သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ယူကရိန်းက ရုရှားကို အင်အားသုံး ပြန်တိုက်ဖို့နီးလာပြီ (ယူကရိန်းကာကွယ်ရေးဝန်ကြီး)


Ukrainian Defence Minister Oleksii Reznikov (Photo by ANDRE PAIN / AFP) April 21, 2023
Ukrainian Defence Minister Oleksii Reznikov (Photo by ANDRE PAIN / AFP) April 21, 2023

ယူကရိန်းက ရုရှားကို အင်အားသုံး ပြန်တိုက်ဖို့နီးလာပြီ (ယူကရိန်းကာကွယ်ရေးဝန်ကြီး)

ယူကရိန်းက ရုရှားကို တွန်းလှန် တိုက်ခိုက်ရေးဟာ အမြန်ဖြစ်လာနိုင်ခြေရှိတယ်လို့ ယူကရိန်းကာကွယ်ရေးဝန်ကြီး Oleskii Reznikov က သောကြာနေ့မှာ ပြောပါတယ်။ ယူကရိန်းတပ်တွေဟာ ရုရှားတပ်တွေကို တွန်းလှန်ဖို့ ရာနှုန်းပြည့်နီးပါး အသင့်ဖြစ်နေပြီဖြစ်ပြီး သူတို့မှာ ခေတ်မီလက်နက်တွေလည်း ရှိနေပြီလို့ အွန်လိုင်း သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

ယူကရိန်းနိုင်ငံတလွှား ရုရှားတပ်တွေရဲ့ ပစ်ခတ်တိုက်ခိုက်မှုကြောင့် တညတည်းမှာတင် အိပ်ပျော်နေတဲ့အရပ်သား ၂၃ ဦး သေဆုံးခဲ့ရပြီး နောက်တနေ့မှာ ယူကရိန်း ကာကွယ်ရေးဝန်ကြီးက ခုလို ပြောကြားလိုက်တာ ဖြစ်ပါတယ်။

ယူကရိန်းပိုင်နက် နယ်မြေတွေကို သိမ်းပိုက်ထားတဲ့ ရုရှားတပ်တွေကို မောင်းထုတ်ရာမှာ အနောက်နိုင်ငံတွေက ပေးပို့တဲ့ ရာနဲ့ချီတဲ့ တင့်ကားနဲ့ သံချပ်ကာကားတွေကို အသုံးပြုဖို့ ယူကရိန်းအစိုးရက ပြင်ဆင်နေတာပါ။ နေတိုးမဟာမိတ်တွေက သူတို့ ကတိပြုထားတဲ့အတိုင်း ယူကရိန်းကို သံချပ်ကာ ကား အစီး ၁,၅၅၀ နဲ့ တင့်ကား ၂၃၀ အပါအဝင် တိုက်ခိုက်ရေးယာဉ်တွေ ပို့ပေးခဲ့ပါတယ်။

ယူကရိန်း အလယ်ပိုင်းက Uman မြို့ကလေးမှာတော့ မီးသတ်သမားတွေက ရုရှားရဲ့ မစ်ဇိုင်းဒုံးကျည် ထိမှန်ခဲ့တဲ့ လူနေအဆောက်အဦးက လောင်ကျွမ်းနေတဲ့မီးကို ကြိုးစားငြိမ်းသတ်နေကြပါတယ်။ အဲဒီအဆောက်အဦးမှာတင် သေဆုံးရသူက ကလေးငယ် အများအပြား အပါအဝင် ၁၉ ဦးရှိနေတာပါ။ အခုလို အရပ်သားတွေနဲ့ လူနေအဆောက်အဦးကို ပစ်ခတ်တိုက်ခိုက်တာဟာ ခွင့်လွှတ်နိုင်စရာ မရှိကြောင်းနဲ့ အမြန်ရပ်တံ့ဖို့ ကုလသမဂ္ဂက တောင်းဆိုခဲ့ပါတယ်။

အခုလို တိုက်ခိုက်မှုဟာ တရုတ်သမ္မတ ရှီကျင့်ပင်နဲ့ ယူကရိန်းသမ္မတ Zelenskyy တို့ တယ်လီဖုံးနဲ့ ဆက်သွယ်ကာ စစ်ပွဲအရေး အဖြေရှာဖို့ဆွေးနွေးပြီး မကြာခင်မှာ ဖြစ်ပွားလာခဲ့တာပါ။ သမ္မတ ရှီကျင့်ပင်က ယူကရိန်းကို ငြိမ်းချမ်းရေး သံတမန်တဦး စေလွှတ်ဖို့ရှိတယ်လို့ ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG