ရခိုင္ျပည္နယ္မွာေနထိုင္တဲ့ ခ်င္းလူမ်ိဳးစုေတြအေပၚမွာ ရခိုင္လက္နက္ကိုင္ AA အဖြဲ႕ရဲ႕ ေအာက္ေျခတပ္သားေတြ လူ႔အခြင့္အေရးခ်ိဳးေဖာက္မႈေတြ က်ဴးလြန္ေနတယ္လို႔ ခ်င္းႏိုင္ငံေရးဦးေဆာင္ေကာ္မတီ(ရခိုင္ျပည္နယ္)က မေန႔က စြပ္စြဲထုတ္ျပန္ပါတယ္။ ရခိုင္လက္နက္ကိုင္ AA အဖြဲ႕ဖက္ကေတာ့ ထုတ္ျပန္ခ်က္နဲ႔ ပတ္သတ္ၿပီး စုံစမ္းစစ္ေဆးမႈေတြ လုပ္ေနသလို ျပစ္မႈထင္ရွားရင္ က်ဴးလြန္သူေတြကို အျပစ္ေပးသြားမယ္လို႔ ေျပာဆိုထားပါတယ္။ ဒီအေၾကာင္းသတင္းေပးပို႔ထားတာ ကိုသားၫြန႔္ဦး ေျပာျပပါမယ္။
ၿပီးခဲ့တဲ့ ဇန္နဝါရီလ ၃၀ရက္ေန႔က ေျမပုံၿမိဳ႕နယ္ တုတ္ေခ်ာင္းေက်း႐ြာက ခ်င္းေဒသခံ ၂ ဦးကို ရခိုင္လက္နက္ကိုင္ AA အဖြဲ႕က ဖုန္းနဲ႔ဆင့္ေခၚၿပီး အေၾကာင္းျပခ်က္မရွိ လက္ျပန္ႀကိဳးတုတ္ အုပ္စုလိုက္႐ိုက္ႏွက္ၾကခဲ့တယ္လို႔ ခ်င္းႏိုင္ငံေရးဦးေဆာင္ေကာ္မတီ(CPSC)က မေန႔က ထုတ္ျပန္ထားပါတယ္။ AA ေအာက္ေျခတပ္သားေတြရဲ႕ ႐ိုက္နက္မႈေၾကာင့္ ေဒသခံတစ္ဦး သတိေမ့သြားခဲ့ၿပီး ဒီကေန႔အထိ ေဆး႐ုံမွာ ေဆးကုသမႈခံယူေနရတယ္လို႔ လည္း ထုတ္ျပန္ခ်က္မွာ ေဖာ္ျပထားပါတယ္။
ခ်င္းႏိုင္ငံေရးဦးေဆာင္ေကာ္မတီ(ရခိုင္ျပည္နယ္)ရဲ႕ ထုတ္ျပန္ခ်က္ နဲ႔ ပတ္သတ္ၿပီး ရခိုင္လက္ နက္ကိုင္ AA အဖြဲ႕အေနနဲ႔ ေအာက္ေျခမွာ စုံစမ္းစစ္ေဆးမႈေတြ ျပဳလုပ္ေနတယ္လို႔ ရခိုင္လက္နက္ကိုင္ AA အဖြဲ႕ေျပာခြင့္ရ ခိုင္သုခကေျပာပါတယ္။
“ သူတို႔ဖက္က စြပ္စြဲ ထုတ္ျပန္ထားသလိုမ်ိဳး ေျမျပင္မွာ တကယ္က်ဳးလြန္တာ ရွိမရွိဆိုတာကို က်ေနာ္တို႔ဖက္က ဆက္လက္ၿပီးေတာ့ စုံစမ္းစစ္ေဆးမႈေတြ လုပ္ေဆာင္ေနတာေတြရွိတယ္၊ ဒါေၾကာင့္မလို႔ အခုေလာေလာဆယ္ သူတို႔ဖက္က ထုတ္ျပန္ထားသလိုမ်ိဳး ေျမျပင္မွာ က်ဴးလြန္တာရွိမရွိဆိုတာကိုေတာ့ ေလာေလာဆယ္ေျပာဖို႔ေတာ့ အခ်ိန္ေစာေသးတယ္ဗ်ာ။”
ထုတ္ျပန္ခ်က္မွာ ေဖာ္ျပထားသလို ေျမျပင္မွာ တကယ္က်ဴးလြန္တာေတြရွိခဲ့ရင္ ရခိုင္လက္နက္ကိုင္ AA အဖြဲ႕ရဲ႕ စည္းမ်ဥ္းစည္းအတိုင္း အေရးယူေဆာင္႐ြက္သြားမွာျဖစ္တယ္လို႔လဲ ခိုင္သုခကေျပာပါတယ္။
“ အခုလုပ္ေနတဲ့ စုံစမ္းစစ္ေဆးမႈေတြမွာ တကယ္သူတို႔ စြပ္စြဲထားသလိုမ်ိဳး က်ဴးလြန္ေၾကာင္း ထင္ရွားလို႔ရွိရင္ေတာ့ က်ဴးလြန္တဲ့သူေတြကို က်ေနာ္တို႔ ရကၡိဳင့္တပ္ေတာ္ရဲ႕ စစ္ဖက္ဆိုင္ရာ စည္းမ်ဥ္းစည္းကမ္းေတြအရ က်ေနာ္တို႔ လိုအပ္သလို အေရးယူေဆာင္႐ြက္သြားမွာ ျဖစ္ပါတယ္ဗ်ာ။”
ေဖေဖာ္ဝါရီလ ၂ရက္ေန႔ကလည္း မင္းျပားၿမိဳ႕နယ္ ေတာင္ရွည္ျပင္ေက်း႐ြာမွာ ယာဥ္တိုက္မႈတခုေၾကာင့္ ေက်း႐ြာအုပ္ခ်ဳပ္ေရးမႉးနဲ႔ AA တပ္ဖြဲ႕ရဲ႕ စစ္ေဒသမႉး ခိုင္ေက်ာ္တို႔ အျငင္းပြားၾကၿပီး အုပ္ခ်ဳပ္ေရးမႉးကို ႐ိုက္ႏွက္ခဲ့သလို ႐ြာသားေတြကိုလည္း လက္နက္နဲ႔ ၿခိမ္းေျခာက္ခဲ့တယ္လို႔ ထုတ္ျပန္ခ်က္မွာေဖာ္ထားပါတယ္။
ၿပီးခဲ့တဲ့ႏွစ္တုန္းကေတာ့ ဘူးသီးေတာင္ၿမိဳ႕နယ္ ေက်ာင္းေတာင္အုပ္စုက မြတ္ဆလင္အမ်ိဳးသမီးတစ္ဦးကို အဓမၼျပဳက်င့္ခဲ့တယ္လို႔ စြပ္စြဲခံရတဲ့ AA တပ္သား ၂ ဦးကို AA ဖက္က စုံစမ္းစစ္ေဆးမႈေတြလုပ္ခဲ့ပါတယ္။ အဲဒီေနာက္ ၿပီးခဲ့တဲ့ ၂၀၂၂ ခုႏွစ္ ေအာက္တိုဘာလမွာ AA စစ္ခုံ႐ုံးက အလုပ္ၾကမ္းနဲ႔ အဲဒီတပ္သားႏွစ္ဦးကို ေထာင္ဒဏ္ ႏွစ္ ၂၀ အျပင္ ႀကိမ္ဒဏ္အခ်က္ ၃၀ ခ်က္ ခ်မွတ္အေရးယူခဲ့ဖူးပါတယ္။
လက္ရွိမွာေတာ့ ရခိုင္လက္နက္ကိုင္ AA အဖြဲ႕အေနနဲ႔ စစ္ေကာင္စီအၾကား ယာယီသေဘာ အပစ္ရပ္ထားသလို၊ ရခိုင္ျပည္နယ္တြင္း AA ထိန္းခ်ဳပ္နယ္ေျမေတြမွာ အုပ္ခ်ဳပ္ေရးနဲ႔ တရားစီရင္ေရးလုပ္ငန္းေတြကို ULA/AA အေနနဲ႔ ေဆာင္႐ြက္ေနတယ္လို႔ သိရပါတယ္။
[Unicode]
ချင်းလူမျိုးစုတွေအပေါ် အောက်ခြေတပ်ကျူးလွန်မှုများ AA စုံစမ်းစစ်ဆေးမည်
ဖေဖော်ဝါရီ ၁၀၊ ၂၀၂၃ (ဗွီအိုအေ၊မြန်မာ)
ရခိုင်ပြည်နယ်မှာနေထိုင်တဲ့ ချင်းလူမျိုးစုတွေအပေါ်မှာ ရခိုင်လက်နက်ကိုင် AA အဖွဲ့ရဲ့ အောက်ခြေတပ်သားတွေ လူ့အခွင့်အရေးချိုးဖောက်မှုတွေ ကျူးလွန်နေတယ်လို့ ချင်းနိုင်ငံရေးဦးဆောင်ကော်မတီ(ရခိုင်ပြည်နယ်)က မနေ့က စွပ်စွဲထုတ်ပြန်ပါတယ်။ ရခိုင်လက်နက်ကိုင် AA အဖွဲ့ဖက်ကတော့ ထုတ်ပြန်ချက်နဲ့ ပတ်သတ်ပြီး စုံစမ်းစစ်ဆေးမှုတွေ လုပ်နေသလို ပြစ်မှုထင်ရှားရင် ကျူးလွန်သူတွေကို အပြစ်ပေးသွားမယ်လို့ ပြောဆိုထားပါတယ်။ ဒီအကြောင်းသတင်းပေးပို့ထားတာ ကိုသားညွန့်ဦး ပြောပြပါမယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီလ ၃၀ရက်နေ့က မြေပုံမြို့နယ် တုတ်ချောင်းကျေးရွာက ချင်းဒေသခံ ၂ ဦးကို ရခိုင်လက်နက်ကိုင် AA အဖွဲ့က ဖုန်းနဲ့ဆင့်ခေါ်ပြီး အကြောင်းပြချက်မရှိ လက်ပြန်ကြိုးတုတ် အုပ်စုလိုက်ရိုက်နှက်ကြခဲ့တယ်လို့ ချင်းနိုင်ငံရေးဦးဆောင်ကော်မတီ(CPSC)က မနေ့က ထုတ်ပြန်ထားပါတယ်။ AA အောက်ခြေတပ်သားတွေရဲ့ ရိုက်နက်မှုကြောင့် ဒေသခံတစ်ဦး သတိမေ့သွားခဲ့ပြီး ဒီကနေ့အထိ ဆေးရုံမှာ ဆေးကုသမှုခံယူနေရတယ်လို့ လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ချင်းနိုင်ငံရေးဦးဆောင်ကော်မတီ(ရခိုင်ပြည်နယ်)ရဲ့ ထုတ်ပြန်ချက် နဲ့ ပတ်သတ်ပြီး ရခိုင်လက် နက်ကိုင် AA အဖွဲ့အနေနဲ့ အောက်ခြေမှာ စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်နေတယ်လို့ ရခိုင်လက်နက်ကိုင် AA အဖွဲ့ပြောခွင့်ရ ခိုင်သုခကပြောပါတယ်။
“ သူတို့ဖက်က စွပ်စွဲ ထုတ်ပြန်ထားသလိုမျိုး မြေပြင်မှာ တကယ်ကျုးလွန်တာ ရှိမရှိဆိုတာကို ကျနော်တို့ဖက်က ဆက်လက်ပြီးတော့ စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်နေတာတွေရှိတယ်၊ ဒါကြောင့်မလို့ အခုလောလောဆယ် သူတို့ဖက်က ထုတ်ပြန်ထားသလိုမျိုး မြေပြင်မှာ ကျူးလွန်တာရှိမရှိဆိုတာကိုတော့ လောလောဆယ်ပြောဖို့တော့ အချိန်စောသေးတယ်ဗျာ။”
ထုတ်ပြန်ချက်မှာ ဖော်ပြထားသလို မြေပြင်မှာ တကယ်ကျူးလွန်တာတွေရှိခဲ့ရင် ရခိုင်လက်နက်ကိုင် AA အဖွဲ့ရဲ့ စည်းမျဉ်းစည်းအတိုင်း အရေးယူဆောင်ရွက်သွားမှာဖြစ်တယ်လို့လဲ ခိုင်သုခကပြောပါတယ်။
“ အခုလုပ်နေတဲ့ စုံစမ်းစစ်ဆေးမှုတွေမှာ တကယ်သူတို့ စွပ်စွဲထားသလိုမျိုး ကျူးလွန်ကြောင်း ထင်ရှားလို့ရှိရင်တော့ ကျူးလွန်တဲ့သူတွေကို ကျနော်တို့ ရက္ခိုင့်တပ်တော်ရဲ့ စစ်ဖက်ဆိုင်ရာ စည်းမျဉ်းစည်းကမ်းတွေအရ ကျနော်တို့ လိုအပ်သလို အရေးယူဆောင်ရွက်သွားမှာ ဖြစ်ပါတယ်ဗျာ။”
ဖေဖော်ဝါရီလ ၂ရက်နေ့ကလည်း မင်းပြားမြို့နယ် တောင်ရှည်ပြင်ကျေးရွာမှာ ယာဉ်တိုက်မှုတခုကြောင့် ကျေးရွာအုပ်ချုပ်ရေးမှူးနဲ့ AA တပ်ဖွဲ့ရဲ့ စစ်ဒေသမှူး ခိုင်ကျော်တို့ အငြင်းပွားကြပြီး အုပ်ချုပ်ရေးမှူးကို ရိုက်နှက်ခဲ့သလို ရွာသားတွေကိုလည်း လက်နက်နဲ့ ခြိမ်းခြောက်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာဖော်ထားပါတယ်။
ပြီးခဲ့တဲ့နှစ်တုန်းကတော့ ဘူးသီးတောင်မြို့နယ် ကျောင်းတောင်အုပ်စုက မွတ်ဆလင်အမျိုးသမီးတစ်ဦးကို အဓမ္မပြုကျင့်ခဲ့တယ်လို့ စွပ်စွဲခံရတဲ့ AA တပ်သား ၂ ဦးကို AA ဖက်က စုံစမ်းစစ်ဆေးမှုတွေလုပ်ခဲ့ပါတယ်။ အဲဒီနောက် ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် အောက်တိုဘာလမှာ AA စစ်ခုံရုံးက အလုပ်ကြမ်းနဲ့ အဲဒီတပ်သားနှစ်ဦးကို ထောင်ဒဏ် နှစ် ၂၀ အပြင် ကြိမ်ဒဏ်အချက် ၃၀ ချက် ချမှတ်အရေးယူခဲ့ဖူးပါတယ်။
လက်ရှိမှာတော့ ရခိုင်လက်နက်ကိုင် AA အဖွဲ့အနေနဲ့ စစ်ကောင်စီအကြား ယာယီသဘော အပစ်ရပ်ထားသလို၊ ရခိုင်ပြည်နယ်တွင်း AA ထိန်းချုပ်နယ်မြေတွေမှာ အုပ်ချုပ်ရေးနဲ့ တရားစီရင်ရေးလုပ်ငန်းတွေကို ULA/AA အနေနဲ့ ဆောင်ရွက်နေတယ်လို့ သိရပါတယ်။