သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

အေရွ႕အာရွ ထိပ္သီးညီလာခံ ကန္အဆင့္နိမ့္ကိုယ္စားလွယ္ပဲ လႊတ္မည္


(Zawgyi/Unicode)

ျမန္မာႏုိင္ငံ အပါအ၀င္ အေရွ႕ေတာင္အာရွ ႏုိင္ငံမ်ားအသင္း (Asean) နဲ႔ အေရွ႕အာရွ ထိပ္သီးညီလာခံေတြ ေရွ႕သီတင္းပတ္ထဲ ထုိင္းႏုိင္ငံမွာ က်င္းပတဲ့အခါ အေမရိကန္က အဆင့္နိမ့္ ကုိယ္စားလွယ္အဖဲြ႔ကုိသာ ေစလႊတ္ဖုိ႔ စီစဥ္ထားပါတယ္။

ထိပ္သီးအစည္းအေ၀းပဲြေတြကုိ အေမရိကန္ သမၼတ Donald Trump မၾကာေသးခင္ကမွ ခန္႔အပ္လုိက္တဲ့ အမ်ဳိးသားလုံၿခံဳေရး အႀကံေပးအရာရွိ Robert C. O'Brien နဲ႔ ကူးသန္းေရာင္း၀ယ္ေရး၀န္ႀကီး Wilbur Ross တုိ႔ကုိ ေစလႊတ္မွာျဖစ္ေၾကာင္း မေန႔တုန္းကပဲ အိမ္ျဖဴေတာ္က ေၾကညာခ်က္ခဲ့တာပါ။

Asean ၁၀ ႏုိင္ငံရဲ႕ ႏွစ္ပတ္လည္ ထိပ္သီးညီလာခံနဲ႔ အေရွ႕အာရွ ထိပ္သီး အစည္းအေ၀းပဲြေတြ ကုိေတာ့ အသင္း၀င္ ႏုိင္ငံေတြအျပင္ အေမရိကန္၊ တ႐ုတ္၊ ႐ုရွား၊ ဂ်ပန္နဲ႔ ေတာင္ကုိရီးယား ႏုိင္ငံေတြက အဆင့္ျမင့္ေခါင္းေဆာင္ေတြ တက္ေရာက္ၾကမွာျဖစ္ၿပီး၊ သီးသန္႔ေတြ႔ဆုံမယ့္ အစီအစဥ္ေတြလည္း ပါ၀င္မွာ ျဖစ္ပါတယ္။

ဒါေပမဲ့လည္း အေမရိကန္ကေတာ့ သမၼတ Trump ကုိယ္စား အမ်ဳိးသားလုံၿခံဳေရး အႀကံေပးအရာရွိ O'Brien တက္ေရာက္မွာျဖစ္ၿပီး၊ ကုန္သြယ္ေရး ကုိယ္စားလွယ္ အဖဲြ႔ကုိ ဦးေဆာင္မယ့္ ကူးသန္းေရာင္း၀ယ္ေရး၀န္ႀကီး Ross ကေတာ့ ႏုိ၀င္ဘာ ၃ ရက္ေန႔ကေန ၈ ရက္ေန႔အထိ ထုိင္းႏုိင္ငံမွာ ရွိေနမွာျဖစ္ၿပီး တနလၤာေန႔မွာ က်င္းပမယ့္ အင္ဒုိ-ပစိဖိတ္ စီးပြားေရးဖုိရမ္ကုိ တက္ေရာက္မွာပါ။

ၿပီးခဲ့တဲ့ႏွစ္ ထိပ္သီးညီလာခံေတြကုိေတာ့ အေမရိကန္က ဒုသမၼတ Mike Pence တက္ေရာက္ခဲ့သလုိ၊ ၂၀၁၇ ခုႏွစ္တုန္းက ထိပ္သီးညီလာခံကုိေတာ့ သမၼတ Trump ကုိယ္တုိင္ တက္ေရာက္ခဲ့ဖူးပါတယ္။ ဒီႏွစ္ ထိပ္သီးအစည္းအေ၀းပဲြေတြကုိေတာ့ တ႐ုတ္ႏုိင္ငံက ၀န္ႀကီးခ်ဳပ္ Li Keqiang ဂ်ပန္၀န္ႀကီးခ်ဳပ္ Shinzo Abe တုိ႔လည္း တက္ေရာက္ၾကမွာပါ။ ျမန္မာႏုိင္ငံကေတာ့ ႏုိင္ငံေတာ္ အတုိင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ တက္ေရာက္မွာ ျဖစ္ပါတယ္။

ထိပ္သီး ညီလာခံေတြနဲ႔ ဆက္စပ္အစည္းအေ၀းပဲြေတြအတြင္း ျမန္မာႏုိင္ငံ ရခုိင္ျပည္နယ္ အက်ပ္အတည္း၊ ေတာင္တ႐ုတ္ပင္လယ္က နယ္ေျမပုိင္ဆုိင္မႈအတြက္ အျငင္းပြားမႈ ျပႆနာနဲ႔ ေျမာက္ကုိရီးယားရဲ႕ ႏ်ဴကလီးယားအေရး စတဲ့ ေဒသတြင္း ျပႆနာေတြနဲ႔ စီးပြားေရး၊ ရင္းႏွီးျမွဳပ္ႏွံမႈေတြမွာ ပူးေပါင္းေဆာင္ရြက္ေရး ကိစၥေတြကုိလည္း ေဆြးေနြးျဖစ္လိမ့္မယ္လုိ႔ ေမွ်ာ္လင့္ထားၾကပါတယ္။

တိုက္႐ိုက္ လင့္ခ္


................

အရှေ့အာရှ ထိပ်သီးညီလာခံ ကန်အဆင့်နိမ့်ကိုယ်စားလှယ်ပဲ လွှတ်မည်

(Unicode)

မြန်မာနိုင်ငံ အပါအဝင် အရှေ့တောင်အာရှ နိုင်ငံများအသင်း (Asean) နဲ့ အရှေ့အာရှ ထိပ်သီးညီလာခံတွေ ရှေ့သီတင်းပတ်ထဲ ထိုင်းနိုင်ငံမှာ ကျင်းပတဲ့အခါ အမေရိကန်က အဆင့်နိမ့် ကိုယ်စားလှယ်အဖွဲ့ကိုသာ စေလွှတ်ဖို့ စီစဉ်ထားပါတယ်။

ထိပ်သီးအစည်းအဝေးပွဲတွေကို အမေရိကန် သမ္မတ Donald Trump မကြာသေးခင်ကမှ ခန့်အပ်လိုက်တဲ့ အမျိုးသားလုံခြုံရေး အကြံပေးအရာရှိ Robert C. O'Brien နဲ့ ကူးသန်းရောင်းဝယ်ရေးဝန်ကြီး Wilbur Ross တို့ကို စေလွှတ်မှာဖြစ်ကြောင်း မနေ့တုန်းကပဲ အိမ်ဖြူတော်က ကြေညာချက်ခဲ့တာပါ။

Asean ၁၀ နိုင်ငံရဲ့ နှစ်ပတ်လည် ထိပ်သီးညီလာခံနဲ့ အရှေ့အာရှ ထိပ်သီး အစည်းအဝေးပွဲတွေ ကိုတော့ အသင်းဝင် နိုင်ငံတွေအပြင် အမေရိကန်၊ တရုတ်၊ ရုရှား၊ ဂျပန်နဲ့ တောင်ကိုရီးယား နိုင်ငံတွေက အဆင့်မြင့်ခေါင်းဆောင်တွေ တက်ရောက်ကြမှာဖြစ်ပြီး၊ သီးသန့်တွေ့ဆုံမယ့် အစီအစဉ်တွေလည်း ပါဝင်မှာ ဖြစ်ပါတယ်။

ဒါပေမဲ့လည်း အမေရိကန်ကတော့ သမ္မတ Trump ကိုယ်စား အမျိုးသားလုံခြုံရေး အကြံပေးအရာရှိ O'Brien တက်ရောက်မှာဖြစ်ပြီး၊ ကုန်သွယ်ရေး ကိုယ်စားလှယ် အဖွဲ့ကို ဦးဆောင်မယ့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး Ross ကတော့ နိုဝင်ဘာ ၃ ရက်နေ့ကနေ ၈ ရက်နေ့အထိ ထိုင်းနိုင်ငံမှာ ရှိနေမှာဖြစ်ပြီး တနင်္လာနေ့မှာ ကျင်းပမယ့် အင်ဒို-ပစိဖိတ် စီးပွားရေးဖိုရမ်ကို တက်ရောက်မှာပါ။

ပြီးခဲ့တဲ့နှစ် ထိပ်သီးညီလာခံတွေကိုတော့ အမေရိကန်က ဒုသမ္မတ Mike Pence တက်ရောက်ခဲ့သလို၊ ၂၀၁၇ ခုနှစ်တုန်းက ထိပ်သီးညီလာခံကိုတော့ သမ္မတ Trump ကိုယ်တိုင် တက်ရောက်ခဲ့ဖူးပါတယ်။ ဒီနှစ် ထိပ်သီးအစည်းအဝေးပွဲတွေကိုတော့ တရုတ်နိုင်ငံက ဝန်ကြီးချုပ် Li Keqiang ဂျပန်ဝန်ကြီးချုပ် Shinzo Abe တို့လည်း တက်ရောက်ကြမှာပါ။ မြန်မာနိုင်ငံကတော့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တက်ရောက်မှာ ဖြစ်ပါတယ်။

ထိပ်သီး ညီလာခံတွေနဲ့ ဆက်စပ်အစည်းအဝေးပွဲတွေအတွင်း မြန်မာနိုင်ငံ ရခိုင်ပြည်နယ် အကျပ်အတည်း၊ တောင်တရုတ်ပင်လယ်က နယ်မြေပိုင်ဆိုင်မှုအတွက် အငြင်းပွားမှု ပြဿနာနဲ့ မြောက်ကိုရီးယားရဲ့ နျူကလီးယားအရေး စတဲ့ ဒေသတွင်း ပြဿနာတွေနဲ့ စီးပွားရေး၊ ရင်းနှီးမြှုပ်နှံမှုတွေမှာ ပူးပေါင်းဆောင်ရွက်ရေး ကိစ္စတွေကိုလည်း ဆွေးနွေးဖြစ်လိမ့်မယ်လို့ မျှော်လင့်ထားကြပါတယ်။

XS
SM
MD
LG