သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သုံးနှစ်အတွင်း ကရင်စစ်ဘေးရှောင် (၇)သိန်းကျော်


ကရင်ပြည်နယ်က စစ်ဘေးရှောင် ပြည်သူများ ( Photo: C J )
ကရင်ပြည်နယ်က စစ်ဘေးရှောင် ပြည်သူများ ( Photo: C J )

သုံးနှစ်အတွင်း ကရင်စစ်ဘေးရှောင် (၇)သိန်းကျော်

ကရင်ပြည်နယ် ခရိုင် ၇ ခုမှာ စစ်ကောင်စီအာဏာသိမ်းလိုက်တဲ့ ကာလ ၂၀၂၁ခုနှစ်ကနေ ၃နှစ်နီးပါးကာလအတွင်းမှာ ပဋိပက္ခတွေကြောင့် နေရပ်စွန့်ခွာရှောင်တိမ်းနေထိုင်ရတဲ့ စစ်ဘေးရှောင် ခုနစ်သိန်းကျော် ရှိလာပြီဖြစ်တယ်လို့ ကရင်အမျိုးသားအစည်းအရုံး က ထုတ်ပြန်ခဲ့ပါတယ်။ ဒီသတင်းကို ဗွီအိုအေသတင်းထောက်မအေးအေးမာကသတင်းပေးပို့ထားပါတယ်။

ကရင်အမျိုးသားအစည်းအရုံး-ကေအဲန်ယူ ထိန်းချုပ်တဲ့ ခရိုင် ၇ ခုမှာ စစ်ကောင်စီအာဏာသိမ်းလိုက်တဲ့ ၃ နှစ်တာကာလအတွင်း စစ်ဘေးရှောင်ပြည်သူ ၇ သိန်း ကျော်သွားပြီလို့ ကေအန်ယူက ထုတ်ပြန်ခဲ့တာပါ။ ဒါဟာ နှစ်ဖက်တိုက်ပဲွတွေ လက်နက်ကြီးတွေနဲ့ ပစ်ခတ်မူတွေ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ဒေသခံတွေဟာ ထိခိုက်သေဆုံးရပြီးနောက် ရွာလုံးကျွတ် ရွေပြောင်းခဲ့ရတာတွေ ရှိခဲ့တယ်လို့ ကရင်ငြိမ်းချမ်းရေး အထောက်ကူပြုကွန်ယက်ကလည်းပြောပါတယ်။ ညအချိန်မတော် အရပ်သားတွေ အိပ်နေချိန်မှာ တိုက်ခိုက်မူတွေကြောင့် သေဆုံးတွေ ဒဏ်ရာရတာတွေဖြစ်နေတယ်လို့လည်း ကရင်ငြိမ်းချမ်းရေးအထောက်အကူပြုကွန်ယက်က ပြောရေးဆိုခွင့်ရှိသူ စောလေးကပေါ်က ပြောပါတယ်။

" နှစ်ဖက်တိုက်ပဲွ ပုံမှန်ထိတွေ့တိုက်ပဲွကတော့ နေ့စဉ်နေ့တိုင်း ဖြစ်လာတာပေါ့နော်။ နောက်တခုကတော့ လက်နက်ကြီးတို့ ဘာတို့ ပါတော့ ရွာသားတွေက ထိခိုက်သေဆုံးတာတွေ ပိုများလာတာပေါ့နော်။ မနက် ၁ နာရီ ၂ နာရီထိုးတဲ့အချိန်တွေ ဒီလို ဘယ်လိုအတွေးနဲ့ ပစ်ခတ်နေလဲ မသိဘူး ရွာသားတွေ အိပ်ပျော်နေတဲ့အချိန်တွေ မနက်စောစောအချိန်တွေမှာ လာပစ်တော့ အဲဒီလိုအချိန်မှာဆိုရင် ရွာသားတွေအတွက်က အန္တရယ်များတာပေါ့နော်။"

အရပ်သားတွေဟာ စိုးရိမ်ထိပ်လန့်ပြီး ဘုန်းကြီးကျောင်းတွေ ဘုရားရှစ်ခိုးကျောင်းတွေဘက်ကို ခိုလှုံတဲ့အခါမှာလည်း အဲဒီနေရာတွေကို စစ်ကောင်စီက လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာတွေလုပ်တဲ့အတွက် အရပ်သားတွေကိုလည်းပစ်မှတ်ထားတာ တွေ့ရတယ်လို့လည်းပြောပါတယ်။

" ပစ်မှတ်က ဘုန်းကြီးကျောင်းတွေကိုလည်းပစ်မှတ်ထားတယ် အဲဒီလိုဘုန်းကြီးကျောင်းတွေဆိုရင် ကျိုက်မရောဘက်မှာဆိုရင် လက်နက်ကြီးကျလို့ သံဃာတပါး ပျံလွန်တော်မူတာလည်း ရှိတယ်။ "

အခုလိုအခြေအနေတွေကြောင့် စစ်ဘေးရှောင်တွေဟာ ခရိုင်တိုင်းမှာ များပြာလာပြီး KNU တပ်မဟာ(၃) ထိန်းချုပ်နယ်မြေ ညောင်လေးပင်ခရိုင်မှာတော့ စစ်ဘေး ရှောင်ပြည်သူ ၂ သိန်း ၄ သောင်း ၈ ထောင်ကျော်ရှိပြီး အများဆုံးပမာဏဖြစ်တယ်လို့လည်း ထုတ်ပြန်ထားပါတယ်။ တပ်မဟာ(၃) နယ်မြေအတွင်းမှာ စစ်ကောင်စီရဲ ့စခန်းတွေ တိုက်ခိုက်ခံရပြီးတဲ့နောက် အဲဒီဒေသမှာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မူတွေ အကြိမ်ကြိမ်ကြုံရတယ်လို့လည်းဒေသခံတွေကပြောပါတယ်။

ဒုတိယ အများဆုံးကတော့ ဒူးပလာယာခရိုင် ဖြစ်ပါတယ်။ ဒူးပလာယာခရိုင်ဟာ ထိုင်းနဲ့ နယ်စပ်ချင်းထိစပ်နေတဲ့နေရာမှာရှိပြီး စစ်ပဲွတွေကြောင့် စစ်ဘေးရှောင်တွေ ထိုင်းဘက်ကို ထွက်ပြေးလာရတဲ့အထိ ရှိပါတယ်။ အဲဒီခရိုင်မှာတော့ စစ်ဘေးရှောင်ဦးရေ တသိန်း လေးသောင်း ကိုးထောင်ကျော် ရှိနေတာပါ။ အခုချိန်ထိ သောင်ရင်းမြစ်ဘေးမှာနေရပ် မပြန်နိုင်တဲ့ စစ်ဘေးရှောင်တွေ ရှိနေဆဲဖြစ်ပြီး ၂ နှစ်ကျော်ကြာလာတဲ့အထိ နေရပ် ပြန်မရသေးဘူးလို့လည်း စစ်ဘေးရှောင်တွေက ဆိုပါတယ်။

စစ်ဘေးရှောင် ၇ သိန်းကျော်ဟာ စားသောက်ရေး နေထိုင်ရေး ဒုက္ခတွေသာမက ကလေးသူငယ်တွေရဲ့ ပညာရေးပြသနာတွေ အသက်ကြီးတွေရဲ ့ကျန်းမာရေးဆိုင်ရာ ပြသနာတွေကိုပါ ရင်ဆိုင်နေရပါတယ်။ ကေအန်ယူ ထိန်းချုပ်နယ်မြေ ၇ ခုထဲမှာ အခုလို စစ်ဘေးကြောင့် စားနပ်ရိက္ခာလိုအပ်နေတဲ့အပြင် တိုက်ပဲွတွေဖြစ်ပြီးတိုင်း အိမ်တွေမီးရှို့ခံရတာ လူတွေ ညှင်းပမ်းနှိပ်စက် ခံရတာတွေကိုပါ စစ်ဘေးရှောင်တွေ ကြုံနေရတယ်လို့လည်း ပြောကြပါတယ်ရှင်။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG