သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အင်တာနက်ရာဇ၀တ်မှု ထူပြောတဲ့ ရွှေကုက္ကိုလ်မြို့သစ်


ရွှေကုက္ကိုလ်မြို့ အပေါ်စီးမြင်ကွင်း (ပုံ− ကောင်းကင်ဂြိုလ်တုဓါတ်ပုံ )
ရွှေကုက္ကိုလ်မြို့ အပေါ်စီးမြင်ကွင်း (ပုံ− ကောင်းကင်ဂြိုလ်တုဓါတ်ပုံ )

အင်တာနက်ရာဇ၀တ်မှု ထူပြောတဲ့ ရွှေကုက္ကိုလ်မြို့သစ်

တရုတ် စီးပွားရေးကုမ္ပဏီတွေ ရင်းနှီးမြှုပ်နှံလုပ်ကိုင်နေတဲ့ ကရင်ပြည်နယ် မြဝတီမြို့အနီး ရွှေကုက္ကိုလ်မြို့သစ်မှာ ဆိုင်ဘာကျွန်အဖြစ် လူကုန်ကူးခံရသူတွေဟာ နိုင်ငံပေါင်း (၃၀)ကျော်ကဖြစ်ကြောင်း USIP ခေါ် အမေရိကန်ပြည်ထောင်စု ငြိမ်းချမ်းရေးအင်စတီကျူရဲ့ မြန်မာနိုင်ငံဆိုင်ရာ ညွန်ကြားရေးမှူး Jason Tower က ဗွီအိုအေ ကိုပြောပါတယ်။

မြန်မာ-ထိုင်း-တရုတ် သုံးနိုင်ငံ ပူးပေါင်းနှိမ်နင်းနိုင်ဖို့ ကြိုးစားနေပေမယ့် ရွှေကုက္ကိုလ်မှာ ဆိုင်ဘာရာဇဝတ်မှုတွေ အပါအဝင် နိုင်ငံဖြတ်ကျော် ရာဇဝတ်ကျူးလွန်မှုတွေ များလာနေတဲ့ အခြေအနေနဲ့ပတ်သက်လို့ မအင်ကြင်းနိုင်က တင်ပြမှာပါ။

=================

ရာဇဝတ်မှု အတော်များများ ကျူးလွန်နေတယ်လို့ ယူဆရတဲ့ ထိုင်း-မြန်မာနယ်စပ် ကရင်ပြည်နယ် မြဝတီမြို့နားက ရွှေကုက္ကိုလ်မြို့သစ်ကို တင်ပို့နေတဲ့ ထိုင်းလျှပ်စစ်ဓါတ်အားတွေကို ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း ထိုင်းအစိုးရက ဖြတ်တောက်ခဲ့ပါတယ်။

ဒီအခြေအနေတွေကို ကြိုတင်တွက်ဆထားတဲ့ လုပ်ငန်းပိုင်ရှင်တွေဘက်ကလည်း ကိုယ်ပိုင် မီးစက်တွေ ပြင်ဆင်ထားတဲ့အတွက် အဲဒီမြို့မှာရှိတဲ့ လုပ်ငန်းတွေ အနှောင့်အယှက်မရှိ ဆက်လက် လည်ပတ်နေတယ်လို့ မျက်မြင်တွေက ဗွီအိုအေကို ပြောပါတယ်။

တရုတ်ရင်းနှီးမြှုပ်နှံသူတွေ တည်ဆောက်ထားတဲ့ ကာစီနို လောင်းကစားရုံတွေ၊ ဖျော်ဖြေရေး အဆောက်အအုံတွေနဲ့ ပြည့်နှက်နေတဲ့ ရွှေကုက္ကိုလ်မြို့သစ်မှာ အခုအခါ ဆိုင်ဘာရာဇဝတ်မှုတွေ၊ လူကုန်ကူးမှုတွေ၊ မူးယစ်ဆေးဝါး ရောင်းဝယ်မှု စတဲ့ နိုင်ငံဖြတ်ကျော်ရာဇဝတ်မှုတွေ တနေ့တခြား များပြားလာနေတယ်လို့ စွပ်စွဲခံထားရတာပါ။

ဒါနဲ့ ပတ်သက်လို့ ဝါရှင်တန်ဒီစီအခြေစိုက် USIP ခေါ် အမေရိကန် ငြိမ်းချမ်းရေးအင်စတီကျူရဲ့ မြန်မာနိုင်ငံဆိုင်ရာ ညွန်ကြားရေးမှူး Jason Tower က ဗွီအိုအေ ကိုအခုလိုပြောပါတယ်။

"ကိုဗစ်ကပ်ရောဂါ စတင်ကတည်းက အဲဒီနေရာမှာ ရာဇဝတ်မှုပုံစံတွေ ကျယ်ပြန့်လာတာကို တွေ့မြင်ခဲ့ရပါတယ်။ တခါ စစ်တပ်အာဏာသိမ်းပြီး နောက်ပိုင်းမှာလည်း ရာဇဝတ်မှုတွေဟာ အလွန့်အလွန့်ကို များပြားလာတာ တွေ့ကြရပါတယ်။

သောင်ရင်းမြစ်တလျှောက် ရှိနေတဲ့ အဲဒီဒေသမှာ လူကုန်ကူးခံရတဲ့သူတွေဟာ နိုင်ငံပေါင်း (၃၀) ကျော်က ဖြစ်ပါတယ်။ ဒါဟာ အရှေ့တောင်အာရှမှာ ဆိုက်ဘာကျွန်ပြုဖို့ လူကုန်ကူးခံရတဲ့ နိုင်ငံစုစုပေါင်း ၄၆ နိုင်ငံထဲက မြန်မာနိုင်ငံ ရွှေကုက္ကိုလ်မှ ာရှိနေတာဟာ နိုင်ငံပေါင်း ၃၀ ကျော်ကဖြစ်ပါတယ်။"

တရုတ်ကုမ္ပဏီကြီးဖြစ်တဲ့ Yatai IHG က ရင်းနှီးမြှုပ်နှံတည်ဆောက်ထားတဲ့ အဲဒီမြို့သစ်မှာ မြန်မာစစ်တပ် လက်အောက်ခံဖြစ်တဲ့ BGF ကရင်နယ်ခြားစောင့်တပ်ဖွဲ့က ကြီးစိုးနေတယ်လို့လည်း Jason Tower က ဆိုပါတယ်။ ရွှေကုက္ကိုလ်မှာ ဆိုက်ဘာ ရာဇဝတ်မှုတွေ များပြားလာနေတဲ့ အခြေအနေကို အခုလိုဆက်ပြောပါတယ်။

"ဒါကြောင့် တရုတ်နိုင်ငံသားတွေကို ပစ်မှတ်ထားတဲ့ အွန်လိုင်း လိမ်လည်လှည့်ဖြားမှုတွေဟာ အခုဆိုရင် ကမ္ဘာလုံးဆိုင်ရာက အင်တာနက်သုံးစွဲသူတွေကိုပါ ပစ်မှတ်ထားလာတာဖြစ်ပါတယ်။ ဂျပန်၊ ဥရောပတလွှားနဲ့ အမေရိကန် နိုင်ငံသားတွေကို အွန်လိုင်း crypto ငွေကြေးနဲ့ ပတ်သက်လို့လိမ်လည် လှည့်စားတာတွေကို တွေ့နေရပါတယ်။ ဒါဟာ မြန်မာနိုင်ငံမှာအာဏာသိမ်းပြီးကတည်းက ရာဇဝတ်မှုတွေ ကျယ်ပြန့်လာပြီး ပုံစံသစ်အနေနဲ့ ကျူးလွန်နေတာတွေ အများကြီးရှိနေတာ ကျနော်တို့တွေ့နေရပါတယ်။"

လက်ရှိ ရွှေကုက္ကိုလ်မှာ ဖြစ်နေတဲ့ ရာဇဝတ်မှုတွေနဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်က သူတို့သဘောထားကို လူသိရှင်ကြားထုတ်ဖေါ်ပြောဆိုခြင်းမရှိသေးကြောင်း အေပီသတင်းဌာနမှာ ဖေါ်ပြထားပါတယ်။

ဒါပေမယ့် နိုင်ငံပိုင်သတင်းစာဖြစ်တဲ့ မြန်မာ့အလင်းသတင်းစာရဲ့မေလ ၃၁ ရက်နေ့စာစောင်မှာတော့ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး Chen Hai ဟာ ပြည်ထဲရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်အပါအဝင် အဆင့်မြင့်ရဲအရာရှိတွေနဲ့တွေ့ဆုံခဲ့ပြီး တရုတ်-မြန်မာ-ထိုင်း နယ်စပ်မှာ နိုင်ငံဖြတ်ကျော် ရာဇဝတ်မှုတွေကို တိုက်ဖျက်ရေးပူးပေါင်းဆောင်ရွက်ဖို့ ဆွေးနွေးခဲ့ကြောင်း

တိုက်ရိုက် လင့်ခ်

ဖေါ်ပြထားပါတယ်။

XS
SM
MD
LG