သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အရာတော်မြို့နယ်တွင်းသေဆုံးမှု စစ်ကောင်စီ ပြည်သူ့စစ်တွေလို့ PDF ပြောဆို


အရာတော် မြို့
အရာတော် မြို့

စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်က ရွာတရွာကို ဒုံးကျည်နဲ့ ပစ်ခတ်ခဲ့တာကြောင့် အရပ်သား ၁၅ ယောက် သေဆုံးသွားခဲ့တယ်လို့ စစ်ကောင်စီက ဆိုပေမယ့် အာဏာသိမ်း စစ်တပ်ဆန့်ကျင်ရေး ပြည်သူ့ကာကွယ်‌ရေး ပီဒီအက်ဖ် တပ်ဖွဲ့တွေကတော့ သေဆုံးသွားသူတွေဟာ စစ်တပ်လိုလားတဲ့ ပြည်သူ့စစ်တွေသာ ဖြစ်တယ်လို့ ဆိုပါတယ်။

ဘုန်ကြီး ၃ ပါး အပါအဝင် လူ ၇ ယောက် ဒဏ်ရာရရှိခဲ့ပြီး စစ်ဆေးရုံကို ပို့ထားတယ်လို့ ဗုဒ္ဓဟူးနေ့ နှောင်းပိုင်းက ထုတ်ပြန်တဲ့ စစ်ကောင်စီရဲ့ ထုတ်ပြန်ချက်မှာ ပြောပါတယ်။

ဒါပေမဲ့ သေဆုံးသွားသူတွေက အရပ်သားတွေ မဟုတ်ဘူးလို့ အမည်မဖော်လိုသူ ဒေသန္တရ ကာကွယ်ရေးတပ်ဖွဲ့ဝင် တယောက်က အေအက်ဖ်ပီ သတင်းကို ပြောပါတယ်။ သေသူတွေက စစ်တပ်ရဲ့ ပြည်သူ့စစ်အဖွဲ့ဝင်တွေ ဖြစ်တယ်လို့ သူကဆိုပါတယ်။ ဗုဒ္ဓဟူးနေ့က ငွေတွင်းရွာကို သူ့အဖွဲ့က ဝင်ရောက် စီးနင်းခဲ့ပြီး၊ ရန်သူ ၁၆ ‌ယောက် သေဆုံးတဲ့အပြင် လက်နက်တချို့ကိုလည်း သိမ်းဆည်းနိုင်ခဲ့တယ်လို့ သူက ဆိုပါတယ်။ သူ့ ပြောဆိုချက်ကို အေအက်ဖ်ပီ သတင်းဌာနက သီးခြား အတည်မပြုနိုင်ပါဘူး။

ဒီနေရာတွေကို စစ်ကောင်စီက အင်တာနက်နဲ့ အခြား အဆက်အသွယ်တွေ ဖြတ်တောက်ထားတာပါ။ စစ်ကောင်စီက ကျေးရွာ ပြည်သူ့စစ် ဖွဲ့စည်းဖို့ ဆွေးနွေးပြောဆိုခဲ့တာတွေတော့ ရှိခဲ့ပါတယ်။

ပြည်သူလူထုက အပြတ်အသတ် ရွေးချယ် တင်မြှောက်လိုက်တဲ့ ဒေါ်အောင်ဆန်းစုကြည် အစိုးရကို ဖြုတ်ချပြီး၊ အာဏာ မသိမ်းခင်ကတည်းက မြန်မာနိုင်ငံမှာ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေက လက်နက်ကိုင် ပုန်ကန်ခဲ့တာပါ။ ပီဒီအက်ဖ် တပ်ဖွဲ့တွေကတော့ အာဏာသိမ်းပြီးမှ ပေါ်ပေါက်လာခဲ့တဲ့ လက်နက်ကိုင် အဖွဲ့တွေ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG