သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

စညင္းစစ္ေရွာင္စခန္းက ဒုကၡသည္ေတြကို စစ္တပ္ႏွင္ထုတ္


ရခုိင္ျပည္နယ္တြင္း တုိက္ပြဲမ်ားေၾကာင့္ ထြက္ေျပးတိမ္းေရွာင္ေနသည့္ ဒုကၡသည္မ်ား။ (ဒီဇင္ဘာ ၂၃၊ ၂၀၁၈)

(Zawgyi / Unicode)

စစ္ေရးပဋိပကၡေတြ ျပင္းထန္ေနတဲ့ ရခိုင္ျပည္နယ္ ေျမပံုၿမိဳ႕နယ္ထဲက စညင္းစစ္ေဘးေရွာင္စခန္းတခုကို မေန႔ညက စစ္တပ္က လက္နက္အင္အားသံုး ဝင္ေရာက္ဖ်က္ဆီးၿပီး စစ္ေျပးဒုကၡသည္ေတြကို ေနခြင့္မေပးဘဲ လံုၿခံဳေရး တင္းက်ပ္စြာ ခ်ထားတယ္လို႔ ေျမပံုၿမိဳ႕နယ္ လႊတ္ေတာ္ကိုယ္စားလွယ္က ေျပာပါတယ္။ တိုက္ပြဲေတြ ျပင္းထန္ေနဆဲ ရခုိင္ျပည္နယ္ထဲက ၿမိဳ႕နယ္ ၁၀ ၿမိဳ႕နယ္မွာ ဒုကၡသည္စခန္း ၉၀ ေက်ာ္ ရွိလာေနၿပီး ဒုကၡသည္ဦးေရေပါင္းက တသိန္းေျခာက္ေထာင္ေက်ာ္သြားၿပီ ျဖစ္ပါတယ္။ စားနပ္ရိကၡာနဲ႔ ေနစရာ အခက္အခဲျဖစ္ေနတဲ့ ဒုကၡသည္ေတြအတြက္ အထူးသျဖင့္ အသက္ေဘးအႏၱရာယ္ လုံၿခံဳမႈမရွိဘဲ အေတာ္ေလးကို စိုးရိမ္ရတဲ့ အေနအထား ျဖစ္လာေနတယ္လို႔လည္း ကူညီကယ္ဆယ္ေပးေနသူေတြက ေျပာပါတယ္။ အျပည့္အစုံကုိ မဆုမြန္က ဆက္သြယ္ေမးျမန္း တင္ျပထားပါတယ္။

ရခိုင္ျပည္နယ္ထဲမွာ ရခိုင္တုိင္းရင္းသားလက္နက္ကိုင္တပ္ AA နဲ႔ အစိုးရစစ္တပ္တို႔ၾကား တုိက္ပြဲေတြ အျပင္းအထန္ ျဖစ္ပြားလာခဲ့တာ တႏွစ္ေက်ာ္ၾကာလာၿပီ ျဖစ္ပါတယ္။

ဒီလိုမ်ိဳး ျပင္းထန္တဲ့ တုိက္ပြဲေတြေၾကာင့္ အသက္ေဘးလု ေျပးခဲ့ရတဲ့ စစ္ေဘးစစ္ေရွာင္ဒုကၡသည္က တသိန္းေက်ာ္အထိ ရွိလာေနၿပီး စစ္ေဘးပဋိပကၡအတြင္း မသကၤာမႈေတြနဲ႔ အျပန္အလွန္ ဖမ္းဆီးစစ္ေဆးမႈေတြ ရွိလာလို႔ အရပ္သားျပည္သူေတြ ဆိုးဆိုးရြားရြား လံုၿခံဳမႈမဲ့ေနတဲ့ အေနအထား ျဖစ္ေနပါတယ္။

တုိက္ပြဲေတြ ျပင္းထန္ေနဆဲျဖစ္လို႔ ေဘးလြတ္ရာကို ထြက္ေျပးတိမ္းေရွာင္ေနရေပမယ့္လို႔ စစ္ေရွာင္ျပည္သူေတြကို အာဏာပိုင္ စစ္တပ္ဘက္က လက္နက္အင္အားသံုး ဝင္ေရာက္စီးနင္းၿပီး ဒုကၡသည္ေတြကို ေနခြင့္မေပးဘဲ ႏွင္ထုတ္တဲ့ျဖစ္ရပ္ မေန႔ ဇန္နဝါရီလ ၂၅ ရက္ေန႔ ညက ေျမပံုၿမိဳ႕နယ္ စညင္းဒုကၡသည္စခန္းတခုမွာ ျဖစ္ခဲ့တယ္လို႔ ေျမပံုၿမိဳ႕နယ္ ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ ဦးေဖသန္းက ေျပာပါတယ္။

“မေန႔ ၂၅ ရက္ေန႔ည ၁၁ နာရီေလာက္မွာ တပ္မေတာ္ စစ္ေၾကာင္းတခုက ေသနတ္ပစ္ေဖာက္ၿပီးေတာ့ ဝင္လာတယ္လို႔ ေျပာတယ္။ ၿပီးေတာ့ အဲဒီမွာ ရြာသားေတြကုိ တေနရာမွာ စုခုိင္းတယ္။ ၿပီးေတာ့ တဲေတြဖ်က္တယ္၊ မီး႐ႈိ႕တယ္၊ ၿပီးေတာ့ ရြာသားေတြကို ဒီမွာ မေနသင့္ဘူး။ ဒီေနရာက စခန္းခ်ရမယ့္ေနရာ မဟုတ္ဘူး၊ မနက္ျဖန္ေတြ႔ရင္ ဘာလုပ္မယ္ ညာလုပ္မယ္ဆုိၿပီး ၿခိမ္းေျခာက္ေျပာတယ္လို႔ ရြာသားေတြက က်ေနာ့္ကုိ သတင္းေပးတယ္။ သူတုိ႔ကလည္း ဘက္ႏွစ္ဘက္ၾကားမွာ ေျမစာပင္ျဖစ္ေနတဲ့ ဒုကၡသည္ေတြပါ။ ေျပးစရာလည္း ေျမမရွိေတာ့ ေတာ္ေတာ့ကုိ ဒုကၡေရာက္ေနၾကတယ္၊ မျပည့္အစုံနဲ႔။ အဲလုိအေျခအေနမွာ ဒီလုိျဖစ္တာကေတာ့ ေတာ္ေတာ့ကုိ ႐ုပ္ဆုိးအက်ည္းတန္တယ္လို႔ ျမင္တယ္။ တာဝန္မဲ့တယ္လို႔ ျမင္တယ္။ တာဝန္ရွိတဲ့ တပ္မေတာ္ကုိယ္တုိင္က အဲဒီ အနိ႒ာ႐ုံျဖစ္ေအာင္ ပုံေဖာ္ေနတယ္၊ ဒုကၡေရာက္ေအာင္ ႀကိဳးစားေနတယ္ဆိုတဲ့ သေဘာမ်ဳိး က်ေနာ္တုိ႔ ျမင္ရတယ္။ အဲဒါမ်ဳိးက မျဖစ္သင့္ဘူးလို႔ က်ေနာ္တုိ႔ဘက္ကေတာ့ သုံးသပ္ပါတယ္။”

ေျမပံုၿမိဳ႕နယ္ စညင္းဒုကၡသည္စခန္း တာဝန္ခံ ကိုမိုးဒီကလည္း စခန္းတာဝန္ခံျဖစ္တဲ့ သူ႔ကို စစ္တပ္တာဝန္ရွိသူေတြဘက္က ေမးျမန္းစစ္ေဆးမႈေတြနဲ႔ စခန္းကို မီး႐ႈိ႕ဖ်က္ဆီးသြားတဲ့ အေနအထားကို အခုလို ဗီြအိုေအျမန္မာပိုင္းကို ေျပာပါတယ္။

“ည ၁၁ နာရီဝန္းက်င္ေလာက္မွာ ဗမာ့စစ္ေၾကာင္းက ဝင္လာတယ္။ အဲဒီစခန္းနဲ႔ တဖာလုံေလာက္အေရာက္မွာ သူတုိ႔က ေသနတ္ေတြကို ပစ္ေဖာက္ၿပီး ဝင္လာတယ္။ အင္အားကေတာ့ ၂၀၀ နီးပါးေလာက္ ရွိပါတယ္။ အဲဒါနဲ႔ က်ေနာ္တုိ႔စခန္းကို ဝင္လာတယ္။ က်ေနာ္က ႐ုံးခန္းမွာ အိပ္ေနတယ္။ က်ေနာ့္ကုိ ႏႈိးတယ္။ ေဟ့လူ ထထ ဆုိၿပီး က်ေနာ့္ကုိ အျပင္ေခၚထုတ္လာတယ္။ အဲဒါနဲ႔ က်ေနာ္ ႐ုံးခန္းနားမွာ ဒူးေထာက္ၿပီး ထုိင္ေနေတာ့ က်ေနာ့္ကို အဲဒီနားမွာမေနနဲ႔၊ ဒီဘက္လာဆုိၿပီး ဆဲၿပီးေတာ့ေခၚတယ္။ စခန္းယာယီေဆာက္ထားတဲ့ ကယ္ဆယ္ေရးစခန္းထဲမွာရွိတဲ့ လူေတြကုိ ဆြဲထုတ္တယ္။ ဆြဲထုတ္ၿပီး က်ေနာ္နဲ႔အတူတူ တပုံတည္းထားတယ္။ ၿပီးေတာ့ စစ္တပ္က ဝုိင္းၿပီးေတာ့ အေပၚကို ေသနတ္ေထာင္ၿပီး ပစ္တယ္။

“အဲလိုပစ္ၿပီးေတာ့ သူတုိ႔က က်ေနာ့္ကိုေျပာတယ္။ မင္းတို႔ ဒီေနရာမွာေနဖုိ႔ ဘယ္သူက ေနခြင့္ေပးတာလဲ။ မင္းတုိ႔ ဒီေနရာမွာ ေနလို႔မရဘူး။ မင္းတုိ႔ မနက္ျဖန္ ဒီေနရာမွာ ျမင္လို႔ရွိရင္ မင္းတုိ႔အကုန္လုံးကုိ ပစ္သတ္လုိက္မယ္ဆုိၿပီး ေျပာတယ္။ က်ေနာ္တုိ႔ အရင္ကဆုိရင္ ဒီမွာ လူက ငါးရာေလာက္ရွိတယ္ စစ္ေျပးဒုကၡသည္။ အခုေတာ့ သူတို႔က အဲလိုေျပာေတာ့ ေၾကာက္ၿပီး ထြက္ေျပးသြားတဲ့သူေတြလည္း ရွိတယ္။ သူတုိ႔က ယာယီတဲသုံးလုံးကို အကုန္လုံး ဖ်က္ဆီးလိုက္တယ္။ ၿပီးေတာ့ ယာယီတဲမွာ မုိးထားတဲ့ အမိုးအကာေတြကို ဆြဲၿပီးေတာ့ ကားလမ္းမႀကီးမွာ မီး႐ႈိ႕လုိက္တယ္။ အခုထက္ထိ မီး႐ႈိ႕ထားတဲ့ဟာ ရွိပါေသးတယ္။ အနီးအနားမွာ တုိက္ပြဲေတြျဖစ္လို႔ က်ေနာ္တုိ႔ရြာကုိ မွီခုိအားထားၿပီး လာတာ။ အဲဒါကုိ သူတို႔က လာၿပီးေတာ့ ၿခိမ္းေျခာက္တယ္ဆုိတာ ဒါကေတာ့ က်ေနာ့္အျမင္ေျပာရရင္ အၾကမ္းဖက္ဆန္တယ္လို႔ ေျပာခ်င္တယ္။”

စညင္းမွာျဖစ္ခဲ့တဲ့ စေနညကျဖစ္ရပ္နဲ႔ ပတ္သက္လို႔ ဒီကေန႔ တနဂၤေႏြေန႔ တပ္မေတာ္ ေျပာေရးဆိုခြင့္ရွိသူေတြကို ဆက္သြယ္ေမးျမန္းေပမယ့္ ဆက္သြယ္လို႔ မရပါဘူး။

ရခုိင္ျပည္နယ္တြင္းက စစ္ျဖစ္ေနတဲ့ ၿမိဳ႕နယ္ ၁၀ ၿမိဳ႕နယ္က စခန္း ၉၀ ေက်ာ္က ဒုကၡသည္ တသိန္းေက်ာ္ရဲ႕ လက္ရွိရင္ဆိုင္ေနရတဲ့ အခုလို ဒုကၡသည္ေတြ ေနထုိင္ေရး အသက္အႏၱရာယ္လုံၿခံဳေရး စိုးရိမ္ရတဲ့ အေနအထားကိုေတာ့ စစ္ေျပးဒုကၡသည္ေတြကို ကူညီေဆာင္ရြက္ေပးေနတဲ့ ရခိုင္တုိင္းရင္းသားမ်ိဳးႏြယ္မ်ား အစည္းအ႐ံုးက အတြင္းေရးမွဴး ကိုေဇာ္ေဇာ္ထြန္းက အခုလိုေျပာျပပါတယ္။

“က်ေနာ္တုိ႔ ၂၅ ရက္ေန႔ ေန႔လယ္အထိ ေကာက္ယူရရွိထားတဲ့ စာရင္းအရေတာ့ တသိန္းေျခာက္ေထာင္ ေျခာက္ရာတဆယ့္ေလး ျဖစ္ပါတယ္။ တုိက္ပြဲေတြလည္း ျဖစ္ေလ့ျဖစ္ထရွိတယ္။ ၿပီးေတာ့ ႏွစ္ဖက္စစ္ေၾကာင္းေတြကလည္း မၾကာခန စစ္ေရးလႈပ္ရွားမႈေတြ ရွိတဲ့ေနရာေတြမွာၾကေတာ့ လူေတြက ေတာ္ေတာ္ေလးကုိ စုိးတထိတ္ထိတ္နဲ႔ ေနၾကရပါတယ္။ စားဝတ္ေနေရးလည္း ေထာက္ပံ့ကူညီမႈ အျပည့္အစုံ မရတဲ့အခါမွာ သူတုိ႔ကလည္း နီးစပ္ရာမွာ ဝမ္းစာရွာရတာရွိတယ္၊ ထင္းရွာတာေတြရွိတယ္။ အဲဒီအခါ မၾကာခနဆုိသလုိပဲ တပ္မေတာ္ဘက္က ဖမ္းဆီးတာတို႔ တဖက္လက္နက္ကုိင္ဘက္က ေခၚယူသြားတာတုိ႔ ဒီလိုမ်ဳိးေတြ ၾကားေနရပါတယ္။ ၿပီးေတာ့ မုိင္းကြဲတာ မၾကာမၾကာ ၾကားေနရပါတယ္။ အဲေတာ့ ျပည္သူလူထုရဲ႕ လုံၿခဳံမႈကေတာ့ အေတာ္ေလးကို အားနည္းေနတဲ့ အေျခအေနမွာ ရွိေနပါတယ္။”

ရခိုင္ျပည္သူေတြရဲ႕ ေတြ႔ႀကံဳရင္ဆိုင္ေနရတဲ့ စစ္ေဘးဒုကၡသည္ေတြ လံုၿခံဳေရး အေျခအေနေတြကို ရခိုင္ျပည္နယ္အစိုးရ၊ ျပည္ေထာင္စုအစိုးရနဲ႔ တပ္မေတာ္ဘက္က လံုၿခံဳေရးပိုင္းဆိုင္ရာ ေဆာင္ရြက္ေပးမႈ အားနည္းေနတဲ့ အေနအထား ျဖစ္တယ္လို႔လည္း ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ ဦးေဖသန္းက ေျပာပါတယ္။

စစ္ပြဲေၾကာင့္ အသက္လုေျပးေနရခ်ိန္ အခုလို လံုၿခံဳမႈမဲ့တဲ့ အေနအထားေတြ ျဖစ္လာေနတဲ့အေပၚ ရခိုင္ျပည္နယ္တြင္းက ျပည္သူေတြအတြက္ ႏုိင္ငံသားတို႔အတြက္ လံုၿခံဳေရး အကာအကြယ္ေပးပါလို႔ ျပည္ေထာင္စုအစိုးရနဲ႔ ျပည္နယ္အစိုးရကို ရခိုင္လႊတ္ေတာ္ကိုယ္စားလွယ္နဲ႔ ကူညီကယ္ဆယ္ေပးေနသူေတြက ေတာင္းဆိုေနၾကပါတယ္။

----------------------------------

(Unicode)

စညင်းစစ်ရှောင်စခန်းက ဒုက္ခသည်တွေကို စစ်တပ်နှင်ထုတ်

စစ်ရေးပဋိပက္ခတွေ ပြင်းထန်နေတဲ့ ရခိုင်ပြည်နယ် မြေပုံမြို့နယ်ထဲက စညင်းစစ်ဘေးရှောင်စခန်းတခုကို မနေ့ညက စစ်တပ်က လက်နက်အင်အားသုံး ဝင်ရောက်ဖျက်ဆီးပြီး စစ်ပြေးဒုက္ခသည်တွေကို နေခွင့်မပေးဘဲ လုံခြုံရေး တင်းကျပ်စွာ ချထားတယ်လို့ မြေပုံမြို့နယ် လွှတ်တော်ကိုယ်စားလှယ်က ပြောပါတယ်။ တိုက်ပွဲတွေ ပြင်းထန်နေဆဲ ရခိုင်ပြည်နယ်ထဲက မြို့နယ် ၁၀ မြို့နယ်မှာ ဒုက္ခသည်စခန်း ၉၀ ကျော် ရှိလာနေပြီး ဒုက္ခသည်ဦးရေပေါင်းက တသိန်းခြောက်ထောင်ကျော်သွားပြီ ဖြစ်ပါတယ်။ စားနပ်ရိက္ခာနဲ့ နေစရာ အခက်အခဲဖြစ်နေတဲ့ ဒုက္ခသည်တွေအတွက် အထူးသဖြင့် အသက်ဘေးအန္တရာယ် လုံခြုံမှုမရှိဘဲ အတော်လေးကို စိုးရိမ်ရတဲ့ အနေအထား ဖြစ်လာနေတယ်လို့လည်း ကူညီကယ်ဆယ်ပေးနေသူတွေက ပြောပါတယ်။ အပြည့်အစုံကို မဆုမွန်က ဆက်သွယ်မေးမြန်း တင်ပြထားပါတယ်။

ရခိုင်ပြည်နယ်ထဲမှာ ရခိုင်တိုင်းရင်းသားလက်နက်ကိုင်တပ် AA နဲ့ အစိုးရစစ်တပ်တို့ကြား တိုက်ပွဲတွေ အပြင်းအထန် ဖြစ်ပွားလာခဲ့တာ တနှစ်ကျော်ကြာလာပြီ ဖြစ်ပါတယ်။ ဒီလိုမျိုး ပြင်းထန်တဲ့ တိုက်ပွဲတွေကြောင့် အသက်ဘေးလု ပြေးခဲ့ရတဲ့ စစ်ဘေးစစ်ရှောင်ဒုက္ခသည်က တသိန်းကျော်အထိ ရှိလာနေပြီး စစ်ဘေးပဋိပက္ခအတွင်း မသင်္ကာမှုတွေနဲ့ အပြန်အလှန် ဖမ်းဆီးစစ်ဆေးမှုတွေ ရှိလာလို့ အရပ်သားပြည်သူတွေ ဆိုးဆိုးရွားရွား လုံခြုံမှုမဲ့နေတဲ့ အနေအထား ဖြစ်နေပါတယ်။

တိုက်ပွဲတွေ ပြင်းထန်နေဆဲဖြစ်လို့ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရပေမယ့်လို့ စစ်ရှောင်ပြည်သူတွေကို အာဏာပိုင် စစ်တပ်ဘက်က လက်နက်အင်အားသုံး ဝင်ရောက်စီးနင်းပြီး ဒုက္ခသည်တွေကို နေခွင့်မပေးဘဲ နှင်ထုတ်တဲ့ဖြစ်ရပ် မနေ့ ဇန်နဝါရီလ ၂၅ ရက်နေ့ ညက မြေပုံမြို့နယ် စညင်းဒုက္ခသည်စခန်းတခုမှာ ဖြစ်ခဲ့တယ်လို့ မြေပုံမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဖေသန်းက ပြောပါတယ်။

“မနေ့ ၂၅ ရက်နေ့ည ၁၁ နာရီလောက်မှာ တပ်မတော် စစ်ကြောင်းတခုက သေနတ်ပစ်ဖောက်ပြီးတော့ ဝင်လာတယ်လို့ ပြောတယ်။ ပြီးတော့ အဲဒီမှာ ရွာသားတွေကို တနေရာမှာ စုခိုင်းတယ်။ ပြီးတော့ တဲတွေဖျက်တယ်၊ မီးရှို့တယ်၊ ပြီးတော့ ရွာသားတွေကို ဒီမှာ မနေသင့်ဘူး။ ဒီနေရာက စခန်းချရမယ့်နေရာ မဟုတ်ဘူး၊ မနက်ဖြန်တွေ့ရင် ဘာလုပ်မယ် ညာလုပ်မယ်ဆိုပြီး ခြိမ်းခြောက်ပြောတယ်လို့ ရွာသားတွေက ကျနော့်ကို သတင်းပေးတယ်။ သူတို့ကလည်း ဘက်နှစ်ဘက်ကြားမှာ မြေစာပင်ဖြစ်နေတဲ့ ဒုက္ခသည်တွေပါ။ ပြေးစရာလည်း မြေမရှိတော့ တော်တော့ကို ဒုက္ခရောက်နေကြတယ်၊ မပြည့်အစုံနဲ့။ အဲလိုအခြေအနေမှာ ဒီလိုဖြစ်တာကတော့ တော်တော့ကို ရုပ်ဆိုးအကျည်းတန်တယ်လို့ မြင်တယ်။ တာဝန်မဲ့တယ်လို့ မြင်တယ်။ တာဝန်ရှိတဲ့ တပ်မတော်ကိုယ်တိုင်က အဲဒီ အနိဋ္ဌာရုံဖြစ်အောင် ပုံဖော်နေတယ်၊ ဒုက္ခရောက်အောင် ကြိုးစားနေတယ်ဆိုတဲ့ သဘောမျိုး ကျနော်တို့ မြင်ရတယ်။ အဲဒါမျိုးက မဖြစ်သင့်ဘူးလို့ ကျနော်တို့ဘက်ကတော့ သုံးသပ်ပါတယ်။”

မြေပုံမြို့နယ် စညင်းဒုက္ခသည်စခန်း တာဝန်ခံ ကိုမိုးဒီကလည်း စခန်းတာဝန်ခံဖြစ်တဲ့ သူ့ကို စစ်တပ်တာဝန်ရှိသူတွေဘက်က မေးမြန်းစစ်ဆေးမှုတွေနဲ့ စခန်းကို မီးရှို့ဖျက်ဆီးသွားတဲ့ အနေအထားကို အခုလို ဗွီအိုအေမြန်မာပိုင်းကို ပြောပါတယ်။

“ည ၁၁ နာရီဝန်းကျင်လောက်မှာ ဗမာ့စစ်ကြောင်းက ဝင်လာတယ်။ အဲဒီစခန်းနဲ့ တဖာလုံလောက်အရောက်မှာ သူတို့က သေနတ်တွေကို ပစ်ဖောက်ပြီး ဝင်လာတယ်။ အင်အားကတော့ ၂၀၀ နီးပါးလောက် ရှိပါတယ်။ အဲဒါနဲ့ ကျနော်တို့စခန်းကို ဝင်လာတယ်။ ကျနော်က ရုံးခန်းမှာ အိပ်နေတယ်။ ကျနော့်ကို နှိုးတယ်။ ဟေ့လူ ထထ ဆိုပြီး ကျနော့်ကို အပြင်ခေါ်ထုတ်လာတယ်။ အဲဒါနဲ့ ကျနော် ရုံးခန်းနားမှာ ဒူးထောက်ပြီး ထိုင်နေတော့ ကျနော့်ကို အဲဒီနားမှာမနေနဲ့၊ ဒီဘက်လာဆိုပြီး ဆဲပြီးတော့ခေါ်တယ်။ စခန်းယာယီဆောက်ထားတဲ့ ကယ်ဆယ်ရေးစခန်းထဲမှာရှိတဲ့ လူတွေကို ဆွဲထုတ်တယ်။ ဆွဲထုတ်ပြီး ကျနော်နဲ့အတူတူ တပုံတည်းထားတယ်။ ပြီးတော့ စစ်တပ်က ဝိုင်းပြီးတော့ အပေါ်ကို သေနတ်ထောင်ပြီး ပစ်တယ်။

“အဲလိုပစ်ပြီးတော့ သူတို့က ကျနော့်ကိုပြောတယ်။ မင်းတို့ ဒီနေရာမှာနေဖို့ ဘယ်သူက နေခွင့်ပေးတာလဲ။ မင်းတို့ ဒီနေရာမှာ နေလို့မရဘူး။ မင်းတို့ မနက်ဖြန် ဒီနေရာမှာ မြင်လို့ရှိရင် မင်းတို့အကုန်လုံးကို ပစ်သတ်လိုက်မယ်ဆိုပြီး ပြောတယ်။ ကျနော်တို့ အရင်ကဆိုရင် ဒီမှာ လူက ငါးရာလောက်ရှိတယ် စစ်ပြေးဒုက္ခသည်။ အခုတော့ သူတို့က အဲလိုပြောတော့ ကြောက်ပြီး ထွက်ပြေးသွားတဲ့သူတွေလည်း ရှိတယ်။ သူတို့က ယာယီတဲသုံးလုံးကို အကုန်လုံး ဖျက်ဆီးလိုက်တယ်။ ပြီးတော့ ယာယီတဲမှာ မိုးထားတဲ့ အမိုးအကာတွေကို ဆွဲပြီးတော့ ကားလမ်းမကြီးမှာ မီးရှို့လိုက်တယ်။ အခုထက်ထိ မီးရှို့ထားတဲ့ဟာ ရှိပါသေးတယ်။ အနီးအနားမှာ တိုက်ပွဲတွေဖြစ်လို့ ကျနော်တို့ရွာကို မှီခိုအားထားပြီး လာတာ။ အဲဒါကို သူတို့က လာပြီးတော့ ခြိမ်းခြောက်တယ်ဆိုတာ ဒါကတော့ ကျနော့်အမြင်ပြောရရင် အကြမ်းဖက်ဆန်တယ်လို့ ပြောချင်တယ်။”

စညင်းမှာဖြစ်ခဲ့တဲ့ စနေညကဖြစ်ရပ်နဲ့ ပတ်သက်လို့ ဒီကနေ့ တနင်္ဂနွေနေ့ တပ်မတော် ပြောရေးဆိုခွင့်ရှိသူတွေကို ဆက်သွယ်မေးမြန်းပေမယ့် ဆက်သွယ်လို့ မရပါဘူး။

ရခိုင်ပြည်နယ်တွင်းက စစ်ဖြစ်နေတဲ့ မြို့နယ် ၁၀ မြို့နယ်က စခန်း ၉၀ ကျော်က ဒုက္ခသည် တသိန်းကျော်ရဲ့ လက်ရှိရင်ဆိုင်နေရတဲ့ အခုလို ဒုက္ခသည်တွေ နေထိုင်ရေး အသက်အန္တရာယ်လုံခြုံရေး စိုးရိမ်ရတဲ့ အနေအထားကိုတော့ စစ်ပြေးဒုက္ခသည်တွေကို ကူညီဆောင်ရွက်ပေးနေတဲ့ ရခိုင်တိုင်းရင်းသားမျိုးနွယ်များ အစည်းအရုံးက အတွင်းရေးမှူး ကိုဇော်ဇော်ထွန်းက အခုလိုပြောပြပါတယ်။

“ကျနော်တို့ ၂၅ ရက်နေ့ နေ့လယ်အထိ ကောက်ယူရရှိထားတဲ့ စာရင်းအရတော့ တသိန်းခြောက်ထောင် ခြောက်ရာတဆယ့်လေး ဖြစ်ပါတယ်။ တိုက်ပွဲတွေလည်း ဖြစ်လေ့ဖြစ်ထရှိတယ်။ ပြီးတော့ နှစ်ဖက်စစ်ကြောင်းတွေကလည်း မကြာခန စစ်ရေးလှုပ်ရှားမှုတွေ ရှိတဲ့နေရာတွေမှာကြတော့ လူတွေက တော်တော်လေးကို စိုးတထိတ်ထိတ်နဲ့ နေကြရပါတယ်။ စားဝတ်နေရေးလည်း ထောက်ပံ့ကူညီမှု အပြည့်အစုံ မရတဲ့အခါမှာ သူတို့ကလည်း နီးစပ်ရာမှာ ဝမ်းစာရှာရတာရှိတယ်၊ ထင်းရှာတာတွေရှိတယ်။ အဲဒီအခါ မကြာခနဆိုသလိုပဲ တပ်မတော်ဘက်က ဖမ်းဆီးတာတို့ တဖက်လက်နက်ကိုင်ဘက်က ခေါ်ယူသွားတာတို့ ဒီလိုမျိုးတွေ ကြားနေရပါတယ်။ ပြီးတော့ မိုင်းကွဲတာ မကြာမကြာ ကြားနေရပါတယ်။ အဲတော့ ပြည်သူလူထုရဲ့ လုံခြုံမှုကတော့ အတော်လေးကို အားနည်းနေတဲ့ အခြေအနေမှာ ရှိနေပါတယ်။”

ရခိုင်ပြည်သူတွေရဲ့ တွေ့ကြုံရင်ဆိုင်နေရတဲ့ စစ်ဘေးဒုက္ခသည်တွေ လုံခြုံရေး အခြေအနေတွေကို ရခိုင်ပြည်နယ်အစိုးရ၊ ပြည်ထောင်စုအစိုးရနဲ့ တပ်မတော်ဘက်က လုံခြုံရေးပိုင်းဆိုင်ရာ ဆောင်ရွက်ပေးမှု အားနည်းနေတဲ့ အနေအထား ဖြစ်တယ်လို့လည်း ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဖေသန်းက ပြောပါတယ်။

စစ်ပွဲကြောင့် အသက်လုပြေးနေရချိန် အခုလို လုံခြုံမှုမဲ့တဲ့ အနေအထားတွေ ဖြစ်လာနေတဲ့အပေါ် ရခိုင်ပြည်နယ်တွင်းက ပြည်သူတွေအတွက် နိုင်ငံသားတို့အတွက် လုံခြုံရေး အကာအကွယ်ပေးပါလို့ ပြည်ထောင်စုအစိုးရနဲ့ ပြည်နယ်အစိုးရကို ရခိုင်လွှတ်တော်ကိုယ်စားလှယ်နဲ့ ကူညီကယ်ဆယ်ပေးနေသူတွေက တောင်းဆိုနေကြပါတယ်။

တိုက္႐ိုက္ လင့္ခ္


XS
SM
MD
LG