သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပလပ်စတစ်ကြောင့် ဝန်းကျင်ထိခိုက်မှု အဆုံးသတ်ရေး မူကြမ်းရေးဆွဲတော့မည်


FILE - A Hindu devotee throws flowers and plastic bags into Brahmaputra river in Gauhati, India, Oct. 9, 2019. Negotiators at UNESCO in Paris discuss ways to end plastic pollution.
FILE - A Hindu devotee throws flowers and plastic bags into Brahmaputra river in Gauhati, India, Oct. 9, 2019. Negotiators at UNESCO in Paris discuss ways to end plastic pollution.

ပလပ်စတစ်ကြောင့် ဝန်းကျင်ထိခိုက်မှု အဆုံးသတ်ရေး မူကြမ်းရေးဆွဲတော့မည်

ပြင်သစ်နိုင်ငံမှာ Green သဘာဝပတ်ဝန်းကျင် အဖွဲ့အစည်းတွေနဲ့ အခြား အဖွဲ့အစည်းတွေပါဝင်ပြီး၊ ပလပ်စတစ်ကြောင့် သဘာဝပတ်ဝန်းကျင် ထိခိုက်မှု အဆုံးသတ်ရေး၊ အကြိတ်အနယ် ဆွေးနွေးခဲ့ပြီးနောက် နိုင်ငံတကာသဘောတူညီချက် မူကြမ်းတရပ်ကို ရေးဆွဲဖို့ ဆုံးဖြတ်နိုင်ခဲ့ကာ စနေနေ့တုန်းက ဆွေးနွေးပွဲ ပြီးဆုံးသွားခဲ့ပါတယ်။

ပဲရစ်မြို့တော်မှာ ၅ ရက်ကြာဆွေးနွေးခဲ့ပြီး ဒီမူကြမ်းကို လာမယ့်နိုဝင်ဘာလ ကင်ညာနိုင်ငံ နိုင်ရိုဘီမြို့တော်မှာ နိုင်ငံပေါင်း ၁၇၅ နိုင်ငံက ကိုယ်စားလှယ်တွေ တက်ရောက်မယ့် နိုင်ငံတကာညီလာခံ မတိုင်မီ အပြီးရေးဆွဲဖို့ ဖြစ်ပါတယ်။

“ ဒီကိစ္စဖြစ်မြောက်အောင်မြင်ရပါမယ်၊ ဘာဖြစ်လို့လဲဆိုတော့ ပယ်လယ်သမုဒ္ဒရာတွေ အပါအဝင်၊ နေရာအနှံ့မှာ ပလပ်စတစ် စွန့်ပစ်ပစ္စည်းတွေကြောင့် သဘာဝပတ်ဝန်းကျင် ထိခိုက်ရတာကို အားလုံးက မလိုချင်တဲ့အတွက်ကြောင့်ပါလို့၊ နိုင်ငံတကာ ပလပ်စတစ်ကြောင့် သဘာဝပတ်ဝန်းကျင် ထိခိုက်မှုအဆုံးသတ်ရေး အစိုးရများအကြား ဆွေးနွေးညှိနိုင်းရေး အကြီးအကဲ Jyoti Mathur Filipp က VOA ကို ပြောဆိုခဲ့ပါတယ်။

ဒါပေမဲ့ ဆွေးနွေးပွဲမှာ ဇီဝလောင်စာနဲ့ ပလပ်စတစ်ထုတ်လုပ်တဲ့ စက်မှုလုပ်ငန်းတွေက ကိုယ်စားလှယ်တွေ ပါဝင်နေတဲ့အတွက် အချိန်ဆွဲတဲ့ နည်းတွေကို အသုံးချနေတာကြောင့် အခက်အခဲတွေ ဖြစ်စေတယ်လို့ သဘာဝပတ်ဝန်းကျင်သမားတွေနဲ့ အခွင့်အရေး လှုပ်ရှားသူတွေက ဝေဖန်ပြောဆိုပါတယ်။ လုပ်ထုံးလုပ်နည်းဆိုင်ရာ ကိစ္စတွေ နှောင့်နှေးကျန့်ကြာရသလို၊ အနှောက်အယှက် ဖြစ်စေတယ်လို့လည်း ဆိုပါတယ်။

တပတ်ကြာ ဆွေးနွေးပြီးနောက် ပလပ်စတစ်စွန့်ပစ်ပစ္စည်း အဆုံးသတ်ရေး နိုင်ငံတကာ သဘောတူညီချက်အတွက် ခြေတလှမ်းနီးကပ်သွားစေ ခဲ့တယ်လို့ WWF ကမ္ဘာသဘာဝတောရိုင်းရန်ပုံငွေအဖွဲ့ကအထူးကိုယ်စားလှယ် Marco Lambertini ကပြောဆိုပါတယ်။

XS
SM
MD
LG