သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Trump အမိန့် အကာအကွယ်မပေးဖို့ ယာယီရှေ့နေချုပ် ညွှန်ကြား


ယာယီရှေ့နေချုပ် Sally Yates
ယာယီရှေ့နေချုပ် Sally Yates

သမ္မတ Donald Trump က မွတ်ဆလင်အများစုနေထိုင်တဲ့ ၇ နိုင်ငံက နိုင်ငံသားတွေ အမေရိကန်နိုင်ငံကိုလာခွင့် ယာယီပိတ်ပင်ခဲ့တဲ့ အမိန့်နဲ့ ပတ်သက်လို့ တရားရေးဌာနအနေနဲ့ တရားရုံးမှာ သမ္မတဘက်က ခုခံကာကွယ်မှု မလုပ်ရလို့ ယာယီရှေ့နေချုပ် Sally Yates ကအမိန့်ထုတ်ပြန်လိုက်ပါတယ်။

အရင်အိုဘားမားအစိုးရ လက်ထက်ထဲက ကျန်ခဲ့တဲ့ ရှေ့နေချုပ် Yates က တရားရေးဌာနက တနင်္လာနေ့က စာရေးသားပေးပို့ခဲ့တာဖြစ်ပါတယ်။ တရားမျှတမှုနဲ့ အမှန်တရားဘက်က ရပ်တည်ရမယ်ဆိုတဲ့ တရားရေးဌာနရဲ့တာဝန်အတိုင်း ဒီအနေအထားကို တရားရုံးမှာလည်း မပြောင်းမလဲ ရပ်တည်ရမယ့်တာဝန် သူ့မှာရှိတယ်လို့ ယာယီရှေ့နေချုပ်က ပြောကြားခဲ့ပါတယ်။

Sally Yates ကို ဒုတိယရှေ့နေချုပ်အဖြစ် ၂၀၁၅ ခုနှစ်မှာ သမ္မတဟောင်း အိုဘားမားက ခန့်အပ်ခဲ့တာဖြစ်ပြီး Trump အစိုးရအတွက် ရှေ့နေချုပ်ကို အထက်လွှတ်တော်က အတည်မပြုနိုင်ခင်အထိ ဆက်လက်တာဝန်ထမ်းဖို့ ပန်ကြားခံထားရတာဖြစ်ပါတယ်။

Alabama ပြည်နယ် အထက်လွှတ်တော်အမတ် Jeff Sessions ကို ရှေ့နေချုပ်အဖြစ် အထက်လွှတ်တော်မှာ မကြာခင်အတည်ပြုမယ့်ပုံ ရနေချိန်မှာ Ms. Yates ရဲ့တနင်္လာနေ့က ထုတ်ပြန်ခဲ့တဲ့အမိန့်ဟာ လက်တွေ့ထက် ထူးခြားမှုတခုလို့ ကျယ်ကျယ်ပြန့်ပြန့် မြင်နေကြပါတယ်။

XS
SM
MD
LG