သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဂါဇာအရေး အာရပ်အဖွဲ့ချုပ်အရေးပေါ်အစည်းအဝေးကျင်းပ


အစ္စရေး-ဟာမတ်စ်စစ်ပွဲအရေး အကျပ်အတည်းတွေဖြေရှင်းနိုင်ဖို့ အာရပ်အဖွဲ့ချုပ်ရဲ့ အရေးပေါ်အစည်းအဝေးကို အီဂျစ်နိုင်ငံ၊ ကိုင်ရိုမြို့မှာ ကျင်းပစဥ်။ (ဇန်နဝါရီ ၂၂၊ ၂၀၂၄)
အစ္စရေး-ဟာမတ်စ်စစ်ပွဲအရေး အကျပ်အတည်းတွေဖြေရှင်းနိုင်ဖို့ အာရပ်အဖွဲ့ချုပ်ရဲ့ အရေးပေါ်အစည်းအဝေးကို အီဂျစ်နိုင်ငံ၊ ကိုင်ရိုမြို့မှာ ကျင်းပစဥ်။ (ဇန်နဝါရီ ၂၂၊ ၂၀၂၄)

ဂါဇာစစ်ပွဲ၊ လူသားချင်းစာနာထောက်ထားရေး အကျပ်အတည်းတွေနဲ့ပတ်သက်ပြီး အာရပ်အဖွဲ့ချုပ်ရဲ့ အရေးပေါ်အစည်းအဝေးကို အီဂျစ်နိုင်ငံ ကိုင်ရိုမြို့မှာ တနင်္လာနေ့က ကျင်းပခဲ့ပါတယ်။

အပစ်အခတ်ရပ်စဲဖို့နဲ့ လူသားချင်း စာနာထောက်ထားရေး အကူအညီတွေ ပေးနိုင်ဖို့ နိုင်ငံတကာအသိုက်အဝန်းက ပို ဖိအားပေးကြဖို့ အစည်းအဝေး သဘာပတိ အာရပ်အဖွဲ့ချုပ်ဆိုင်ရာ မိုရိုကို အမြဲတမ်းကိုယ်စားလှယ် အိတ်ကွာလီ (Ait Ouali) က အစည်းအဝေးမှာ ပြောပါတယ်။ လုံခြုံရေးကောင်စီအတွင်း ကွဲနေတာကြောင့်တော့ ပါလက်စတိုင်း ပြည်သူတွေ ကြုံတွေ့နေရတဲ့ ကြေကွဲစရာ အဖြစ်တွေ ရပ်သွားအောင် သံတမန်ရေး၊ နိုင်ငံရေးနဲ့ ဥပဒေရေးအရ ဖိအားဆက်လက်ပေးတာကို ရပ်မပစ်သင့်ဘူးလို့ မစ္စတာ ကွာလီက ဆိုပါတယ်။

ပါလက်စတိုင်းကိုယ်စားလှယ် မူဟန်နတ် အယ် အက်က်လောက် (Muhannad al-Aklouk) ကတော့ အစ္စရေးကို လက်နက်ပံ့ပိုးပေးနေတာရပ်ဖို့ နိုင်ငံတွေကို တိုက်တွန်းလိုက်ပါတယ်။ အောက်တိုဘာ ၇ ရက်နေ့ ဟာမတ်စ်က စတင်တိုက်ခိုက်၊ ဓားစာခံတွေကိုဖမ်းဆီးပြီးနောက် ဖြစ်လာတဲ့စစ်ပွဲမှာ ဂါဇာလူဦးရေရဲ့ ၈၅ ရာနှုန်းက စစ်ရှောင်ထွက်ပြေးနေကြရတာပါ။

ဟာမတ်စ်တပ်သားနဲ့ အရပ်သား ခွဲမထားတဲ့စာရင်းအရ ခုအထိ ပါလက်စတိုင်း ၂၅,၂၉၅ ယောက် သေဆုံးခဲ့ပြီး လူပေါင်း ၆ သောင်းကျော် ဒဏ်ရာရခဲ့တယ်လို့ ဟာမတ်စ်ရဲ့ ကျန်းမာရေးဌာနက ပြောပါတယ်။

ဂါဇာအရေး အာရပ်အဖွဲ့ချုပ်အရေးပေါ်အစည်းအဝေးကျင်းပ
please wait

No media source currently available

0:00 0:01:08 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG