သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ရေသ့ေတာင္ ဒံုးပိုက္နယ္ျခားေစာင့္ရဲစခန္း တိုက္ခိုက္ခံရၿပီး ေဒသခံေတြ ထြက္ေျပးေန


၄-၁-၂၀၁၉ ရက္ေန႔က ရဲကင္းစခန္း ၄ ခုကုိ ရခုိင့္တပ္မေတာ္ AA အဖြဲ႔ အၾကမ္းဖက္ ဝင္ေရာက္တုိက္ခိုက္ခဲ့တဲ့ မွတ္တမ္းဓာတ္ပံု။ (ဓာတ္ပုံ - MOI)

(Zawgyi / Unicode)

ရခိုင္ျပည္နယ္ ရေသ့ေတာင္ၿမိဳ႕နယ္၊ ဒုံးပိုက္နယ္ျခားေစာင့္ရဲစခန္းကို ဒီကေန႔မနက္ပိုင္းမွာ AA ဘက္က ဝင္တိုက္တာေၾကာင့္ ေဒသခံရြာသားေတြ တိမ္းေရွာင္ေနရပါတယ္။ အျပည့္အစုံကို ႏုိင္ကြန္းအိန္ တင္ျပေပးထားပါတယ္။

ရေသ့ေတာင္ၿမိဳ႕နယ္က ဒုံးပိုက္နယ္ျခားေစာင့္ရဲစခန္းကို ဒီမနက္မွာ AA ရခိုင္လက္နက္ကိုင္အဖြဲ႔က ၀င္ေရာက္တိုက္ခိုက္ခဲ့တယ္လို႔ တပ္မေတာ္ေျပာခြင့္ရ ဗိုလ္မွဴးခ်ဳပ္ေဇာ္မင္းထြန္းက ေျပာပါတယ္။

“ဒီေန႔မနက္ ၅ နာရီခြဲေလာက္မွာ အငူေမာ္ေဒသမွာရွိတဲ့ ဒုံးပိုက္ရဲကင္းစခန္း ၿမိဳ႕နယ္ကေတာ့ ရေသ့ေတာင္ၿမိဳ႕နယ္ထဲမွာ ပါမယ္။ အဲဒီဘက္ ရဲကင္းစခန္းကို AA အၾကမ္းဖက္ေသာင္းက်န္းသူေတြက လာေရာက္ပစ္ခတ္ခဲ့တာ ရွိတယ္။ တိုက္ပြဲကေတာ့ ၁၀ မိနစ္ ၁၅ မိနစ္ ျဖစ္ၿပီးေတာ့ အေရွ႕ဘက္ကို AA အၾကမ္းဖက္ေသာင္းက်န္းသူေတြ ဆုတ္ခြာထြက္ေျပးသြားတယ္။ က်ေနာ္တုိ႔ ထိခိုက္ဒဏ္ရာရရွိမႈ မရွိပါဘူး။ တပ္မေတာ္နဲ႔ ျမန္မာႏုိင္ငံရဲတပ္ဖြဲ႔နဲ႔ လုံၿခံဳေရးဆိုင္ရာ လုပ္ငန္းမ်ား ဆက္လက္ေဆာင္ရြက္လ်က္ ရွိပါတယ္။”

ဒုံးပိုက္ေက်းရြာ အုပ္ခ်ဳပ္ေရးမွဴးကေတာ့ ပစ္ခတ္သံၾကားတာနဲ႔ ရြာသားေတြ နီးစပ္ရာကို ထြက္ေျပးေနရတယ္လို႔ ဆိုပါတယ္။

“မနက္ ၅ နာရီ ၁၃ ေလာက္မွာ ျဖစ္တယ္ဆိုေတာ့ ရြာသားေတြ ေၾကာက္ၿပီးေတာ့ အကုန္လုံး နီးစပ္ရာ ေဆြမ်ိဳးရွိရာ တိမ္းေရွာင္ေနတာေပါ့။ ေအာင္ဗလရယ္ ဆင္ဗိုက္ရယ္ စစ္ေတြဘက္ကိုလည္း သြားတဲ့သူ သြားပါတယ္။ အိမ္ေတြေတာ့ လူေတြေတာ့ မထိပါဘူး။ ရြာသားေတြအတြက္။”

ဒီပစ္ခတ္တိုက္ခိုက္မႈအတြင္း ရဲစခန္းဘက္ ထိခိုက္မႈ အေျခအေနေတာ့ မသိရသလို ရဲစခန္းဘက္ကို သြားလာသူေတြလည္း မရွိဘူးလို႔ သူက ဆိုပါတယ္။

ေဒသခံ အမ်ိဳးသားလႊတ္ေတာ္ကိုယ္စားလွယ္ ဦးခင္ေမာင္လတ္ကေတာ့ ဒီတိုက္ခိုက္မႈအတြင္း ထိခိုက္မႈ အေျခအေန ရွိႏုိင္တယ္လို႔ ဆိုပါတယ္။

“လူနာတင္ကား ၂ စီးေတာ့ ေရာက္လာတယ္။ ျဖတ္သြားတယ္လို႔ေတာ့ ၾကားတယ္။ အဲဒီ အငူေမာ္ကတဆင့္ စစ္ေတြဘက္ေပါ့။ စခန္းေတာ့ က်မသြားဘူးထင္တယ္။”

ရခိုင္လက္နက္ကိုင္ AA အဖြဲ႔ ေျပာခြင့္ရ ခိုင္သုခကေတာ့ ဒုံးပိုက္နယ္ျခားေစာင့္ရဲစခန္း တိုက္ခိုက္ခံရတဲ့ျဖစ္စဥ္ အေျခအေနကို မသိရွိေသးဘူးလို႔ ဆိုပါတယ္။

ၿပီးခဲ့တဲ့ ေမလ ၂ ရက္ေန႔ကလည္း ဒံုးပိုက္ေက်းရြာအနီးမွာ နယ္ျခားေစာင့္ရဲတပ္ဖြဲ႔ဝင္တခ်ိဳ႕နဲ႔ AA တို႔ ပစ္ခတ္မႈ ျဖစ္ပြားခဲ့ၿပီးေတာ့ နယ္ျခားေစာင့္ရဲတပ္ဖြဲ႔ဝင္ ၂ ဦး ဒဏ္ရာရရွိသြားခဲ့ပါတယ္။

ေမလ ၂၉ ရက္ေန႔မွာလည္း ရေသ့ေတာင္ၿမိဳ႕နယ္က သဇင္ၿမိဳင္ နယ္ျခားေစာင့္ ကင္းစခန္းကို အင္အား ၁၀၀ ေလာက္ရွိတဲ့ ရခိုင္လက္နက္ကိုင္ AA အဖြဲ႔ကေန ၀င္ေရာက္တိုက္ခိုက္ခဲ့ၿပီး ရဲတပ္ဖြဲ႔၀င္ ၆ ဦးနဲ႔ မိသားစု၀င္ ၃ ဦးကို ဖမ္းဆီးသြားခဲ့ပါတယ္။ ဒီတိုက္ခိုက္မႈမွာ ရဲတပ္ဖြဲ႔၀င္ အနည္းဆုံး ၄ ဦး က်ဆုံးခဲ့ပါတယ္။ ေနာက္တရက္မွာ မိသားစုဝင္ေတြကို ျပန္လႊတ္ေပးခဲ့ေပမယ့္ ရဲတပ္ဖြဲ႔ဝင္ေတြကို ခုခ်ိန္ထိ ဖမ္းဆီးထားဆဲရွိၿပီး သူတို႔အေျခအေန အတိအက်ကိုလည္း မသိရေသးပါဘူး။

ရခိုင္လက္နက္ကိုင္ AA ဘက္ကေန ၂၀၁၉ ခုႏွစ္၊ ဇန္နဝါရီ ၄ ရက္ေန႔မွာ ဘူးသီးေတာင္ၿမိဳ႕နယ္ရွိ ကထီးလွ၊ ငျမင္းေဘာ္၊ ဂုပၸိနဲ႔ ေက်ာက္ေတာင္ ရဲကင္းစခန္း ၄ ခုကုိလည္းေကာင္း၊ မတ္လ ၉ ရက္မွာ ပုဏၰားကၽြန္းၿမိဳ႕နယ္ရွိ ယိုးတ႐ုတ္ ရဲကင္းစခန္းကုိလည္းေကာင္း၊ ဧၿပီလ ၁၀ ရက္မွာ ေျမာက္ဦးၿမိဳ႕ရွိ ရဲတပ္ရင္းဌာနခ်ဳပ္ကုိလည္းေကာင္း၊ ဇူလိုင္လ ၁၆ ရက္ေန႔မွာ ဘူးသီးေတာင္ၿမိဳ႕နယ္ရွိ ေညာင္ေခ်ာင္း နယ္ေျမရဲကင္းစခန္းကိုလည္းေကာင္း ၀င္ေရာက္တိုက္ခိုက္ခဲ့ရာ ရဲတပ္ဖြဲ႔ဝင္ ၂၅ ဦး က်ဆုံးၿပီး ၁၆ ဦး ဒဏ္ရာရရွိခဲ့ၿပီးေတာ့ ရဲတပ္ဖြဲ႔ဝင္အခ်ိဳ႕နဲ႔ မိသားစုဝင္အခ်ိဳ႕ ဖမ္းဆီးျခင္း ခံခဲ့ရတယ္လို႔ တပ္မေတာ္ဘက္က သတင္းထုတ္ျပန္ထားပါတယ္။

ရခိုင္ျပည္နယ္အတြင္း ျမန္မာစစ္တပ္နဲ႔ AA အဖြဲ႔တို႔အၾကား တႏွစ္ေက်ာ္အၾကာ စစ္ေရးတင္းမာမႈ ျဖစ္စဥ္အတြင္း အရပ္သား ၂ သိန္းနီးပါး စစ္ေဘးတိမ္းေရွာင္ေနရၿပီး တိုက္ပြဲစဥ္အတြင္း အရပ္သားေတြ ေသဆုံး ဒဏ္ရာရရွိမႈကလည္း မ်ားျပားလာေနပါတယ္။

တိုက္႐ိုက္ လင့္ခ္

----------------------------

(Unicode)

ရသေ့တောင် ဒုံးပိုက်နယ်ခြားစောင့်ရဲစခန်း တိုက်ခိုက်ခံရပြီး ဒေသခံတွေ ထွက်ပြေးနေ

ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ်၊ ဒုံးပိုက်နယ်ခြားစောင့်ရဲစခန်းကို ဒီကနေ့မနက်ပိုင်းမှာ AA ဘက်က ဝင်တိုက်တာကြောင့် ဒေသခံရွာသားတွေ တိမ်းရှောင်နေရပါတယ်။ အပြည့်အစုံကို နိုင်ကွန်းအိန် တင်ပြပေးထားပါတယ်။

ရသေ့တောင်မြို့နယ်က ဒုံးပိုက်နယ်ခြားစောင့်ရဲစခန်းကို ဒီမနက်မှာ AA ရခိုင်လက်နက်ကိုင်အဖွဲ့က ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ တပ်မတော်ပြောခွင့်ရ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ပြောပါတယ်။

“ဒီနေ့မနက် ၅ နာရီခွဲလောက်မှာ အငူမော်ဒေသမှာရှိတဲ့ ဒုံးပိုက်ရဲကင်းစခန်း မြို့နယ်ကတော့ ရသေ့တောင်မြို့နယ်ထဲမှာ ပါမယ်။ အဲဒီဘက် ရဲကင်းစခန်းကို AA အကြမ်းဖက်သောင်းကျန်းသူတွေက လာရောက်ပစ်ခတ်ခဲ့တာ ရှိတယ်။ တိုက်ပွဲကတော့ ၁၀ မိနစ် ၁၅ မိနစ် ဖြစ်ပြီးတော့ အရှေ့ဘက်ကို AA အကြမ်းဖက်သောင်းကျန်းသူတွေ ဆုတ်ခွာထွက်ပြေးသွားတယ်။ ကျနော်တို့ ထိခိုက်ဒဏ်ရာရရှိမှု မရှိပါဘူး။ တပ်မတော်နဲ့ မြန်မာနိုင်ငံရဲတပ်ဖွဲ့နဲ့ လုံခြုံရေးဆိုင်ရာ လုပ်ငန်းများ ဆက်လက်ဆောင်ရွက်လျက် ရှိပါတယ်။”

ဒုံးပိုက်ကျေးရွာ အုပ်ချုပ်ရေးမှူးကတော့ ပစ်ခတ်သံကြားတာနဲ့ ရွာသားတွေ နီးစပ်ရာကို ထွက်ပြေးနေရတယ်လို့ ဆိုပါတယ်။

“မနက် ၅ နာရီ ၁၃ လောက်မှာ ဖြစ်တယ်ဆိုတော့ ရွာသားတွေ ကြောက်ပြီးတော့ အကုန်လုံး နီးစပ်ရာ ဆွေမျိုးရှိရာ တိမ်းရှောင်နေတာပေါ့။ အောင်ဗလရယ် ဆင်ဗိုက်ရယ် စစ်တွေဘက်ကိုလည်း သွားတဲ့သူ သွားပါတယ်။ အိမ်တွေတော့ လူတွေတော့ မထိပါဘူး။ ရွာသားတွေအတွက်။”

ဒီပစ်ခတ်တိုက်ခိုက်မှုအတွင်း ရဲစခန်းဘက် ထိခိုက်မှု အခြေအနေတော့ မသိရသလို ရဲစခန်းဘက်ကို သွားလာသူတွေလည်း မရှိဘူးလို့ သူက ဆိုပါတယ်။

ဒေသခံ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်လတ်ကတော့ ဒီတိုက်ခိုက်မှုအတွင်း ထိခိုက်မှု အခြေအနေ ရှိနိုင်တယ်လို့ ဆိုပါတယ်။

“လူနာတင်ကား ၂ စီးတော့ ရောက်လာတယ်။ ဖြတ်သွားတယ်လို့တော့ ကြားတယ်။ အဲဒီ အငူမော်ကတဆင့် စစ်တွေဘက်ပေါ့။ စခန်းတော့ ကျမသွားဘူးထင်တယ်။”

ရခိုင်လက်နက်ကိုင် AA အဖွဲ့ ပြောခွင့်ရ ခိုင်သုခကတော့ ဒုံးပိုက်နယ်ခြားစောင့်ရဲစခန်း တိုက်ခိုက်ခံရတဲ့ဖြစ်စဉ် အခြေအနေကို မသိရှိသေးဘူးလို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ မေလ ၂ ရက်နေ့ကလည်း ဒုံးပိုက်ကျေးရွာအနီးမှာ နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင်တချို့နဲ့ AA တို့ ပစ်ခတ်မှု ဖြစ်ပွားခဲ့ပြီးတော့ နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင် ၂ ဦး ဒဏ်ရာရရှိသွားခဲ့ပါတယ်။

မေလ ၂၉ ရက်နေ့မှာလည်း ရသေ့တောင်မြို့နယ်က သဇင်မြိုင် နယ်ခြားစောင့် ကင်းစခန်းကို အင်အား ၁၀၀ လောက်ရှိတဲ့ ရခိုင်လက်နက်ကိုင် AA အဖွဲ့ကနေ ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး ရဲတပ်ဖွဲ့ဝင် ၆ ဦးနဲ့ မိသားစုဝင် ၃ ဦးကို ဖမ်းဆီးသွားခဲ့ပါတယ်။ ဒီတိုက်ခိုက်မှုမှာ ရဲတပ်ဖွဲ့ဝင် အနည်းဆုံး ၄ ဦး ကျဆုံးခဲ့ပါတယ်။ နောက်တရက်မှာ မိသားစုဝင်တွေကို ပြန်လွှတ်ပေးခဲ့ပေမယ့် ရဲတပ်ဖွဲ့ဝင်တွေကို ခုချိန်ထိ ဖမ်းဆီးထားဆဲရှိပြီး သူတို့အခြေအနေ အတိအကျကိုလည်း မသိရသေးပါဘူး။

ရခိုင်လက်နက်ကိုင် AA ဘက်ကနေ ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီ ၄ ရက်နေ့မှာ ဘူးသီးတောင်မြို့နယ်ရှိ ကထီးလှ၊ ငမြင်းဘော်၊ ဂုပ္ပိနဲ့ ကျောက်တောင် ရဲကင်းစခန်း ၄ ခုကိုလည်းကောင်း၊ မတ်လ ၉ ရက်မှာ ပုဏ္ဏားကျွန်းမြို့နယ်ရှိ ယိုးတရုတ် ရဲကင်းစခန်းကိုလည်းကောင်း၊ ဧပြီလ ၁၀ ရက်မှာ မြောက်ဦးမြို့ရှိ ရဲတပ်ရင်းဌာနချုပ်ကိုလည်းကောင်း၊ ဇူလိုင်လ ၁၆ ရက်နေ့မှာ ဘူးသီးတောင်မြို့နယ်ရှိ ညောင်ချောင်း နယ်မြေရဲကင်းစခန်းကိုလည်းကောင်း ဝင်ရောက်တိုက်ခိုက်ခဲ့ရာ ရဲတပ်ဖွဲ့ဝင် ၂၅ ဦး ကျဆုံးပြီး ၁၆ ဦး ဒဏ်ရာရရှိခဲ့ပြီးတော့ ရဲတပ်ဖွဲ့ဝင်အချို့နဲ့ မိသားစုဝင်အချို့ ဖမ်းဆီးခြင်း ခံခဲ့ရတယ်လို့ တပ်မတော်ဘက်က သတင်းထုတ်ပြန်ထားပါတယ်။

ရခိုင်ပြည်နယ်အတွင်း မြန်မာစစ်တပ်နဲ့ AA အဖွဲ့တို့အကြား တနှစ်ကျော်အကြာ စစ်ရေးတင်းမာမှု ဖြစ်စဉ်အတွင်း အရပ်သား ၂ သိန်းနီးပါး စစ်ဘေးတိမ်းရှောင်နေရပြီး တိုက်ပွဲစဉ်အတွင်း အရပ်သားတွေ သေဆုံး ဒဏ်ရာရရှိမှုကလည်း များပြားလာနေပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG