သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ယူကရိန်းကို ဒေါ်လာသန်း ၃၀၀ စစ်ရေးအကူအညီ ကန်ပေးမည်


Russia Ukraine War
Russia Ukraine War

ယူကရိန်းဘက်ကထိုးစစ်တွေမစခင်မှာ အမေရိကန်က ဒေါ်လာ သန်း ၃၀၀ ခန့်တန်ကြေးရှိတဲ့ စစ်ရေးအကူအညီတွေ ထောက်ပံ့ပေးမယ်လို့ ကာကွယ်ရေးဝန်ကြီးဌာန တာဝန်ရှိသူတွေက ပြောပါတယ်။ ဒီအကူညီတွေထဲမှာ ဟိုင်းမားစ်လို့ ခေါ်တဲ့ ရွေ့လျားနိုင်စွမ်းမြင့်မားတဲ့ တာလတ်ပစ် ဒုံးကျည်စနစ်သုံး ဒုံးကျည်တွေနဲ့ အမြောက်ကျည်တွေ ပိုမိုပါဝင်နိုင်ဖွယ်ရှိတယ်လို့လည်း ဆိုပါတယ်။

အမည်မဖော်လိုတဲ့ ပင်တဂွန်စစ်ဌာနချုပ်အရာရှိတွေက ဗုဒ္ဓဟူးနေ့နှောင်းပိုင်း တရားဝင်ကြေညာချက်မထုတ်ပြန်မီ ဗွီအိုအေကိုပြောရာမှာတော့ အခု နောက်ဆုံး ပေးမယ့် အကူအညီတွေထဲမှာ လေကြောင်းဆိုင်ရာ အထောက်အပံ့အတွက် Hydra 70 ဝေဟင်မှ ပစ်လွှတ်တဲ့ ပဲ့ထိန်းမဲ့ ဒုံးပျံပါဝင်မှာဖြစ်သလို ရုရှားမြေပြင်တပ်တွေကိုခုခံနိုင်ဖို့ သံချပ်ကာဖျက်လက်နက်တွေလည်း ပါဝင်မယ်လို့ဆိုပါတယ်။ ဒါ့ပြင် အကြီးစားထရပ်ကားတွေနဲ့ အပိုပစ္စည်းတွေလည်း ပါဝင်မှာဖြစ်ပါတယ်။

ဗုဒ္ဓဟူးနေ့ အကူအညီပေးရေးအစီအစဉ်ဟာ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလမှာ ရုရှားက ယူကရိန်းကို ကျူးကျော်ပြီးနောက်ပိုင်း အမေရိကန်သမ္မတက ၃၇ ကြိမ်မြောက် ထုတ်ယူခွင့်ပြုသည့် ထောက်ပံ့မှုအစီအစဉ်လည်းဖြစ်ပါတယ်။

ယူကရိန်းကျူးကျော်စစ်မှာ ရုရှားဘက်က ဒီနှစ်အစောပိုင်းကတည်းက ထပ်မံထိုးစစ်ဆင်မှုတွေ မလုပ်နိုင်တော့ဘဲ ရပ်တန့်သွားခဲ့ပြီး ယူကရိန်းဘက်ကလာမယ့်ရက်ပိုင်း ဒါမှမဟုတ် သီတင်းပတ်တွေထဲမှာ ကြီးမားတဲ့ တန်ပြန်ထိုးစစ်အတွက် ပြင်ဆင်နေတယ်လို့သိရပါတယ်။

ယူကရိန်းကို ဒေါ်လာသန်း ၃၀၀ စစ်ရေးအကူအညီ ကန်ပေးမည်
please wait

No media source currently available

0:00 0:01:21 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG