သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

Abu Dhabi ၿမိဳ႕ ပစ္မွတ္ထားတဲ့ ဒုံးႏွစ္စီးကို ဖ်က္ခ်ႏိုင္ခဲ့


ျပီးခဲ့တဲ့ အပတ္က Houthi သူပုန္ေတြ ဒံုးက်ည္နဲ ့တိုက္ခိုက္ခဲ့တဲ့ ေဆာ္ဒီနိုင္ငံ အဘူဒါဘီက ေလာင္စာဆီ သိုေလွာင္ရာ ေနရာတစ္ေနရာ (ဓာတ္ပံု- AFP)

Abu Dhabi ၿမိဳ႕ ကို ပစ္မွတ္ထားတဲ့ ပဲ့ထိန္းတပ္ ဒုံးက်ည္ ၂ စင္း ကို ၾကားျဖတ္ တိုက္ခဲ့တယ္လို႔ ယူေအအီး ႏိုင္ငံ က တနလၤာေန႔ က ေျပာပါတယ္။ ဒုံးက်ည္ ရဲ႕ အပိုင္းအစေတြ က အႏၲရာယ္ မရွိ က်ေရာက္ခဲ့ၿပီး ဘယ္သူ႔ ကို မွ မထိခိုက္ခဲ့ဘူး လို႔ ယူေအအီး ကာကြယ္ေရး ဝန္ႀကီးဌာန က ေျပာပါတယ္။ ယူေအအီး ႏိုင္ငံ ဟာ “ၿခိမ္းေျခာက္မႈ မွန္သမွ် ကို ရင္ဆိုင္ဖို႔ အသင့္ရွိၿပီး၊ ႏိုင္ငံေတာ္ ကာကြယ္ေရး အတြက္ လိုအပ္တဲ့ ကိစၥမွန္သမွ် ေဆာင္႐ြက္မယ္” လို႔ ကာကြယ္ေရး ဝန္ႀကီးဌာန က ဆိုပါတယ္။

အဘူဒါဘီ က ေလာင္စာဆီ သိုေလွာင္ရာ ေနရာတစ္ေနရာ ကို ပစ္ခတ္ခဲ့တယ္လို႔ ယီမင္ ႏိုင္ငံ က Houthi သူပုန္ေတြ က ၿပီးခဲ့တဲ့ အပတ္ က ေျပာပါတယ္။ ဒီ တိုက္ခိုက္မႈမွာ လူ သုံးေယာက္ ေသဆုံးခဲ့ၿပီး ၆ ေယာက္ ဒဏ္ရာရခဲ့ပါတယ္။

ၿပီးခဲ့တဲ့ အပတ္ တိုက္ခိုက္မႈေတြ ကတည္းက ယီမင္မွာ ရွိတဲ့ Houthi သူပုန္ေတြ တပ္စြဲထားရာ ေနရာေတြ ကို ေဆာ္ဒီ အာေရဗ် ဦးေဆာင္တဲ့ မဟာမိတ္အဖြဲ႕ က ေလေၾကာင္း က တိုက္ခိုက္ခဲ့ရာမွာ ယူေအအီးလည္း ပါဝင္ခဲ့ပါတယ္.

Houthiေတြ ပစ္ခတ္ခဲ့တဲ့ ပဲ့ထိန္းတပ္ ဒုံးက်ည္ ဟာ ေဆာ္ဒီ အာေရဗ် ေတာင္ပိုင္း ကို က်ေရာက္ခဲ့ၿပီး အနည္းဆုံး လူ တစ္ေယာက္ ဒဏ္ရာရခဲ့တယ္လို႔ ေဆာ္ဒီ အာေရဗ် ႏိုင္ငံေတာ္ပိုင္မီဒီယာ က တနဂၤေႏြ ေန႔ က သတင္းေဖာ္ျပပါတယ္။

.....................................................................

တိုက္႐ိုက္ လင့္ခ္


Abu Dhabi မြို့ ပစ်မှတ်ထားတဲ့ ဒုံးနှစ်စီးကို ဖျက်ချနိုင်ခဲ့

(Unicode)

Abu Dhabi မြို့ ကို ပစ်မှတ်ထားတဲ့ ပဲ့ထိန်းတပ် ဒုံးကျည် ၂ စင်း ကို ကြားဖြတ် တိုက်ခဲ့တယ်လို့ ယူအေအီး နိုင်ငံ က တနင်္လာနေ့ က ပြောပါတယ်။

ဒုံးကျည် ရဲ့ အပိုင်းအစတွေ က အန္တရာယ် မရှိ ကျရောက်ခဲ့ပြီး ဘယ်သူ့ ကို မှ မထိခိုက်ခဲ့ဘူး လို့ ယူအေအီး ကာကွယ်ရေး ဝန်ကြီးဌာန က ပြောပါတယ်။ ယူအေအီး နိုင်ငံ ဟာ “ခြိမ်းခြောက်မှု မှန်သမျှ ကို ရင်ဆိုင်ဖို့ အသင့်ရှိပြီး၊ နိုင်ငံတော် ကာကွယ်ရေး အတွက် လိုအပ်တဲ့ ကိစ္စမှန်သမျှ ဆောင်ရွက်မယ်” လို့ ကာကွယ်ရေး ဝန်ကြီးဌာန က ဆိုပါတယ်။

အဘူဒါဘီ က လောင်စာဆီ သိုလှောင်ရာ နေရာတစ်နေရာ ကို ပစ်ခတ်ခဲ့တယ်လို့ ယီမင် နိုင်ငံ က Houthi သူပုန်တွေ က ပြီးခဲ့တဲ့ အပတ် က ပြောပါတယ်။ ဒီ တိုက်ခိုက်မှုမှာ လူ သုံးယောက် သေဆုံးခဲ့ပြီး ၆ ယောက် ဒဏ်ရာရခဲ့ပါတယ်။

ပြီးခဲ့တဲ့ အပတ် တိုက်ခိုက်မှုတွေ ကတည်းက ယီမင်မှာ ရှိတဲ့ Houthi သူပုန်တွေ တပ်စွဲထားရာ နေရာတွေ ကို ဆော်ဒီ အာရေဗျ ဦးဆောင်တဲ့ မဟာမိတ်အဖွဲ့ က လေကြောင်း က တိုက်ခိုက်ခဲ့ရာမှာ ယူအေအီးလည်း ပါဝင်ခဲ့ပါတယ်.

Houthiတွေ ပစ်ခတ်ခဲ့တဲ့ ပဲ့ထိန်းတပ် ဒုံးကျည် ဟာ ဆော်ဒီ အာရေဗျ တောင်ပိုင်း ကို ကျရောက်ခဲ့ပြီး အနည်းဆုံး လူ တစ်ယောက် ဒဏ်ရာရခဲ့တယ်လို့ ဆော်ဒီ အာရေဗျ နိုင်ငံတော်ပိုင် မီဒီယာ က တနင်္ဂနွေ နေ့ က သတင်းဖော်ပြပါတယ်။

XS
SM
MD
LG