သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပြည်တွင်းနဲ့ ပြည်ပရောက် မြန်မာတွေ စစ်အာဏာသိမ်း ဆန့်ကျင်ဆန္ဒပြ

စစ်အာဏာသိမ်း(၄)နှစ်ပြည့်အဖြစ် အမေရိကန်နိုင်ငံ ဝါရှင်တန်ဒီစီ မြန်မာသံရုံးရှေ့ ဆန့်ကျင်ဆန္ဒပြနေကြသူများ (Photo: Anti-Dictatorship Burma)
စစ်အာဏာသိမ်း(၄)နှစ်ပြည့်အဖြစ် အမေရိကန်နိုင်ငံ ဝါရှင်တန်ဒီစီ မြန်မာသံရုံးရှေ့ ဆန့်ကျင်ဆန္ဒပြနေကြသူများ (Photo: Anti-Dictatorship Burma)

"မအောင်မြင်တဲ့ အာဏာသိမ်းမှုကိုဆန့်ကျင်နေကြတဲ့ ကျနော်တို့နွေဦးတော်လှန်ရေးကြီးက အောင်မြင်မှုတွေရနေပြီ။ ဒါ့အပြင် ဒီအောင်မြင်နေတဲ့ နွေဦးတော်လှန်ရေး အရှိန်အဟုန်ကို ကျဆင်းသွားအောင်လို့ ဝင်ရောက်စွက်ဖက်နေကြတဲ့ အိမ်နီးချင်းနိုင်ငံတွေရဲ့ စွက်ဖက်မှုကို လုံးဝဆန့်ကျင်တယ်၊ လုံးဝ လက်မခံပါဘူးဆိုတာကို လာပြတာပါ။"

ဖေဖေါ်ဝါရီလ ၁ ရက် စနေနေ့ဟာ မြန်မာနိုင်ငံမှာ စစ်တပ် အာဏာသိမ်းတာ ၄ နှစ်ပြည့်တဲ့နေ့ဖြစ်ပြီး အာဏာသိမ်းမှုကို လက်မခံတဲ့ ပြည်သူတွေက ပြည်တွင်းမှာ လုံခြုံရေး တင်းကျပ်တဲ့ကြားက ဆန္ဒထုတ်ဖေါ်နေကြတာ တွေ့ရသလို ၊ ပြည်ပရောက် မြန်မာတွေကလည်း နိုင်ငံအသီးသီးက မြန်မာသံရုံးတွေ ရှေ့မှာ ဆန္ဒပြကြပါတယ်။ အမေရိကန်နိုင်ငံ ဝါရှင်တန်ဒီစီ မြန်မာသံရုံးနဲ့ တရုတ်သံအမတ်ကြီးနေအိမ် ရှေ့တွေမှာ ဆန္ဒထုတ်ဖေါ်ခဲ့ကြတယ်လို့ လှုပ်ရှားမှုကို ဦးဆောင်သူ ကိုယဥ်အေးက ပြောပါတယ်။

" မအောင်မြင်တဲ့ အာဏာသိမ်းမှုကို ဆန့်ကျင်နေကြတဲ့ ကျနော်တို့ နွေဦးတော်လှန်ရေးကြီးက အောင်မြင်မှုတွေ ရနေပြီ။ ဒါ့အပြင် ဒီအောင်မြင်နေတဲ့ နွေဦးတော်လှန်ရေး အရှိန်အဟုန်ကို ကျဆင်းသွားအောင်လို့ ဝင်ရောက်စွက်ဖက်နေကြတဲ့ အိမ်နီးချင်းနိုင်ငံတွေရဲ့ စွက်ဖက်မှုကို လုံးဝ ဆန့်ကျင်တယ်၊ လုံးဝ လက်မခံပါဘူးဆိုတာကို လာပြတာပါ။ အထူးသဖြင့် တရုတ်ပေါ့နော်။ နောက်ပြီးတော့ နိုင်ငံတကာက နေပြီးတော့မှ အမေရိကန်အပါအဝင် နိုင်ငံပေါင်းစုံက ဒီနေ့မှာပဲ ကြေညာချက်တစောင် ထွက်လာပါတယ်။ အားလုံး ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ဖြေရှင်းကြပါလို့ ပြောထားတယ်။ ဒီနေရာမှာ သူတို့ပြောသလို အပစ်ရပ်ငြိမ်းချမ်းရေးဆိုတာ ကျနော်တို့လည်း လိုလားတယ်၊ တိုင်းရင်းသာ EAO တွေလည်း လိုလားကြပါတယ် ဒါပေမဲ့ အပစ်ရပ်တိုင်းမှာ စပြီး ချိုးဖေါက်နေတာက စစ်ကောင်စီ ဖြစ်နေပါတယ်။ ဘယ်သူကမှ သူတို့ရဲ့ ချိုးဖေါက်မှုကို မတားဆီးနိုင်ပါဘူး။ ဒါကြောင့်မို့လို့ ကျနော်တို့အနေနဲ့ကတော့ အဆုံးထိသွားမယ့် ဒီနွေဦးတော်လှန်ရေးကို နိုင်ငံတကာကနေ အပြည့်အဝ ထောက်ခံအားပေးမှုတွေ ပေးကြဖို့တောင်းဆိုတဲ့အနေနဲ့ ဆန္ဒပြနေတာ ဖြစ်ပါတယ်။ "

စစ်အာဏာသိမ်း(၄)နှစ်ပြည့်အဖြစ် အမေရိကန်နိုင်ငံ ဝါရှင်တန်ဒီစီ မြန်မာသံရုံးရှေ့ ဆန့်ကျင်ဆန္ဒပြနေကြသူများ (Photo: Anti-Dictatorship Burma)
စစ်အာဏာသိမ်း(၄)နှစ်ပြည့်အဖြစ် အမေရိကန်နိုင်ငံ ဝါရှင်တန်ဒီစီ မြန်မာသံရုံးရှေ့ ဆန့်ကျင်ဆန္ဒပြနေကြသူများ (Photo: Anti-Dictatorship Burma)

လက်နက်ကိုင် တွန်းလှန်နေသူတွေဘက်က နယ်မြေ အတော်များများကို ထိန်းချုပ်ထားနိုင်ပြီဖြစ်ပေမယ့် အခုလို ခုခံနေသူတွေရဲ့ နွေဦးတော်လှန်ရေးကို နိုင်ငံတကာက ဝိုင်းဝန်းပံ့ပိုးမှု တိုးလာစေဖို့ အခုလို ဆန္ဒထုတ်ဖေါ်ကြတာ ဖြစ်ပါတယ်။ ဝါရှင်တန် ဒီစီက ဆန္ဒပြပွဲကို အနီးဝန်းကျင် ပြည်နယ်တွေက ရာနဲ့ချီတဲ့ မြန်မာတွေပါ လာရောက်ပူးပေါင်းကြသလို အမေရိကန် တခြားမြို့ကြီးတွေမှာလည်း ဆန္ဒထုတ်ဖေါ်ခဲ့ကြတာပါ။

ဒါ့အပြင် ဗြိတိန်၊ ဂျာမဏီ၊ နယ်သာလန် အပါအဝင် ဥရောပ နိုင်ငံအမျာအပြားနဲ့ ထိုင်း၊ ဂျပန်၊ တောင်ကိုရီးယားအပါအဝင် အာရှတိုက် နိုင်ငံတွေက မြို့ကြီးတွေမှာပါ မြန်မာတွေ စုဝေး ဆန္ဒပြ တောင်းဆိုခဲ့ကြတာဖြစ်ပါတယ်။

စစ်အာဏာသိမ်း(၄)နှစ်ပြည့်အဖြစ် ဂျပန်နိုင်ငံ တိုကျိုမြို့ မြန်မာသံရုံးရှေ့သို့ ချီတက် ဆန္ဒပြကြသူများ (Photo: Jame Thanlwin/ Thi Ha Aung)

အာဏာသိမ်းချိန်ကတည်းက အဖမ်းခံနေရတဲ့ နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်ရဲ့ သားဖြစ်သူ ကိုထိန်လင်း(ကင်မ် အဲရစ်)ကလည်း မိခင်နဲ့တကွ နိုင်ငံရေး အကျဉ်းသားအားလုံးကို ပြန်လွှတ်ပေးဖို့ ဗြိတိန် လန်ဒန်မြို့က မြန်မာသံရုံးကို သွားရောက်ပြီး ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံ လိပ်မူထားတဲ့ စာကို ပေးပို့ခဲ့ပါတယ်။

စစ်အာဏာသိမ်းထားတဲ့အတွက် မြန်မာပြည်သူတွေရဲ့ အခွင့်အရေးတွေ၊ ဒီမိုကရေစီ မျှော်လင့်ချက်တွေနဲ့ ပြည်သူတွေရဲ့ လွတ်လပ်မှုတွေပါ ဆုံးရှုံးသွားခဲ့ရတယ်လို့ အမေရိကန်၊ ကနေဒါ၊ ယူကေ၊ ဥရောပသမဂ္ဂ၊ သြစတြေးလျ၊ နယူးဇီလန်၊ နော်ဝေး၊ ဆွစ်ဇာလန်နဲ့ တောင်ကိုရီးယားနိုင်ငံတို့က စနေနေ့မှာပဲ ပူးတွဲကြေညာချက် ထုတ်ပြန်ပြောဆိုခဲ့ပါတယ်။

စစ်အာဏာသိမ်း(၄)နှစ်ပြည့်အဖြစ် တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့ မြန်မာသံရုံးရှေ့ ဆန့်ကျင်ဆန္ဒပြကြသူများ (Photo: NUG S Korea Branch)
စစ်အာဏာသိမ်း(၄)နှစ်ပြည့်အဖြစ် တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့ မြန်မာသံရုံးရှေ့ ဆန့်ကျင်ဆန္ဒပြကြသူများ (Photo: NUG S Korea Branch)

စစ်အာဏာသိမ်း(၄)နှစ်ပြည့်အဖြစ် တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့ မြန်မာသံရုံးရှေ့သို့ ချီတက်ဆန္ဒပြကြသူများ (Photo: NUG S Korea Branch)
စစ်အာဏာသိမ်း(၄)နှစ်ပြည့်အဖြစ် တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့ မြန်မာသံရုံးရှေ့သို့ ချီတက်ဆန္ဒပြကြသူများ (Photo: NUG S Korea Branch)

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG