{{Zawgyi/Unicode}}
႐ုရွား သမၼတ Vladimir Putin ရဲ႕ အနီးကပ္ဆုံးမဟာမိတ္ျဖစ္တဲ့ Belarus ႏိုင္ငံ သမၼတ Alexander Lukashenko ဟာ ဒီသီတင္းပတ္ထဲမွာ တ႐ုတ္ႏိုင္ငံကို လာေရာက္လိမ့္မယ္လို႔ တ႐ုတ္အစိုးရက ေၾကညာပါတယ္။
Lukashenko အေနနဲ႔ အဂၤါေန႔ကေန ၾကာသပေတးေန႔အထိ တ႐ုတ္ႏိုင္ငံကို လာေရာက္မွာျဖစ္တယ္လို႔ တ႐ုတ္ႏိုင္ငံျခားေရးဝန္ႀကီးဌာန ေျပာေရးဆိုခြင့္ရွိသူက ေျပာဆိုေပမယ့္ အေသးစိတ္အစီအစဥ္ေတြကိုေတာ့ ထုတ္ေဖာ္ျခင္းမရွိပါဘူး။ ယူကရိန္းစစ္ပြဲက်ဴးေက်ာ္တဲ့ ႐ုရွားဘက္ကို စစ္ေရးအကူအညီေတြမေပးဖို႔ တ႐ုတ္ကို အေမရိကန္အစိုးရ ထိပ္တန္းအရာရွိေတြက သတိေပးၿပီးေနာက္ အခုလို ခရီးစဥ္ေပၚေပါက္လာပါတယ္။
အေမရိကန္ေထာက္လွမ္းေရးဌာန CIA ရဲ႕ ၫႊန္ၾကားေရးမႉး William Burns က CBS သတင္းဌာနနဲ႔ အေစာပိုင္း ေတြ႕ဆုံေမးျမန္းခန္းမွာ တ႐ုတ္အစိုးရေခါင္းေဆာင္ေတြဟာ စစ္လက္နက္ေတြကို ႐ုရွားကို ေထာက္ပံ့ဖို႔ စဥ္းစားေနၿပီလို႔ မိမိတို႔အေနနဲ႔ယုံၾကည္ရေၾကာင္း ေျပာပါတယ္။ ဒါေပမယ့္လည္း အၿပီးသတ္ဆုံးျဖတ္ခ်က္ကိုေတာ့ ခ်မွတ္ရေသးတဲ့ပုံ မရွိေသးဘူးလို႔လည္း သူကေျပာပါတယ္။ ၿပီးခဲ့တဲ့ ေသာၾကာေန႔ကေတာ့ ႐ုရွားနဲ႔ယူကရိန္းအၾကား ၿငိမ္းခ်မ္းေရးနဲ႔ အပစ္အခတ္ရပ္စဲေရးလုပ္ေဆာင္ၾကဖို႔ တ႐ုတ္ႏိုင္ငံက အဆိုျပဳခ်က္ထုတ္ျပန္ခဲ့ပါတယ္။
===================
{{Unicode}}
ဘဲလားရု(စ်) သမ္မတ တရုတ်ကိုသွားမည်
ရုရှား သမ္မတ Vladimir Putin ရဲ့ အနီးကပ်ဆုံးမဟာမိတ်ဖြစ်တဲ့ Belarus နိုင်ငံ သမ္မတ Alexander Lukashenko ဟာ ဒီသီတင်းပတ်ထဲမှာ တရုတ်နိုင်ငံကို လာရောက်လိမ့်မယ်လို့ တရုတ်အစိုးရက ကြေညာပါတယ်။
Lukashenko အနေနဲ့ အင်္ဂါနေ့ကနေ ကြာသပတေးနေ့အထိ တရုတ်နိုင်ငံကို လာရောက်မှာဖြစ်တယ်လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက ပြောဆိုပေမယ့် အသေးစိတ်အစီအစဉ်တွေကိုတော့ ထုတ်ဖော်ခြင်းမရှိပါဘူး။ ယူကရိန်းစစ်ပွဲကျူးကျော်တဲ့ ရုရှားဘက်ကို စစ်ရေးအကူအညီတွေမပေးဖို့ တရုတ်ကို အမေရိကန်အစိုးရ ထိပ်တန်းအရာရှိတွေက သတိပေးပြီးနောက် အခုလို ခရီးစဉ်ပေါ်ပေါက်လာပါတယ်။
အမေရိကန်ထောက်လှမ်းရေးဌာန CIA ရဲ့ ညွှန်ကြားရေးမှူး William Burns က CBS သတင်းဌာနနဲ့ အစောပိုင်း တွေ့ဆုံမေးမြန်းခန်းမှာ တရုတ်အစိုးရခေါင်းဆောင်တွေဟာ စစ်လက်နက်တွေကို ရုရှားကို ထောက်ပံ့ဖို့ စဉ်းစားနေပြီလို့ မိမိတို့အနေနဲ့ယုံကြည်ရကြောင်း ပြောပါတယ်။ ဒါပေမယ့်လည်း အပြီးသတ်ဆုံးဖြတ်ချက်ကိုတော့ ချမှတ်ရသေးတဲ့ပုံ မရှိသေးဘူးလို့လည်း သူကပြောပါတယ်။ ပြီးခဲ့တဲ့ သောကြာနေ့ကတော့ ရုရှားနဲ့ယူကရိန်းအကြား ငြိမ်းချမ်းရေးနဲ့ အပစ်အခတ်ရပ်စဲရေးလုပ်ဆောင်ကြဖို့ တရုတ်နိုင်ငံက အဆိုပြုချက်ထုတ်ပြန်ခဲ့ပါတယ်။