သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Bolsonaro ဘရာဇီးလ် သမ္မတရွေးကောက်ပွဲ ပြန်ဝင်ခွင့်မရ


Ex-presidente Jair Bolsonaro em entrevista no aeroporto de Brasília no dia 29 de Junho de 2023
Ex-presidente Jair Bolsonaro em entrevista no aeroporto de Brasília no dia 29 de Junho de 2023

Bolsonaro ဘရာဇီးလ် သမ္မတရွေးကောက်ပွဲ ပြန်ဝင်ခွင့်မရ

ဘရာဇီးလ်သမ္မတဟောင်း Jair Bolsonaro ဟာ အာဏာ အလွဲသုံးစားလုပ်ခဲ့ကြောင်းနဲ့ ဘရာဇီးလ်နိုင်ငံရဲ့ ကွန်ပြူတာ မဲပေးစနစ်ကို သံသယဝင်အောင် လုပ်ဆောင်တာ တွေ့ရတဲ့အတွက် သူဟာ ၂၀၃၀ အထိ သမ္မတလောင်း အဖြစ် နောက်ထပ် ဝင်ရောက် အရွေးခံခွင့်မရှိကြောင်း တရားသူကြီးများအဖွဲ့က မဲခွဲ ဆုံးဖြတ်လိုက်ပါတယ်။

ဒီမဲခွဲဆုံးဖြတ်ချက်ကနေ သမ္မတဟောင်း Bolsonaro ဟာ လာမယ့် ၂၀၃၀ အထိ ရွေးကောက်ပွဲဝင်ခွင့် ရှိတော့မှာမဟုတ်သလို အသက် ၆၈ နှစ်ရှိပြီဖြစ်တဲ့ သူ့ရဲ့နိုင်ငံရေးအနာဂတ် အဆုံးသတ်သွားပြီး နောက်ထပ် အာဏာဆုပ်ကိုင်နိုင်ခွင့်လည်း ဆုံးရှုံးတော့မှာ ဖြစ်ပါတယ်။

တရားသူကြီး ၇ ဦးပါ နိုင်ငံတော်ရဲ့ ရွေးကောက်ပွဲဆိုင်ရာ တရားရုံးက တရားသူကြီး ၄ ဦးက သမ္မတဟောင်း Bolsonaro ဟာ အာကာကို အလွဲသုံးစားလုပ်ကြောင်း သူဟာ သူ့မဲဆွယ်ပွဲအတွက် အစိုးရဆက်သွယ်ရေး လိုင်းတွေကို အသုံးပြုခဲ့သလို လူထုပေးတဲ့မဲတွေနဲ့ ပတ်သက်ပြီး သံသယဖြစ်အောင် လုပ်ဆောင်ခဲ့ကြောင်း အတည်ပြုခဲ့တာ ဖြစ်ပါတယ်။ Bolsonaro အနေနဲ့ တရားရုံးချုပ်မှာ အယူခံဝင်ပိုင်ခွင့်ရှိပါတယ်။ ဒါ့အပြင် သူဟာ ရာဇဝတ်မှုခင်းဆိုင်ရာ စုံစမ်းစစ်ဆေးမှု အပါအဝင် တရားရေးအမှုတွေကိုလည်း ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။

ဒါဟာ သူ့အပေါ်မတရား လုပ်ဆောင်မှုတခု ဖြစ်ကြောင်း Bolsonaro က ကြာသပတေးနေ့မှာ သတင်းထောက်တွေကို ပြောပါတယ်။ ဒါ့အပြင် သူ့ဘက်က ဒီမိုကရေစီရေ ဆိုင်ရာဆန့်ကျင်မှု တစုံတရာလုပ်ခဲ့တယ် ဆိုရင် သက်သေပြဖို့ တောင်းဆိုခဲ့ပါတယ်။ တရားရုံးချုပ်ရဲ့ ဆုံးဖြတ်ချက်ကြောင့်သူဟာ ၂၀၂၄ နဲ့ ၂၀၂၈ ဒေသဆိုင်ရာ မြူနီစပယ်ရွေးကောက်ပွဲတွေမှာရော ၂၀၂၆ အထွေထွေရွေးကောက်ပွဲ မှာပါ ဝင်ရောက်ယှဉ်ပြိုင်ခွင့် ရတော့မှာ မဟုတ်ပါဘူး။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG