သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ခွဲခြားဆက်ဆံခံရသူတွေတွက် ခွဲတမ်းချ တက္ကသိုလ်ဝင်ခွင့် ကန်တရားရုံးချုပ် ပယ်ဖျက်


U.S. Supreme Court rejects affirmative action in university admissions
U.S. Supreme Court rejects affirmative action in university admissions

ခွဲခြားဆက်ဆံခံရသူတွေတွက် ခွဲတမ်းချ တက္ကသိုလ်ဝင်ခွင့် ကန်တရားရုံးချုပ် ပယ်ဖျက်

အမေရိကန်က တက္ကသိုလ်တွေမှာ လူနည်းစု လူအုပ်စုဝင်တွေ၊ ခွဲခြားဆက်ဆံ ခံရသူတွေကို ဦးစားပေးတဲ့ မူဝါဒအဖြစ် လူမျိုးကိုအခြေခံပြီး ခွဲတမ်းစနစ်နဲ့ ကျောင်းဝင်ခွင့်ပေးတာက ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ မညီဘူးလို့ ဗဟိုတရားရုံးချုပ်က ကြာသာပတေးနေ့မှာ ဆုံးဖြတ်လိုက်ပါတယ်။

ရှေးရိုးစွဲ ကွန်ဆားဗတစ်တွေ လွှမ်းမိုးထားတဲ့ ဗဟိုတရားသူကြီးအဖွဲ့ရဲ့ ၆ မဲ ၃ မဲနဲ့ အတည်ပြုလိုက်တဲ့ ဒီဆုံးဖြတ်ချက်ဟာ အထူးသဖြင့် အမေရိကန်ရဲ့ သက်တမ်းအရင့်ဆုံး ပုဂ္ဂလိကနဲ့ အများပြည်သူပိုင် ‌ကောလိပ်တွေဖြစ်ကြတဲ့ ဟားဗတ်တက္ကသိုလ်နဲ့ မြောက်ကာရိုလိုင်းနားတက္ကသိုလ်တွေရဲ့ လူနည်းစုတွေအပေါ် ခွဲတမ်းနဲ့ စဥ်းစားပေးတဲ့ ကျောင်းဝင်ခွင့် အစီအစဉ်တွေကို ပယ်ဖျက်လိုက်တာပါ။

တရားသူကြီးချုပ် John Roberts က “တက္ကသိုလ်တွေဟာ ကျောင်းဝင်ခွင့် ဆုံးဖြတ်ရာမှာ လူတဦးချင်းစီရဲ့ ပညာ အရည်အချင်း လေ့လာမှုတွေကို မကြည့်ဘဲ အသားအရောင်ကိုကြည့်ပြီး နှစ်ကာလကြာရှည် မှားယွင်းစွာ ကျင့်သုံးနေတယ်” လို့ ဆိုပြီး “ဖွဲ့စည်းပုံအခြေခံဥပဒေက ဒီလို ရွေးချယ်မှုကို လက်မခံကြောင်း” ပြောပါတယ်။

ဒီစနစ်က လူဖြူတွေချည်းပဲ လွှမ်းမိုးထားတဲ့ ဒေသတွေမှာ လူမျိုးရေးအရ လူနည်းစုတွေရဲ့ ဝင်ခွင့်ကို မြှင့်တင်ဖို့ ဆယ်စုနှစ်နှင့်ချီ ကျင့်သုံးခဲ့တာပါ။ အမေရိကန် စီးပွားရေးလုပ်ငန်းတွေနဲ့ အစိုးရဌာနတွေမှာလည်း ဒီလိုစနစ် ကျင့်သုံးနေတာဖြစ်ပေမယ့် အခု စီရင်ချက်မှာတော့ ကျောင်းဝင်ခွင့် တခုတည်းကိုပဲ သက်ရောက်မှာ ဖြစ်ပါတယ်။

လစ်ဘရယ် တရားရုံးချုပ် တရားသူကြီး တဦးဖြစ်တဲ့ Sonia Sotomayor ကတော့ ဒီဆုံးဖြတ်ချက်ကြောင့် "ဆယ်စုနှစ်များစွာ အရေးကြီးတဲ့ ပြောင်းလဲတိုးတက်မှုတွေအားလုံး နောက်ပြန်ဆုတ်သွားစေတယ်" လို့ ပြောပါတယ်။

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်ကလည်း တရားရုံးချုပ်ရဲ့ ဆုံးဖြတ်ချက်ကို ပြင်းပြင်းထန်ထန် ကန့်ကွက်ကြောင်း ပြောပြီး လူမျိုးရေးအရ ကွဲပြားနေတာတွေက အမေရိကန်ကောလိပ်တွေကို ပိုအားကောင်းစေတယ်လို့ ယုံကြည်ကြောင်း ပြောပါတယ်။

အထက်တရားရုံးရဲ့ ဆုံးဖြတ်ချက်ကြောင့် အမေရိကန်ပြည်ထောင်စု တဝန်းက ကောလိပ်ကျောင်းတွေ တက္ကသိုလ်တွေမှာ ပိုမိုကျယ်ပြန့်တဲ့ လူအုပ်စုတွေကို ကိုယ်စားပြုနိုင်ဖို့ လူမျိုးကိုအခြေခံ မစဥ်းစားတဲ့ ဝင်ခွင့်နည်းလမ်းအသစ်တွေကို ရှာဖွေရပါတော့မယ်။ ကျောင်းသားရဲ့ မိသားစု စီးပွားရေးနောက်ခံနဲ့ ကြီးပြင်းခဲ့တဲ့ လူမှုအသိုင်းအဝိုင်းရဲ့ သဘောသဘာဝကို ကြည့်ရှု ဆုံးဖြတ်တာမျိုးတွေ လုပ်လာရဖို့ ရှိပါတယ်။

ဗဟိုတရားရုံးချုပ်ဟာ မနှစ်ကလည်း အလားတူ အရင် စီရင်ထုံးတွေကို ပယ်ချပြီး ပြည်ထောင်စုအဆင့် ကိုယ်ဝန်ဖျက်ချခွင့်ကို ပယ်ဖျက်ခဲ့ဖူးပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG