သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ႏွစ္ႏွစ္ၾကာ ျပည္ဝင္ခြင့္ကန္သတ္မႈ ဩစေၾတးလ်ဖယ္ရွား


ကိုဗစ္ကန္႔သတ္ခ်က္ေတြေလွ်ာ့အၿပီး ပထမဆံုးေလယာဥ္ခရီးစဥ္နဲ႔ေရာက္လာတဲ့ ေျမးျဖစ္သူနဲ႔ ေတြ႔ဆံုခြင့္ရတဲ့ အဘိုးအဖြားမ်ား။ (ေဖေဖၚဝါရီ ၂၁၊ ၂၀၂၂) 

[[Zawgyi/Unicode]]

ကိုဗစ္ကပ္ေရာဂါေၾကာင့္ႏိုင္ငံတကာခရီးသြားေတြအေပၚ ၂ ႏွစ္နီးပါးျပည္ဝင္ခြင့္ကန႔္သတ္ထားတာကို ဖယ္ရွားလိုက္ၿပီလို႔ ၾသစေတးလ်ႏိုင္ငံ၊ New South Wales ျပည္နယ္ဝန္ႀကီးခ်ဳပ္ Dominic Perrotte ကဒီကေန႔ေၾကညာပါတယ္။

အစၥေရးလ္ႏိုင္ငံကလည္း ကိုဗစ္ကာကြယ္ေဆးထိုးမထားတဲ့ ကမာၻလွည့္ခရီးသြားေတြကိုမတ္လ ၁ ရက္ေန႔ကစၿပီး ျပည္ဝင္ခြင့္ျပဳမယ္လို႔ မေန႔က ေၾကျငာပါတယ္။ ဒါေပမယ့္လည္း ခရီးသည္ေတြအေနနဲ႔ အစၥေရးလ္ကိုေရာက္တဲ့အခ်ိန္ နဲ႔ ျပန္ထြက္မယ့္အခ်ိန္မွာေတာ့ ကိုွဗစ္ PCR စစ္ေဆးခ်က္၂ ႀကိမ္လုပ္ရမွာပါ။

ပိုးကူးသူ ကမာၻမွာအမ်ားဆုံးရွိတဲ့ အေမရိကန္မွာ ပိုးကူးသူအသစ္ေရာ ေသဆုံးသူပါ ပုံမွန္က်ဆင္းလာေနပါတယ္။

ကပ္ေရာဂါေၾကာင့္ လူနာေတြကို ေရွ႕တန္းကျပဳစုကုသေနရတဲ့ ကမာၻတဝန္းက က်န္းမာေရးလုပ္သားေတြရဲ႕ က်န္းမာေရးလည္း ထိခိုက္ေနရၿပီး အသက္ပါဆုံးရႈံးေနရတာပါ။ ဒီက႑မွာ လုပ္ကိုင္တဲ့သူေတြအေနနဲ႔ လုပ္ငန္းခြင္မွာ က်န္းမာေဘးကင္းစြား လိုက္နာေဆာင္႐ြက္ရမယ့္ လမ္းၫႊန္ခ်က္ေတြကို ကမာၻ႔က်န္းမာေရးအဖြဲ႕ WHO နဲ႔ကမာၻ႔အလုပ္သမားအဖြဲ႔ ILO တို႔ပူးတြဲထုတ္ျပန္လိုက္ပါတယ္။ က်န္းမာေရးလုပ္သားေတြရဲ႕လုံၿခဳံေရးနဲ႔ က်န္းမာေရးအတြက္ စနစ္ေကာင္းေတြမရွိတာေၾကာင့္ ကပ္ေရာဂါျဖစ္လာၿပီး ၁၈လ အတြင္း ကိုဗစ္နဲ႔ ေသဆုံးရသူ က်န္းမာေရးဝန္ထမ္း တသိန္း တေသာင္းခြဲရွိတယ္လို႔ WHO က်န္းမာေရးဝန္ထမ္းဆိုင္ရာဌာန ၫႊန္ၾကားေရးမႉး James Campbell ကေျပာပါတယ္။

အေမရိကန္ Johns Hopkinks ကိုဗစ္သုေတသနစစ္တမ္းအရ ဒီကေန႔မနက္ထိ ကမာၻတဝန္းပိုးကူးခံရသူ ၄၂၄ သန္းေက်ာ္နဲ႔ ေသဆုံးသူက ၆ သန္းဝန္းက်င္ရွိပါတယ္။

တိုက္႐ိုက္ လင့္ခ္

========

[[Unicode]]

နှစ်နှစ်ကြာ ပြည်ဝင်ခွင့်ကန်သတ်မှု ဩစတြေးလျဖယ်ရှား

ကိုဗစ်ကပ်ရောဂါကြောင့်နိုင်ငံတကာခရီးသွားတွေအပေါ် ၂ နှစ်နီးပါးပြည်ဝင်ခွင့်ကန့်သတ်ထားတာကို ဖယ်ရှားလိုက်ပြီလို့ သြစတေးလျနိုင်ငံ၊ New South Wales ပြည်နယ်ဝန်ကြီးချုပ် Dominic Perrotte ကဒီကနေ့ကြေညာပါတယ်။

အစ္စရေးလ်နိုင်ငံကလည်း ကိုဗစ်ကာကွယ်ဆေးထိုးမထားတဲ့ ကမ္ဘာလှည့်ခရီးသွားတွေကိုမတ်လ ၁ ရက်နေ့ကစပြီး ပြည်ဝင်ခွင့်ပြုမယ်လို့ မနေ့က ကြေငြာပါတယ်။ ဒါပေမယ့်လည်း ခရီးသည်တွေအနေနဲ့ အစ္စရေးလ်ကိုရောက်တဲ့အချိန် နဲ့ ပြန်ထွက်မယ့်အချိန်မှာတော့ ကိုှဗစ် PCR စစ်ဆေးချက်၂ ကြိမ်လုပ်ရမှာပါ။

ပိုးကူးသူ ကမ္ဘာမှာအများဆုံးရှိတဲ့ အမေရိကန်မှာ ပိုးကူးသူအသစ်ရော သေဆုံးသူပါ ပုံမှန်ကျဆင်းလာနေပါတယ်။

ကပ်ရောဂါကြောင့် လူနာတွေကို ရှေ့တန်းကပြုစုကုသနေရတဲ့ ကမ္ဘာတဝန်းက ကျန်းမာရေးလုပ်သားတွေရဲ့ ကျန်းမာရေးလည်း ထိခိုက်နေရပြီး အသက်ပါဆုံးရှုံးနေရတာပါ။ ဒီကဏ္ဍမှာ လုပ်ကိုင်တဲ့သူတွေအနေနဲ့ လုပ်ငန်းခွင်မှာ ကျန်းမာဘေးကင်းစွား လိုက်နာဆောင်ရွက်ရမယ့် လမ်းညွှန်ချက်တွေကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO နဲ့ကမ္ဘာ့အလုပ်သမားအဖွဲ့ ILO တို့ပူးတွဲထုတ်ပြန်လိုက်ပါတယ်။ ကျန်းမာရေးလုပ်သားတွေရဲ့လုံခြုံရေးနဲ့ ကျန်းမာရေးအတွက် စနစ်ကောင်းတွေမရှိတာကြောင့် ကပ်ရောဂါဖြစ်လာပြီး ၁၈လ အတွင်း ကိုဗစ်နဲ့ သေဆုံးရသူ ကျန်းမာရေးဝန်ထမ်း တသိန်း တသောင်းခွဲရှိတယ်လို့ WHO ကျန်းမာရေးဝန်ထမ်းဆိုင်ရာဌာန ညွှန်ကြားရေးမှူး James Campbell ကပြောပါတယ်။

အမေရိကန် Johns Hopkinks ကိုဗစ်သုတေသနစစ်တမ်းအရ ဒီကနေ့မနက်ထိ ကမ္ဘာတဝန်းပိုးကူးခံရသူ ၄၂၄ သန်းကျော်နဲ့ သေဆုံးသူက ၆ သန်းဝန်းကျင်ရှိပါတယ်။

========

XS
SM
MD
LG