သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပဋိပက္ခဒေသ ကလေးငယ်တွေ ပညာသင်ခွင့်ရရေး ကြိုးပမ်းနေသူ


ကယားပြည်နယ် သို့မဟုတ် ကရင်နီပြည်မှာ လွိုင်ကော်မြို့လောက်ကလွဲရင် ကျန်ဒေသတွေက ကလေးငယ်တွေဟာ စစ်ပွဲတွေကြောင့် ပုံမှန် ကျောင်းစာ သင်နိုင်တဲ့အခြေအနေ မရှိတော့ဘူးလို့ ပညာရေးလုပ်ငန်းတွေမှာ ပါဝင်လုပ်ဆောင်နေသူ မအဖြူလေးက ပြောပါတယ်။ မအဖြူလေးကို မခင်ဖြူထွေးက နယ်စပ်တနေရာမှာ တွေ့ဆုံ မေးမြန်းထားပါတယ်။

ကယားပြည်နယ် သို့မဟုတ် ကရင်နီပြည်မှာ လွိုင်ကော်မြို့လောက်ကလွဲရင် ကျန်ဒေသတွေက ကျောင်းနေအရွယ် ကလေးငယ်တွေဟာ စစ်ပွဲတွေကြောင့် ပုံမှန် ကျောင်းစာ သင်ကြားနိုင်တဲ့ အခြေအနေ မရှိကြတော့ဘူးလို့ ပညာရေးလုပ်ငန်းတွေမှာ ပါဝင်လုပ်ဆောင်နေတဲ့ ကရင်နီ အမျိုးသမီး မအဖြူလေးက ပြောပါတယ်။ အာဏာသိမ်းမှုနောက်ပိုင်း ဖိနှိပ်မှုတွေကြောင့် လွိုင်ကော်မြို့ကနေ ထွက်ပြေးခဲ့ရပြီး နယ်စပ် စစ်ဘေးရှောင်စခန်းမှာ တနှစ်ကျော် နေခဲ့ရတဲ့ မအဖြူလေးဟာ ကလေးငယ်တွေ ပညာသင်ကြားခွင့် ဆုံးရှုံးနေရတဲ့ အခြေအနေတွေကို ကိုယ်တိုင် တွေ့မြင်ခဲ့ရပြီးတဲ့နောက် ပညာရေးလုပ်ငန်းတွေမှာ ထဲထဲဝင်ဝင် ပါဝင် လုပ်ဆောင်လာခဲ့သူ ဖြစ်ပါတယ်။ နယ်စပ်အခြေစိုက် ဆယ်တောရို လူငယ်ဖွံ့ဖြိုးရေးသင်တန်းကျောင်း ဦးဆောင်တာဝန်ခံ တဦးဖြစ်တဲ့ မအဖြူလေးကို မခင်ဖြူထွေးက နယ်စပ်တနေရာမှာ တွေ့ဆုံ မေးမြန်းထားတာကို ဒီသီတင်းပတ် အမျိုးသမီးကဏ္ဍမှာ တင်ဆက်ထားပါတယ်။

XS
SM
MD
LG