သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဦးကျော်မိုးထွန်း ကုလ-မြန်မာ ကိုယ်စားပြု သက်တမ်းတိုးရေး တောင်းဆို


သံအမတ်ကြီး ဦးကျော်မိုးထွန်းကို ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်နေရာမှာ ဆက်လက်ထားရှိပေးဖို့ နယူးယောက်မြို့မှာ မြန်မာတွေတောင်းဆိုကြ။ (Photo: VOA)
သံအမတ်ကြီး ဦးကျော်မိုးထွန်းကို ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်နေရာမှာ ဆက်လက်ထားရှိပေးဖို့ နယူးယောက်မြို့မှာ မြန်မာတွေတောင်းဆိုကြ။ (Photo: VOA)

စစ်တပ်က အာဏာသိမ်းထားတဲ့ မြန်မာနိုင်ငံမှာ ပြည်သူတွေ ရင်ဆိုင်နေရတဲ့ လူ့အခွင့်အရေး ချိုးဖေါက် ခံရမှုနဲ့ ဒုက္ခတွေကို ကမ္ဘာကသိအောင် တင်ပြပေးနိုင်မယ့် သံအမတ်ကြီး ဦးကျော်မိုးထွန်းကို ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်နေရာမှာ ဆက်လက်ထားရှိပေးဖို့ ကနေဒါနိုင်ငံ ဗန်ကူးဘားမြို့မှာ မြန်မာတွေ စုရုံး တောင်းဆိုလိုက်ကြောင်း တက်ကြွလှုပ်ရှားသူ မစုစုထွေးက ပြောပါတယ်။

"သံအမတ်ကြီး ဦးကျော်မိုးထွန်းဟာ ပြည်သူ့ အစိုးရက ရွေးချယ်တင်မြှောက်ခဲ့တဲ့ ပြည်သူ့ ကိုယ်စားလှယ် သံအမတ်ကြီး ဖြစ်ခြင်း၊ သူ့အနေနဲ့ စစ်အာဏာသိမ်းပြီးချိန်ကတည်းက စပြီး ပြည်သူ့ဘက်က မားမားမတ်မတ် ရပ်တည်ပြီး ပြည်သူ့ အသံနဲ့ ပြည်သူရဲ့ ဆင်းရဲ ဒုက္ခများကို ပြည်သူ့ ကိုယ်စား သံအမတ်ကြီးက နိုင်ငံတကာကို တင်ပြပေးနိုင်တာကြောင့်မလို့ ကျမတို့အနေနဲ့ ဦးကျော်မိုးထွန်းကို ဆက်လက် တည်ရှိစေဖို့ ဝန်းရံ ထောက်ခံရခြင်း ဖြစ်ပါတယ်။"

၇၉ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံကို နယူးယောက်မြို့မှာ ကျင်းပနေတဲ့ တချိန်တည်းမှာပဲ ကမ္ဘာ့နိုင်ငံအသီသီးမှာရှိကြတဲ့ မြန်မာတွေက ဦးကျော်မိုးထွန်းကို ထောက်ခံကြောင်းနဲ့ သူ့ရဲ့ လက်ရှိ သံအမတ်ကြီးတာဝန်ကို ကုလသမဂ္ဂက ဆက်လက် ခန့်ထားပေးဖို့ တောင်းဆိုနေကြတာလည်း ဖြစ်ပါတယ်။ ဒါ့အပြင် ကုလသမဂ္ဂတွင်း ဆုံးဖြတ်ချက် ချနိုင်မယ့် အရေးကြီး ဆေွးနွေးပွဲတွေမှာပါ ဦးကျော်မိုးထွန်းကို တက်ရောက်ခွင့် ပေးဖို့ကိုပါ တောင်းဆို ထားကြပါတယ်။

သံအမတ်ကြီး ဦးကျော်မိုးထွန်းကို ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်နေရာမှာ ဆက်လက်ထားရှိပေးဖို့ နယူးယောက်မြို့မှာ မြန်မာတွေတောင်းဆိုကြ။ (Photo: VOA)
သံအမတ်ကြီး ဦးကျော်မိုးထွန်းကို ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်နေရာမှာ ဆက်လက်ထားရှိပေးဖို့ နယူးယောက်မြို့မှာ မြန်မာတွေတောင်းဆိုကြ။ (Photo: VOA)

ဦးကျော်မိုးထွန်းကို ထောက်ခံတဲ့ ဒီလိုဆန္ဒပြပွဲတွေကို အမေရိကန် ပြည်ထောင်စု အရှေ့ခြမ်းက နယူးယောက်၊ အနောက်ခြမ်းက ဆန်ဖရန်စစ္စကို မြို့ကြီးတွေ အပြင် ဗြိတိန်နဲ့ ကနေဒါနိုင်ငံတွေမှာပါ စနေနေ့က တပြိုင်နက် ကျင်းပခဲ့တာပါ။ ဆန်ဖရန်စစ္စကိုမြို့မှာတော့ နာမည်ကျော် Golden Gate တံတားကြီးကို အသွားအပြန် ဖြတ်ပြီး မြန်မာ့အရေးလှုပ်ရှားသူတွေ ဆန္ဒထုတ်ဖေါ်ခဲ့ကြပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

ဆက်စပ်သတင်းများ ...

XS
SM
MD
LG