကြေငြာပါတယ်။ ကျားမခွဲခြားထားတာကို မလိုက်နာတာ၊ အမျိုးသမီးတွေက သတ်မှတ်ထားတဲ့ အစ္စလမ်ခေါင်းစည်းပုဝါတွေကို မဝတ်တာတွေကြောင့် အခုလို ပိတ်ပင်ရတာလို့ ဘာသာရေးစည်းမျဉ်းနဲ့ အကျင့်စာရိတ္တထိန်းသိမ်းရေးဝန်ကြီးဌာနပြောရေးဆိုခွင့်ရှိသူ Mohammed Akef Mohajer ကပြောဆိုပါတယ်။

အားကစားရုံတွေနဲ့ပန်းခြံတွေကို အမျိုးသမီးတွေလာရမယ့်ရက်နဲ့အမျိုးသားတွေလာရမယ့်ရက်ခွဲခြားထားပေမယ့် မလိုက် နာတဲ့အတွက်၊ အမျိုးသမီးတွေကို ပန်းခြံတွေနဲ့ အားကစားရုံတွေကိုလာရောက်ခွင့်ပိတ်ပင်ရတာဖြစ်တယ်လို့ပြောရေး ဆိုခွင့်ရှိသူကပြောဆိုပါတယ်။

အမည်မဖေါ်လိုတဲ့ အမျိုးသမီးကာယ သင်တန်းဆရာမတဦးကတော့ အမျိုးသားနဲ့အမျိုးသမီး အတူတကွလေ့ကျင့် ခန်းလုပ်တာမျိုးမရှိဘူးကြောင်းနဲ့ တာလီဘန်တွေပြောတာမမှန်ကန်ဘူးလို့APသတင်းဌာနကိုပြောဆိုပါတယ်။ ကြာသပတေးနေ့မှာဘဲ စည်းကမ်းထိန်းသိမ်းရေးဝန်ကြီးဌာနက နှစ်ဦးရောက်လာပြီး သူအလုပ်လုပ်ကိုင်တဲ့ အားကစားရုံ ထဲကအမျိုးသမီး တွေကိုမောင်းနှင်ထုတ်ခဲ့တယ်လို့လည်း ပြောပါတယ်။

အာဖဂန်အမျိုးသမီးများဆိုင်ရာ ကုလသမဂ္ဂအထူးကိုယ်စားလှယ် Alison Davidian ကတော့ ဒီပိတ်ပင်တားမြစ်မှုကို ပြစ်တင်ရှုံချလိုက်ပြီး၊ ဒါဟာအမျိုးသမီးတွေကို အများပြည်သူဆိုင်ရာနေရာတွေကနေ စနစ်တကျခွဲခြားဖယ်ထုတ်တဲ့ ထင်ရှားတဲ့သာဓကတခုဖြစ်တယ်လို့ပြောဆိုပါတယ်။

ပြီးခဲ့တဲ့နှစ်သြဂုတ်လ တာလီဘန်တွေအာဖဂန်ကိုပြန်လည်သိမ်း ပိုက်ပြီးနောက် မိန်းကလေးငယ်တွေကို အထက်တန်းပညာသင်ကြားခွင့်ပိတ်ပင်တာ၊ အမျိုးသမီးတွေကိုအလုပ်လုပ်ခွင့် ပိတ်ပင်တာ၊ ခေါင်းမီးခြုံဝတ်စုံတွေ ဝတ်ဆင်စေတာစတဲ့ခွဲခြားတင်းကျပ်မှုတွေလုပ်ခဲ့ပါတယ်။

XS
SM
MD
LG