သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ကန္တရားရံုးခ်ဳပ္တရားသူႀကီးအျဖစ္ Amy Coney Barrett က်မ္းသစၥာ က်ိန္ဆို


ကန္တရားရံုးခ်ဳပ္တရားသူႀကီးအျဖစ္ Amy Coney Barrett က်မ္းသစၥာ က်ိန္ဆို

(Zawgyi/Unicode)

အေမရိကန္ တရား႐ုံးခ်ဳပ္ တရားသူႀကီးအျဖစ္ Amy Coney Barrett အဂၤါေန႔က တရားဝင္ က်မ္းသစၥာ က်ိန္ဆိုလိုက္ၿပီ ျဖစ္ပါတယ္။ အေမရိကန္ ဆီးနိတ္ အထက္လႊတ္ေတာ္က ၅၂ မဲ ၄၈ မဲ နဲ႔တနလၤာေန႔က အတည္ျပဳ ခန္႔အပ္ခဲ့ၿပီးတဲ့ ေနာက္မွာ တရား႐ုံးခ်ဳပ္ တရားသူႀကီးခ်ဳပ္ John Roberts ေရွ႕ေမွာက္မွာ က်မ္းသစၥာ က်ိန္ဆိုခဲ့တာ ျဖစ္ပါတယ္။

တရားသူႀကီး ၉ ဦးနဲ႔ ဖြဲ႕စည္းထားတဲ့ အေမရိကန္ တရား႐ုံးခ်ဳပ္မွာ Barrett ဟာ သမၼတ ေဒၚနယ္ထရမ့္ ခန္႔အပ္တဲ့ တတိယေျမာက္ တရား သူႀကီး ျဖစ္ၿပီး ေရွးရိုးဆန္ ကြန္ဆားေဗးတစ္တို႔ဘက္က ၆ မဲ ၃ မဲ နဲ႔ လစ္ဘရယ္ တရားသူႀကီးေတြအေပၚ သိသိသာသာ အသာစီးရေစမွာ ျဖစ္ပါတယ္။

တရား႐ုံးခ်ဳပ္ တရားသူႀကီးအျဖစ္ ခန္႔အပ္ခံရလို႔ မ်ားစြာ ဂုဏ္ယူမိေၾကာင္းနဲ႔ ဆီးနိတ္ အထက္လႊတ္ေတာ္က ခန္႔အပ္မႈကို အတည္ျပဳေပးတဲ့ အတြက္ ေက်းဇူးတင္ေၾကာင္း Barrett က ေျပာပါတယ္။

ဒီမိုကရက္ေတြကေတာ့ အခုလို သမၼတ ေရြးေကာက္ပြဲ နီးကပ္ေနခ်ိန္မွာ တရား႐ုံးခ်ဳပ္ တရားသူႀကီးတစ္ဦးကို အဆိုျပဳတဲ့ကိစၥကို အနိုင္ရမယ့္ သမၼတ လက္ထဲကို လႊဲအပ္ထားသင့္ေၾကာင္း ေတာင္းဆိုေနခဲ့တာ ျဖစ္ပါတယ္။ အဲဒီ ရပ္တည္ခ်က္မ်ိဳးကို ၂၀၁၆ ခုႏွစ္ေရြးေကာက္ပြဲကာလ တုန္းက ရစ္ပတ္ဘလင္ကန္တို႔ ထားရွိဖူးပါတယ္။

အဲဒီ အခ်ိန္တုန္းက သမၼတ ဘားရက္ အိုဘားမား အဆိုျပဳခဲ့တဲ့ တရားသူႀကီး Merrick Garland ကို ရစ္ပတ္ဘလင္ကန္အမတ္ေတြက အတည္ ျပဳ ခန္႔အပ္ေပးဖို႔ ျငင္းဆန္ခဲ့ပါတယ္။

ပူပူေႏြးေႏြး ခန္႔အပ္ခံရတဲ့ တရားသူႀကီး Barrett အေနနဲ႔ သိပ္မၾကာခင္မွာပဲ အေမရိကန္ နိုင္ငံေရးမွာ အေရးႀကီးတဲ့ ကိစၥႀကီးႏွစ္ခုထဲ ပါဝင္ပတ္သက္ ဆုံးျဖတ္လာရဖို႔ ရွိပါတယ္။

ေရြးေကာက္ပြဲဆိုင္ရာ အျငင္းပြားမႈေတြအေပၚ တရား႐ုံးခ်ဳပ္က ဆုံးျဖတ္ဖို႔ လိုအပ္လာ တဲ့အခါ ပါဝင္ ပတ္သက္ ဆုံးျဖတ္ဖို႔ ရွိလာမွာ ျဖစ္သလို နိုဝင္ဘာလ ၁၀ ရက္ေန႔မွာလည္း Affordable Care Act လို႔ေခၚတဲ့ အေမရိကန္ က်န္းမာေရး ေစာင့္ေရွာက္မႈ စနစ္ ဆက္လက္ တည္ရွိေရး မတည္ရွိေရးကိစၥကို တရား႐ုံးခ်ဳပ္က ဆုံးျဖတ္တဲ့အခါ ပါဝင္ေဆြးေႏြး ဆုံးျဖတ္လာရဖို႔ ရွိေနပါတယ္။

Obamacare လို႔လည္း ေခၚဆိုတဲ့ အဲဒီ က်န္းမာေရး ေစာင့္ေရွာက္မႈ စနစ္က ျပည္သူေတြ အခြန္ေငြေတြကို အမ်ား အျပား သုံးစြဲေနသလို အစိုးရ ရဲ့ ထိန္းခ်ဳပ္မႈ မ်ားျပားလြန္းတယ္လို႔ ရစ္ပတ္ဘလင္ကန္ေတြက ေျပာဆိုေနခဲ့တာ ျဖစ္ပါတယ္။ အဲဒီ က်န္းမာေရး ေစာင့္ေရွာက္မႈ ေအာက္က ဥပေဒတစ္ခုျဖစ္တဲ့ က်န္းမာေရး ေစာင့္ေရွာက္မႈ အာမခံ မဝယ္မေနရ အပိုဒ္ ကို ရစ္ပတ္ဘလင္ကန္ေတြ ႀကီးစိုးခဲ့တဲ့ ေအာက္ လႊတ္ေတာ္က ၂၀၁၇ ခုႏွစ္က ပယ္ဖ်က္ခဲ့ပါတယ္။ အခုအခ်ိန္မွာ ဒီ က်န္းမာေရး ေစာင့္ေရွာက္မႈ စနစ္ တစ္ခုလုံးကို တရား႐ုံးခ်ဳပ္က ပယ္ဖ်က္ ေပးဖို႔ ရစ္ပတ္ဘလင္ကန္ေတြက လိုလားေနတာ ျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္


...............

ကန်တရားရုံးချုပ်တရားသူကြီးအဖြစ် Amy Coney Barrett ကျမ်းသစ္စာ ကျိန်ဆို

(Unicode)

အမေရိကန် တရားရုံးချုပ် တရားသူကြီးအဖြစ် Amy Coney Barrett အင်္ဂါနေ့က တရားဝင် ကျမ်းသစ္စာ ကျိန်ဆိုလိုက်ပြီ ဖြစ်ပါတယ်။ အမေရိကန် ဆီးနိတ် အထက်လွှတ်တော်က ၅၂ မဲ ၄၈ မဲ နဲ့တနင်္လာနေ့က အတည်ပြု ခန့်အပ်ခဲ့ပြီးတဲ့ နောက်မှာ တရားရုံးချုပ် တရားသူကြီးချုပ် John Roberts ရှေ့မှောက်မှာ ကျမ်းသစ္စာ ကျိန်ဆိုခဲ့တာ ဖြစ်ပါတယ်။

တရားသူကြီး ၉ ဦးနဲ့ ဖွဲ့စည်းထားတဲ့ အမေရိကန် တရားရုံးချုပ်မှာ Barrett ဟာ သမ္မတ ဒေါ်နယ်ထရမ့် ခန့်အပ်တဲ့ တတိယမြောက် တရား သူကြီး ဖြစ်ပြီး ရှေးရိုးဆန် ကွန်ဆားဗေးတစ်တို့ဘက်က ၆ မဲ ၃ မဲ နဲ့ လစ်ဘရယ် တရားသူကြီးတွေအပေါ် သိသိသာသာ အသာစီးရစေမှာ ဖြစ်ပါတယ်။

တရားရုံးချုပ် တရားသူကြီးအဖြစ် ခန့်အပ်ခံရလို့ များစွာ ဂုဏ်ယူမိကြောင်းနဲ့ ဆီးနိတ် အထက်လွှတ်တော်က ခန့်အပ်မှုကို အတည်ပြုပေးတဲ့ အတွက် ကျေးဇူးတင်ကြောင်း Barrett က ပြောပါတယ်။

ဒီမိုကရက်တွေကတော့ အခုလို သမ္မတ ရွေးကောက်ပွဲ နီးကပ်နေချိန်မှာ တရားရုံးချုပ် တရားသူကြီးတစ်ဦးကို အဆိုပြုတဲ့ကိစ္စကို အနိုင်ရမယ့် သမ္မတ လက်ထဲကို လွှဲအပ်ထားသင့်ကြောင်း တောင်းဆိုနေခဲ့တာ ဖြစ်ပါတယ်။ အဲဒီ ရပ်တည်ချက်မျိုးကို ၂၀၁၆ ခုနှစ်ရွေးကောက်ပွဲကာလ တုန်းက ရစ်ပတ်ဘလင်ကန်တို့ ထားရှိဖူးပါတယ်။

အဲဒီ အချိန်တုန်းက သမ္မတ ဘားရက် အိုဘားမား အဆိုပြုခဲ့တဲ့ တရားသူကြီး Merrick Garland ကို ရစ်ပတ်ဘလင်ကန်အမတ်တွေက အတည် ပြု ခန့်အပ်ပေးဖို့ ငြင်းဆန်ခဲ့ပါတယ်။

ပူပူနွေးနွေး ခန့်အပ်ခံရတဲ့ တရားသူကြီး Barrett အနေနဲ့ သိပ်မကြာခင်မှာပဲ အမေရိကန် နိုင်ငံရေးမှာ အရေးကြီးတဲ့ ကိစ္စကြီးနှစ်ခုထဲ ပါဝင်ပတ်သက် ဆုံးဖြတ်လာရဖို့ ရှိပါတယ်။

ရွေးကောက်ပွဲဆိုင်ရာ အငြင်းပွားမှုတွေအပေါ် တရားရုံးချုပ်က ဆုံးဖြတ်ဖို့ လိုအပ်လာ တဲ့အခါ ပါဝင် ပတ်သက် ဆုံးဖြတ်ဖို့ ရှိလာမှာ ဖြစ်သလို နိုဝင်ဘာလ ၁၀ ရက်နေ့မှာလည်း Affordable Care Act လို့ခေါ်တဲ့ အမေရိကန် ကျန်းမာရေး စောင့်ရှောက်မှု စနစ် ဆက်လက် တည်ရှိရေး မတည်ရှိရေးကိစ္စကို တရားရုံးချုပ်က ဆုံးဖြတ်တဲ့အခါ ပါဝင်ဆွေးနွေး ဆုံးဖြတ်လာရဖို့ ရှိနေပါတယ်။

Obamacare လို့လည်း ခေါ်ဆိုတဲ့ အဲဒီ ကျန်းမာရေး စောင့်ရှောက်မှု စနစ်က ပြည်သူတွေ အခွန်ငွေတွေကို အများ အပြား သုံးစွဲနေသလို အစိုးရ ရဲ့ ထိန်းချုပ်မှု များပြားလွန်းတယ်လို့ ရစ်ပတ်ဘလင်ကန်တွေက ပြောဆိုနေခဲ့တာ ဖြစ်ပါတယ်။ အဲဒီ ကျန်းမာရေး စောင့်ရှောက်မှု အောက်က ဥပဒေတစ်ခုဖြစ်တဲ့ ကျန်းမာရေး စောင့်ရှောက်မှု အာမခံ မဝယ်မနေရ အပိုဒ် ကို ရစ်ပတ်ဘလင်ကန်တွေ ကြီးစိုးခဲ့တဲ့ အောက် လွှတ်တော်က ၂၀၁၇ ခုနှစ်က ပယ်ဖျက်ခဲ့ပါတယ်။ အခုအချိန်မှာ ဒီ ကျန်းမာရေး စောင့်ရှောက်မှု စနစ် တစ်ခုလုံးကို တရားရုံးချုပ်က ပယ်ဖျက် ပေးဖို့ ရစ်ပတ်ဘလင်ကန်တွေက လိုလားနေတာ ဖြစ်ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG