သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မုန်တိုင်းသင့် ရိုဟင်ဂျာတွေအပေါ် ခွဲခြားဆက်ဆံမှုတွေ မလုပ်ဖို့ AI အဖွဲ့တိုက်တွန်း


မိုခါ မုန်တိုင်းလွန် စစ်တွေမြို့တနေရာ မေ ၁၇၊၂၀၂၃
မိုခါ မုန်တိုင်းလွန် စစ်တွေမြို့တနေရာ မေ ၁၇၊၂၀၂၃

မြန်မာနိုင်ငံ အနောက်ပိုင်းမှာ ပြီးခဲ့တဲ့လက တိုက်ခတ်ခဲ့တဲ့ မိုခါ မုန်တိုင်း ဒဏ်ကြောင့် ထိခိုက်ခဲ့ရတဲ့ ရိုဟင်ဂျာ အသိုင်းအဝိုင်းအပေါ် ခွဲခြားဆက်ဆံမှုတွေ အဆုံးသတ်ပြီး ကန့်သတ်ချက်တွေ ဖြေလျော့ပေးဖို့နဲ့ အကူအညီရပိုင်ခွင့်တွေ အာမခံဖို့ Amnestry International နိုင်ငံတကာ လူ့အခွင့်အရေးအဖွဲ့ကြီးက မြန်မာစစ်ကောင်စီကို တိုက်တွန်းလိုက်ပါတယ်။ မုန်တိုင်းကြောင့် အတိဒုက္ခရောက်သူတွေအတွက် လူသားချင်းစာနာမှု အကူအညီ လုံလုံလောက်လောက် ပေးဖို့ မုန်တိုင်းဒဏ်ခံရတဲ့ တလပြည့် ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ နိုင်ငံတကာအသိုင်းအဝိုင်းကို တောင်းဆိုထားပါတယ်။

တချိန်တည်းမှာ ဒုက္ခသည်တွေရဲ့ သဘောဆန္ဒမပါဘဲ အတင်းအကျပ် ပြန်ပို့တာတွေ မလုပ်ဖို့ မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွေကို တောင်းဆိုထားပါတယ်။ မုန်တိုင်းကြောင့် ရခိုင်ပြည်နယ် အနောက်ပိုင်းမှာ အကြီးအကျယ်ထိခိုက်ပျက်ဆီးခဲ့သလို ရိုဟင်ဂျာ ဒုက္ခသည်တွေ ရာနဲ့ချီသေဆုံးနိုင်တယ်လို့ ခန့်မှန်းချက်တွေ ထွက်ပေါ်ခဲ့ပါတယ်။ ဒါပေမဲ့လည်း ကန့်သတ်ပိတ်ပင်မှုတွေကြား သီးခြားလွတ်လပ်တဲ့ အတည်ပြုချက်တွေ ရဖို့ ခက်ခဲနေတာကို အစီရင်ခံစာမှာ ရေးသားထားပါတယ်။

မုန်တိုင်းကြောင့် ထိခိုက်ခဲ့ရတဲ့ သူ လူ တစ်သန်း‌ ခြောက်သိန်းလောက် ရှိမယ်လို့ ကုသလမဂ္ဂ အဖွဲ့အစည်းတွေက ခန့်မှန်းထားပြီး အကူအညီပေးရေးကိစ္စတွေမှာ မြန်မာစစ်တပ်ဘက်က ပိတ်ပင်ကန့်သတ်မှုနဲ့ တားဆီးမှုတွေကြောင့် နိုင်ငံတကာအကူအညီပေးရေးအဖွဲ့တွေ အချိန်မှီ ဝင်ရောက်နိုင်ခဲ့ခြင်းမရှိခဲ့တာ၊ နှောင့်နှေးကြန့်ကြာခဲ့တာကိုလည်း အစီရင်ခံစာမှာ ဖေါ်ပြပါတယ်။ မုန်တိုင်းကြောင့် စစ်တွေနဲ့ ရသေ့တောင်မြို့နယ်တွေက အိမ်အားလုံးနီးပါး ပျက်ဆီးခဲ့သလို၊ စစ်ဘေးရှောင်တွေရဲ့ ယာယီစခန်းတွေ ၈၅ ရာခိုင်နှုန်းလောက် ပျက်ဆီးခဲ့ပါတယ်။ ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းအတွင်းက ကျေးရွာ ၁၅၀ လောက်လည်း ထိခိုက်ပျက်ဆီးခဲ့တာကို အစီရင်ခံစာမှာ ရေးသားထားပါတယ်။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG