သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန်ကို ယူနက်စကိုက ပြန်လည် လက်ခံဖွယ်ရှိ


Virus Outbreak UNESCO Vaccine Patents
Virus Outbreak UNESCO Vaccine Patents

အမေရိကန်ကို ယူနက်စကိုက ပြန်လည် လက်ခံဖွယ်ရှိ


ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနဲ့ ယဉ်ကျေးမှုဆိုင်ရာ ယူနက်စကို UNESCO အဖွဲ့ကြီးရဲ့ ၂ ရက်ကြာဆွေးနွေးပွဲကို ပြင်သစ်နိုင်ငံ ပါရီမြို့မှာ ကြာသပတေးနေ့က စတင်ခဲ့ပြီး၊ အမေရိကန်နိုင်ငံက အဖွဲ့ဝင်အဖြစ် ပြန်လည် လျှောက်ထားချက်အတွက် ယူနက်စကိုအဖွဲ့ဝင် ၁၉၃ နိုင်ငံက ကိုယ်စားလှယ်တွေ မဲခွဲဆုံးဖြတ်ဖို့ ရှိနေပါတယ်။

'ယူနက်စကိုအဖွဲ့ကြီးဟာ အစ္စရေးဆန့်ကျင်မှုနဲ့ ဘက်လိုက်မှု ရှိနေသလို မှားယွင်းတဲ့ စီမံခန့်ခွဲမှုတွေ ရှိတယ်' ဆိုတဲ့ စွပ်စွဲချက်နဲ့ သမ္မတဟောင်း ဒေါ်နယ်ထရမ့်လက်ထက် ၂၀၁၈ မှာ အမေရိကန်က နှုတ်ထွက်ခဲ့တာဖြစ်ပါတယ်။

ဒီအဖွဲ့ကနေ မနှုတ်ထွက်ခင် အမေရိကန်ဟာ ယူနက်စကိုအဖွဲ့ရဲ့ ရံပုံငွေ ၅ ပုံတပုံကို ထည့်ဝင်လှှုဒါန်းနေတဲ့ အများဆုံး အလှူရှင်နိုင်ငံ ဖြစ်ပါတယ်။

အမေရိကန်နှုတ်ထွက်သွားတဲ့ နေရာမှာ တရုတ်က အထူးသဖြင့် AI ဉာဏ်ရည်တုနဲ့ နည်းပညာဆိုင်ရာ ပညာရေးလုပ်ငန်းတွေနဲ့ ယူနက်စကိုအဖွဲ့ရဲ့ မူဝါဒပိုင်းမှာ လွှမ်းမိုးချယ်လှယ်လာမှာကို စိုးရိမ်တဲ့ အတွက် အမေရိကန်က ယူနက်စကိုအဖွဲ့ထဲ ပြန်ဝင်ချင်ကြောင်း ဒီလအစောပိုင်းမှာ အမေရိကန်အရာရှိတွေက ပြောကြားခဲ့တာ ဖြစ်ပါတယ်။

အခုလို အဖွဲ့ထဲပြန်ဝင်ဖို့ လျှောက်ထားတဲ့ အစီစဉ်ထဲမှာ ယူနက်စကိုအဖွဲ့ရဲ့ လာမယ့် ၂၀၂၄ အတွက် ကုန်ကျငွေနဲ့ ကြွေးကျန်တွေ ပြန်ဆပ်ရာမှာသုံးဖို့ အမေရိကန်က ဒေါ်လာ သန်း ၁၅၀ ချထားပေးဖို့လည်း သမ္မတ ဂျိုးဘိုင်ဒန်အစိုးရက တောင်းဆိုထားပါတယ်။

၂၀၂၁ မှာ ယူနက်စကိုက ပါလက်စတိုင်းကို အဖွဲ့ဝင်အဖြစ် လက်ခံခဲ့တဲ့နောက်ပိုင်း အမေရိကန်နဲ့ အစ္စရေးက ဒီအဖွဲ့အတွက် ငွေကြေးထောက်ပံ့မှုတွေကို ရပ်ဆိုင်းပစ်ခဲ့တာပါ။ အခုအမေရိကန်ရဲ့ အဖွဲ့ဝင်အဖြစ် ပြန်လည်လျှောက်ထားချက်အတွက် သောကြာနေ့ ညနေပိုင်းမှာ မဲခွဲဆုံးဖြတ်ဖို့ ရှိပါတယ်။

အမေရိကန်ကို ယူနက်စကိုက ပြန်လည် လက်ခံဖွယ်ရှိ
please wait

No media source currently available

0:00 0:01:14 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG