သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိုင်းကပြန်ပို့တဲ့ လွတ်ရက်စေ့ မြန်မာတွေ စစ်မှုထမ်းခိုင်းမှာ စိုးရိမ်


ထိုင်းနိုင်ငံထဲမှာ လွတ်ရက်စေ့တဲ့ မြန်မာအကျဉ်းသားတွေကို ကော့သောင်းမြို့ကို ဩဂုတ်လ ၇ရက်နေ့က နေရပ်ပြန်ပို့
ထိုင်း လ-ဝ-က ထုတ်ပြန်တဲ့ မှတ်တမ်း ဓာတ်ပုံ။

ထိုင်းနိုင်ငံထဲမှာလွတ်ရက်စေ့တဲ့ အကျဉ်းသားတွေကို ရနောင်း လ-ဝ-က အချုပ်ကနေ မြန်မာဘက်ခြမ်း ကော့သောင်းမြို့ကို ဩဂုတ်လ ၇ရက်နေ့က ပြန်ပို့ခဲ့ပါတယ်။ နေရာပြန်ပို့ခံရသူတချို့ဟာ သူ့နေရပ်ကိုပြန်ရောက်တဲ့အခါမှာတော့ စစ်မှုထမ်းဆင့်ခေါ်တာတွေကို ကြုံကြရတယ်လို့လည်း ဆိုပါတယ်။ ဒီသတင်းကိုဗွီအိုအေ သတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

ထိုင်းနိုင်ငံ တောင်ပိုင်းက ခရိုင်အသီးသီးမှာ ပြစ်ဒဏ်ကျခံရပြီး လွတ်ရက်စေ့သူတွေကို ရနောင်းခရိုင်၊ လ-၀-က အချုပ်မှာ ထားပြီး မြန်မာနိုင်ငံတနင်္သာရီတိုင်း ကော့သောင်းမြို့ကို ဩဂုတ်လ ၇ ရက်နေ့က ပြန်ပို့ခဲ့ပါတယ်။ ဒီထဲမှာ လွက်ရက်စေ့ မြန်မာ နိုင်ငံသား ၁၀၀ ကျော်ပါဝင်ကြောင်း ကော့သောင်းမြို့ ပညာရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်း ရွှေ့ပြောင်းအလုပ်သမား အရင်းမြစ်စင်တာ (MWRC) တာဝန်ခံ ဦးမိုးဝေက အခုလို ပြောပါတယ်။

"အားလုံး ၁၃၅ယောက် မိန်းကလေးက ၃၉ယောက်ပါတယ်။ ထိုင်းနိုင်ငံ တောင်ပိုင်းခရိုင် အသီးသီးက ဖမ်းမိလာသူတွေပါ။ အများစုက အသစ်ဝင်လာသူတွေ ဖြစ်ပါတယ်။ တချို့ကလည်း အလုပ်ရှင်မတူတာ၊ နေရာထိုင်ခင်းမတူတာတွေဖြစ်ပါတယ်။ အဲဒီမှာထောင်ကျသမားတွေ ပါတယ်။ မြန်မာနိုင်ငံကဆိုရင် ရခိုင် ပြည်နယ်၊ မွန်ပြည်နယ်၊ တနင်္သာရီတိုင်း၊ ပဲခူးတိုင်း၊ ထားဝယ်၊ ရန်ကုန်ကလူတွေ ပါ ပါတယ်။

ထိုင်းနိုင်ငံက ပြစ်ဒဏ်ကျခံပြီးပြန်လာသူတွေကို စစ်ကောင်စီက စစ်မူထမ်း ခေါ်ဆောင်သွားတယ်လို့ သတင်းရရှိတာကြောင့် ကော့သောင်းမြို့မှာပဲ တခါတည်း ခေါ်ဆောင်သွားတာဟုတ်မဟုတ်ကိုလည်းမေးမြန်းခဲ့ရာမှာတော့ အခုလိုပြောပါတယ်။

သူတို့ ရပ်ရွာရောက်မှ စစ်မှုထမ်းကိစ္စလုပ်ရတာတွေလည်းရှိတယ်။ သူတို့ကိစ္စဖြစ်ပါတယ်။ ဒီကနေ သီးသန့် ခေါ်သွားတာ မရှိပါဘူး။ ကော့သောင်းဒေသခံတွေလည်းပါတယ်။ အဲဒီဒေသခံတွေကတော့ သူတို့လွတ်လာတာနဲ့ ရပ်ကွက်အုပ်ချုပ်ရေးမူးအဖဲွ့တွေကိုအကြောင်းကြားရတယ်။ အဲဒီတော့ သူတို့ကို လိုအပ်တာတွေကိုအကြောင်းကြားရတယ် ခေါ်မယ်ဆိုတာတွေရှိတယ်။

ထိုင်းနိုင်ငံကနေ မြန်မာနိုင်ငံထဲကို နေရပ်ပြန်ပို့တာကတော့ တလမှာအနည်းဆုံးလူ ၁၀၀ကျော်ပြန်ပို့လေ့ရှိပါတယ် ။ ထိုင်းနိုင်ငံအတွင်းကအချုပ်တွေမှာလည်း ဖမ်းမိတဲ့မြန်မာတွေနဲ့ပြည့်နေပြီး ရနောင်း လ-၀-က အချုပ်မှာတော့ မြန်မာတွေ နေရပ်ပြန်ဖို့ ကြန့်ကြာနေတဲ့အတွက် မကြာခန ဆန္ဒပြတာတွေလည်းရှိနေပါတယ်။ မြန်မာဘက်က လက်ခံနိုင်တဲ့အရေအတွက်အပေါ်မူတည်ပြီး ထိုင်းဘက်ကပြန်ပို့ပေးရတာဖြစ်ကြောင်းကိုလည်း ပြောပြခဲ့ပါတယ်။

ဒီလို ထိုင်းဘက်ကပြန်လွှဲပေးတဲ့ မြန်မာတွေကို စစ်မှုထမ်းခိုင်းတယ်ဆိုတာ မဟုတ်မမှန်ကြောင်း စစ်ကောင်စီဘက်က ထ့တ်ပြန်ဖြေရှင်းထားတာကိုလည်း တွေ့ရပါတယ်။

Forum

XS
SM
MD
LG