သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အထောက်အထားမဲ့ မြန်မာ ၁၀၀ ကျော် ထိုင်းမြောက်ပိုင်းမှာ ဖမ်းမိ


အထောက်အထားမဲ့ မြန်မာ ၁၀၀ ကျော်ကို ထိုင်းမြောက်ပိုင်းမှာ ဖမ်းဆီးထား။ (Photo: Thai Police)
အထောက်အထားမဲ့ မြန်မာ ၁၀၀ ကျော်ကို ထိုင်းမြောက်ပိုင်းမှာ ဖမ်းဆီးထား။ (Photo: Thai Police)

" အဝေးပြေးလမ်းအတိုင်း မောင်းလာတဲ့ ဘတ်စ်ကား ၄ စီးပေါ်မှာ တရားမဝင်မြန်မာ ၁၀၄ ဦး သယ်လာတယ် တစီးကို လူ ၂၀ ကနေ ၃၀ ကြားထိပါတယ်။ လူပွဲစားတွေက တင်ခေါ်လာတယ်။ တရားမဝင် နယ်စပ်ဖြတ်ကျော် ဝင်ရောက်မှု လဝက ဥပဒေအရ လူအစုလိုက်အပြုံလိုက် ၁၀၄ ယောက် မိတာဖြစ်လို့ လူကုန်ကူးမှုအရ တရားရုံးရဲ့ အဆုံးအဖြတ်ကို ခံရမှာဖြစ်ပါတယ်။"

ထိုင်းနိုင်ငံမြောက်ပိုင်း Phrae (ဖယ့်)ခရိုင် အဝေးပြေးလမ်းမကြီးပေါ်သွားနေတဲ့ ခရီးသည်တင်ကား ၄ စီးပေါ်ကနေ စာရွက်စာတမ်း အထောက်အထားမရှိတဲ့ မြန်မာ ၁၀၀ ကျော်ကို ထိုင်းရဲက ဖမ်းဆီးခဲ့ပါတယ်။ ချင်းရိုင်ခရိုင် မယ်ဆိုင်ဘက်ကနေ ထွက်ခွာလာတဲ့ ခရီးသည်တင် ကားတွေပေါ်မှာ အမျိုးသမီး အမျိုးသားနဲ့ ကလေးတွေအပါအဝင် အထောက်အထားမဲ့သူတွေကို ဖမ်းဆီးခဲ့တယ်လို့ ဖယ့်ခရိုင် ရဲတပ်ဖွဲ့ကပြောပါတယ်။ ဒီအကြောင်း ဗွီအိုအေ သတင်းထောက် မအေးအေးမာက သတင်းပေးပို့ပါတယ်။


ထိုင်းနိုင်ငံ မြောက်ပိုင်း Phrae ဖယ့်ခရိုင်ထဲက အဝေးပြေးလမ်းမကြီးပေါ်မှာသွားနေတဲ့ ခရီးသည်တင်ကားတွေကို သတင်းရလို့ ရဲတပ်ဖွဲ့က ဇွန်လ ၆ ရက် အစောပိုင်းမှာ တားဆီး စစ်ဆေးခဲ့တာပါ။ စစ်ဆေးစဉ် ကား ၄စီးပေါ်က အထောက်အထားမဲ့ မြန်မာ ၁၀၀ ကျော်ကို ဖမ်းမိခဲ့တာဖြစ်တယ်လို့ အလုပ်သမားရေးလှုပ်ရှားသူ ဦးမိုးကြိုးက အခုလိုပြောပါတယ်။

" အဝေးပြေး လမ်းအတိုင်း မောင်းနှင်လာတဲ့ ဘတ်စ်ကား ၄ စီးပေါ်မှာ တရားမဝင် မြန်မာ ၁၀၄ ဦး သယ်လာတယ် တစီးကို လူ ၂၀ ကနေ ၃၀ ကြားထိ ပါတယ်။ အဲဒါကို လူပွဲစားတွေက တင်ခေါ်လာတယ်။ တရားမဝင် နယ်စပ်ဖြတ်ကျော် ဝင်ရောက်မှု လဝက ဥပဒေအရ လူအစုလိုက်အပြုံလိုက် ၁၀၄ ယောက် မိတာဖြစ်လို့ လူကုန်ကူးမှုအရ တရားရုံးရဲ့ အဆုံးအဖြတ်ကို ခံရမှာဖြစ်ပါတယ်။"


မြန်မာပြည်တွင်းမှာ နိုင်ငံရေး စီးပွားရေး မတည်ငြိမ်မှုနဲ့ စစ်မှုထမ်းဥပဒေတွေကြောင့် လူငယ်အတော်များများဟာ အိမ်နီးချင်း ထိုင်းနိုင်ငံကို အများဆုံး ဝင်ရောက်လာတာဖြစ်တယ်လို့လည်း အလုပ်သမားအရေး ဆောင်ရွက်နေသူ ဦးအောင်ကျော်ကလည်း ပြောပါတယ်။

" ဒါက အားလုံးသိတဲ့အတိုင်း အရှေ့တောင်အာရှမှာ မြန်မာပြည်သူတွေက အိပ်ကောင်းတာမအိပ်ရ စားကောင်းတာမစားရ စစ်ဘေးစစ်ဒဏ်တွေလည်း ဖြစ်တော့ အသက်အန္တရာယ်တွေလည်း သေစေနိုင်တဲ့အတွက်ကော အသက် ၁၈ နှစ်အထက် အမျိုးသမီး အမျိုးသားတွေလည်း စစ်မှုထမ်းရမယ်ဆိုတဲ့ ဥပဒေလည်း ရှိနေတော့အားလုံးက ကိုယ့်ဘဝအတွက် လုံခြုံရအောင် အရဲစွန့်ပြီး အိမ်နီးချင်း ထိုင်းနိုင်ငံကို ထွက်လာကြတာ ဖြစ်ပါတယ်။"

မြန်မာနိုင်ငံသားတွေဟာ နယ်စပ်ယာယီဖြတ်သန်းခွင့် စာရွက်တွေကို ကိုင်ဆောင်ပြီး ထိုင်းနိုင်ငံဘက် ရောက်လာကြသူတွေ ရှိသလို၊ ပြည်ဝင်ခွင့် အထောက်အထား မရှိဘဲ ထိုင်းနိုင်ငံထဲ ဝင်ရောက်လာသူတွေလည်း ရှိပါတယ်။ အဲဒီလို ဝင်ရောက်သူတွေဟာ လူကုန်ကူးသူတွေကို ဘတ်ငွေ ၁ သောင်းခွဲအထိပေးပြီး ထိုင်းနိုင်ငံမှာ အလုပ်အကိုင်ရဖို့ လာကြသူတွေဖြစ်ပါတယ်။

အခုရက်ပိုင်းအတွင်း ထိုင်းမြန်မာနယ်စပ် ချင်းရိုင်ခရိုင်၊ မယ်ဆိုင်ကနေ ရာနဲ့ချီတဲ့ မြန်မာနိုင်ငံသားတွေ ဆက်တိုက် ဝင်ရောက်လာနေကြတာမှာ ဇွန်လ ၅ ရက်နေ့ကစပြီး ၃ ရက်အတွင်း တရားမဝင်မြန်မာ ၂၀၀ ကျော် ဖမ်းဆီးနိုင်ခဲ့တယ်လို့ ထိုင်းအာဏာပိုင်တွေက ပြောဆိုပါတယ်ရှင်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG