သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒေသလုံခြုံရေး ASEAN ဝန်ကြီးတွေ ဆွေးနွေးမည်


ASEAN ဝန်ကြီးများအစည်းအဝေး (ဒီဇင်ဘာ ၂၀၁၆) ( Ministry of Foreign Affairs Myanmar)
ASEAN ဝန်ကြီးများအစည်းအဝေး (ဒီဇင်ဘာ ၂၀၁၆) ( Ministry of Foreign Affairs Myanmar)

အကြမ်းဖက်မှုတိုက်ဖျက်ရေး၊ သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးနဲ့ ရာသီဥတုပြောင်းလဲမှုတိုက်ဖက်ရေး စတဲ့အရေးတကြီးကိစ္စတွေကို အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေ ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့တော်မှာ ရှေ့သီတင်းပတ်ကျရင် ဆွေးနွေးကြဖို့ရှိပါတယ်။

အနှစ် ၅၀ ပြည့် အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများဆွေးနွေးပွဲနဲ့ အာဆီယံဆွေးနွေးဖက်နိုင်ငံတွေနဲ့ တခြားဆွေးနွေးပွဲတွေကို August လ ၂ ရက်နေ့ကနေ ၈ ရက်နေ့အထိ ကျင်းပမှာဖြစ်ပါတယ်။

အဲဒီဆွေးနွေးပွဲတွေမှာ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Rex Tillerson ရုရှားနိုင်ငံခြားရေးဝန်ကြီး Sergey Lavrov၊ တရုတ်နိုင်ငံခြားရေး Wang Yi တို့အပြင် EU ဥရောပသမဂ္ဂရဲ့ နိုင်ငံခြားရေးနဲ့လုံခြုံရေး မူဝါဒပိုင်းဆိုင်ရာအကြီးအကဲ Federica Mogherini တို့လည်း တက်ရောက်ကြဖို့ရှိပါတယ်။

အာဆီယံစီးပွားရေး အသိုက်အဝန်းကြီးအတွက် ၂၀၂၅ ခုနှစ် ရည်မှန်းချက်တွေအကောင်အထည်ဖော်နိုင်ရေး အစီအစဉ်တွေ ဘယ်လောက်တိုးတက်မှုရှိသလဲဆိုတာကို အာဆီယံခေါင်းဆောင်တွေ ဆွေးနွေးသုံးသပ်ကြမယ်လို့ ဖိလစ်ပိုင်နိုင်ငံခြားရေးဌာနက ပြောပါတယ်။ ဒါ့အပြင် အာရှ Pacific ဒေသတွင်း လုံခြုံရေးအခြေအနေ၊ ရေကြောင်းလုံခြုံရေးနဲ့ ပူးပေါင်းဆောင်ရွက်ရေး။ အကြမ်းဖက်ဝါဒတိုက်ဖျက်ရေးစတဲ့ ဘုံစိုးရိမ်စရာကိစ္စတွေကိုလည်း ဆွေးနွေးကြမှာဖြစ်ပါတယ်။

အာဆီယံနိုင်ငံတွေနဲ့ တရုတ်နိုင်ငံကြား တောင်တရုတ်ပင်လယ်အတွင်းလိုက်နာရမယ့် စည်းမျဉ်း စည်းကမ်းတွေကို တရုတ်နဲ့ညှိနှိုင်းသဘောတူနိုင်မယ်လို့ အကောင်းမြင်ကြောင်း ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီး Alan Cayetano က ဒီသတင်းပါတ်ထဲမှာပဲ ပြောကြားထားပါတယ်။ အာဆီယံအသင်းကြီးတည်ထောင်ခဲ့တာ အနှစ် ၅၀ ပြည့်အထိမ်းအမှတ်အဖြစ် August လ ၈ ရက်နေ့ကျရင် သမ္မတ Rodrigo Duterte ကမိန့်ခွန်းပြောကြားမှာဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG