သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဂါဇာမှာ အပစ်ရပ်ပြီး အကူညီဝင်ခွင့်ပြုဖို့ ကုလအတွင်းရေးမှုးချုပ် တိုက်တွန်း


ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်က အီဂျစ်အရှေ့မြောက်ပိုင်း ဆိုင်းနိုင်းပြည်နယ် အယ်လ်အာရစ် အပြည်ပြည်ဆိုင်ရာ လေဆိပ်မှာ မီဒီယာတွေကို စကားပြောဆိုတဲ့ မြင်ကွင်း။ မတ် ၂၃ ရက်၊ ၂၀၂၄ ခုနှစ်။ ဓာတ်ပုံ AFP / Khaled DESOUKI)
ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်က အီဂျစ်အရှေ့မြောက်ပိုင်း ဆိုင်းနိုင်းပြည်နယ် အယ်လ်အာရစ် အပြည်ပြည်ဆိုင်ရာ လေဆိပ်မှာ မီဒီယာတွေကို စကားပြောဆိုတဲ့ မြင်ကွင်း။ မတ် ၂၃ ရက်၊ ၂၀၂၄ ခုနှစ်။ ဓာတ်ပုံ AFP / Khaled DESOUKI)

ဂါဇာကမ်းမြောင်ဒေသကို ရောက်နေတဲ့ ကုလအတွင်းရေးမှုးချုပ် အန်တိုနီယို ဂူတာရက်စ်က လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အပစ်အခတ်ရပ်စဲရေးကို ချက်ခြင်းတောင်းဆိုခဲ့ပြီး ဂါဇာတလျှောက် အကူအညီတွေကို “ခြွင်းချက်မရှိ ဝင်ရောက်ခွင့်ပြု” ဖို့ အစ္စရေးကို တိုက်တွန်းခဲ့ပါတယ်။

ဂါဇာဒေသကို အကူအညီတွေကို ပိတ်ဆို့ထားတာက ကျင့်ဝတ်မဲ့တဲ့ လုပ်ရပ် ဖြစ်စေတယ်လို့ စနေနေ့က အီဂျစ်နယ်စပ်ကို ဖြတ်ကျော်ပြီး သွားရောက်တဲ့ ရာဖာ ခရီးစဥ်အတွင်းမှာ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် က ပြောပါတယ်။

“ဒီဘက်ကို ဖြတ်ကျော်ကူးလာချိန်မှာ ဝမ်းနည်းကြေကွဲမှုတွေနဲ့ နှလုံးသားမဲ့မှုတွေကို တွေ့နေရပါတယ်။ နယ်စပ် တံခါးတဘက်ခြမ်းမှာ ပိတ်ဆို့ထားတဲ့ ကယ်ဆယ်ရေး ကုန်တင် တန်းရှည်ကြီးနဲ့ နောက်တဘက်မှာတော့ ငတ်မွတ်ခေါင်းပါးနေတဲ့ အရိပ်မည်းကြီး စိုးမိုးနေတယ်” လို့ ဂူတာရက်စ်က ပြောပါတယ်။ “ဒါက ဝမ်းနည်းစရာထက် ပိုပါတယ်။ ဒါဟာ အကျင့်စာရိတ္တ ပျက်ပြားစေတဲ့ ကျင့်ဝတ်မဲ့မှုပါ” လို့ သူက ပြောပါတယ်။

ဂါဇာကမ်းမြောင်ဒေသ တခုလုံးက နေရပ်စွန့်ခွာထွက်ပြေးရသူ အများစု လာရောက်ခိုလှုံနေတဲ့ ရာဖာကို အစ္စရေးဘက်က တိုက်ခိုက်ဖို့ ခြိမ်းခြောက်နေချိန်မှာ အတွင်းရေးမှူးချုပ်ရဲ့ ခရီးစဥ် ထွက်ပေါ်လာတာပါ။ ရာဖာမြို့ကို မြေပြင်ထိုးစစ် လုပ်ရင် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကပ်ဘေးဖြစ်စေမယ်လို့လည်း ဂူတာရက်စ်က ပြောပါတယ်။

ရာဖာကို မတိုက်ခိုက်ဖို့ အစ္စရေးကို တောင်းဆိုနေကြတဲ့ အထဲမှာ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်းကင်လည်း ပါဝင်ပါတယ်။ ဒီ့အတွက် တိုက်တွန်းနိုင်ဖို့ ဘလင်ကန်ဟာ အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟုနဲ့ သောကြာနေ့က တွေ့ဆုံခဲ့ပါသေးတယ်။ “ဒါဟာ အရပ်သားတွေကို ပိုသေစေမယ့် အန္တရာယ်ရှိပြီး ဂါဇာကို အကူအညီပေးရေးမှာ ထိခိုက်မှာ ဖြစ်ဒါဟာ ကမ္ဘာတဝန်းမှာ အစ္စရေးကို ဖယ်ကြဥ် အထီးကျန်ဖြစ်စေပြီး ရေရှည်လုံခြုံရေးနဲ့ ရပ်တည်မှုကို အန္တရာယ်ဖြစ်စေတယ်” လို့ နေတန်ယာဟုနဲ့ သူ့ရဲ့ စစ်ရေးရာ ဝန်ကြီးအဖွဲ့တို့နဲ့ တွေ့ဆုံပြီးနောက် အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဘလင်ကန်က သတိပေးထားပါတယ်။

ဂါဇာအရေး လွှမ်းမိုးလာတဲ့ ၂၀၂၄ အမေရိကန် ရွေးကောက်ပွဲ
please wait

No media source currently available

0:00 0:05:56 0:00

ဒါပေမယ့် အစ္စရေးဘက်ကတော့ ရာဖာ ကို တိုက်ခိုက်ဖို့ အမေရိကန်ရဲ့ ပံ့ပိုးကူညီမှု မလိုအပ်ကြောင်း နေတန်ယာဟုက တုံ့ပြန်ထားပါတယ်။

“ရာဖာထဲ ထိုးစစ်မဆင်ဘဲ ကျန်တဲ့ ဟားမတ်စ် တပ်ဖွဲ့တွေကို အနိုင်ယူဖို့ နည်းလမ်းမရှိဘူးလို့လည်း ကျွန်တော်ပြောပြောထားပြီး ဖြစ်ပါတယ်။ ပြီးတော့ ဒါကို အမေရိကန်ရဲ့ ထောက်ခံမှုနဲ့ လုပ်နိုင်မယ်လို့ မျှော်လင့်ပါတယ်၊ ဒါပေမယ့် လုပ်ရမယ်ဆိုရင် ကျနော်တို့ ဘာသာ ဆက်လုပ်သွားမှာပါ” လို့ နေတန်ယာဟုက ထုတ်ပြန်ချက်ထဲမှာ ပြောထားပါတယ်။

Forum

XS
SM
MD
LG