သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အထောက်အပံ့ပိုရရှိရေး ပြင်သစ်သမ္မတနဲ့ ယူကရိန်းသမ္မတ ဆွေးနွေး


ယူကရိန်း သမ္မတ Volodymyr Zelenskyy
ယူကရိန်း သမ္မတ Volodymyr Zelenskyy

ယူကရိန်းအနေနဲ့ ရုရှားတပ်တွကို တန်ပြန်ထိုးစစ်ဆင်ဖို့ပြင်ဆင်နေချိန်မှာ နောက်ထပ်အကူအညီတွေရရှိရေးနဲ့ပတ်သက်လို့ ပြင်သစ်သမ္မတ Emmanuel Macron နဲ့ သူ စကားပြောခဲ့တယ်လို့ ယူကရိန်း သမ္မတ Volodymyr Zelenskyy က ပြောပါတယ်။

"ပြင်သစ်သမ္မတ Macron နဲ့ အတော်ကြာကြာ အဓိပ္ပါယ်ရှိရှိ ဆွေးနွေးပြောဆိုမှုတွေရှိခဲ့တယ်၊ စစ်အနိုင်ရရှိရေး မြန်သထက်မြန်ဆန်အောင်လို့နဲ့ ယူကရိန်းစစ်သည်တွေအတွက် ပိုပြီး ခွန်အားဖြစ်စေနိုင်ဖို့ ကျနော်တို့ ပူးပေါင်းဆောင်ရွက်နေပါတယ်" လို့ ယူကရိန်းသမ္မတက ပြောလိုက်တာပါ။

အရင်ကပြောခဲ့ဖူးသလို ပြင်သစ်ဘက်က နောက်ထပ် လက်နက်အကူအညီတွေပေးပို့မယ်ဆိုတာကိုလည်း ပြင်သစ်သမ္မတက ထပ်လောင်းအတည်ပြုခဲ့တယ်လို့ ယူကရိန်းသမ္မတက ပြောပါတယ်။ ဘယ်လိုအကူအညီမျိုး စသဖြင့် အသေးစိတ်တော့ ပြောမသွားပါဘူး။ ယူကရိန်းနိုင်ငံနဲ့ ယူကရိန်းပြည်သူတွေကို ထောက်ပံ့ကူညီမှုအတွက် ပြင်သစ်နိုင်ငံနဲ့ သမ္မတ Emmanuel ကို သူ့ပုဂ္ဂိုလ်ရေးအရ ကျေးဇူးအထူးတင်တယ်လို့လည်း ပြောပါတယ်။

တချိန်တည်းမှာတော့ ယူကရိန်းအလယ်ပိုင်း Uman မြို့မှာ ရုရှားက ဒုံးကျည်နဲ့တိုက်ခိုက်မှုအတွင်း သေဆုံးခဲ့ကြသူတွေကို မနေ့က မြေမြှုပ်သြင်္ဂိုဟ်ရာမှာ ဆွေမျိုးသားချင်းတွေ၊ မိတ်ဆွေတွေက အခေါင်းတွေဘေးမှာ ငိုကြွေးခဲ့ကြပါတယ်။ သောကြာနေ့တုန်းက တိုက်ခိုက်ခံရမှုအတွင်း ဒုံးကျည်တစင်းဟာ လူနေတိုက်တခုကိုထိမှန်တာကြောင့် ကလေးငယ် ၆ ဦးအပါအဝင် လူ ၂၃ ဦး သေဆုံးခဲ့ကြရတာပါ။

အထောက်အပံ့ပိုရရှိရေး ပြင်သစ်သမ္မတနဲ့ ယူကရိန်းသမ္မတ ဆွေးနွေး
please wait

No media source currently available

0:00 0:01:12 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG